< 1 Corinthians 12 >

1 Now concerning spiritual things, brothers, I don’t want you to be ignorant.
ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-
2 You know that when you were heathen, you were led away to those mute idols, however you might be led.
သင်​တို့​သည်​ယုံ​ကြည်​သူ​မ​ဖြစ်​မီ​က စိတ် လှုပ်​ရှား​ရာ​သို့​လိုက်​ပါ​ကာ​လမ်း​လွဲ​လျက် သက်​မဲ့​ရုပ်​တု​များ​ကို​ကိုး​ကွယ်​ခဲ့​ကြ​ကြောင်း သင်​တို့​အ​သိ​ပင်​ဖြစ်​၏။-
3 Therefore I make known to you that no man speaking by God’s Spirit says, “Yeshua is accursed.” No one can say, “Yeshua is Lord,” but by the Holy Spirit.
အ​ဘယ်​သူ​မ​ဆို​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​ဦး​ဆောင်​မှု​ကို​ခံ​ယူ​ရ​ရှိ​လျှင် သ​ခင် ယေ​ရှု​အား​ကျိန်​စာ​မ​သင့်​စေ​နိုင်။ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို မ​ခံ​ယူ​မ​ရ​ရှိ​လျှင် ``ယေ​ရှု​သည်​အ​ရှင် သ​ခင်​ဖြစ်​ပါ​သည်'' ဟု​မည်​သူ​မျှ​ဝန်​မ​ခံ နိုင်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။
4 Now there are various kinds of gifts, but the same Spirit.
ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။-
5 There are various kinds of service, and the same Lord.
အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-
6 There are various kinds of workings, but the same God who works all things in all.
အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-
7 But to each one is given the manifestation of the Spirit for the profit of all.
အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။-
8 For to one is given through the Spirit the word of wisdom, and to another the word of knowledge according to the same Spirit,
ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။-
9 to another faith by the same Spirit, and to another gifts of healings by the same Spirit,
ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-
10 and to another workings of miracles, and to another prophecy, and to another discerning of spirits, to another different kinds of languages, and to another the interpretation of languages.
၁၀ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။-
11 But the one and the same Spirit produces all of these, distributing to each one separately as he desires.
၁၁သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။
12 For as the body is one and has many members, and all the members of the body, being many, are one body; so also is Messiah.
၁၂ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-
13 For in one Spirit we were all immersed into one body, whether Jews or Greeks, whether bond or free; and were all given to drink into one Spirit.
၁၃ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။
14 For the body is not one member, but many.
၁၄လူ​၏​ကိုယ်​ခန္ဓာ​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ် ခု​တည်း​ရှိ​သည်​မ​ဟုတ်။ အ​များ​ပင်​ရှိ​ပေ သည်။-
15 If the foot would say, “Because I’m not the hand, I’m not part of the body,” it is not therefore not part of the body.
၁၅ခြေ​က ``ငါ​သည်​လက်​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​ခြေ​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-
16 If the ear would say, “Because I’m not the eye, I’m not part of the body,” it’s not therefore not part of the body.
၁၆နား​က``ငါ​သည်​မျက်​စိ​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​နား​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-
17 If the whole body were an eye, where would the hearing be? If the whole were hearing, where would the smelling be?
၁၇ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။-
18 But now God has set the members, each one of them, in the body, just as he desired.
၁၈သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။-
19 If they were all one member, where would the body be?
၁၉အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​လျှင် ရှိ​ခဲ့​သော်​ကိုယ်​ခန္ဓာ​ဖြစ်​လာ​နိုင်​မည်​မ​ဟုတ်။-
20 But now they are many members, but one body.
၂၀အ​မှန်​အား​ဖြင့်​ဆို​သော်​အင်္ဂါ​အ​စိတ်​အ​ပိုင်း အ​များ​ရှိ​သော်​လည်း​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း သာ​ရှိ​သ​တည်း။
21 The eye can’t tell the hand, “I have no need for you,” or again the head to the feet, “I have no need for you.”
၂၁ထို​ကြောင့်​မျက်​စိ​က​လက်​အား ``သင့်​ကို​ငါ အ​လို​မ​ရှိ'' ဟု​မ​ဆို​နိုင်။ ဦး​ခေါင်း​က​လည်း ခြေ​အား ``သင့်​ကို​ငါ​အ​လို​မ​ရှိ'' ဟု​မ​ဆို နိုင်။-
22 No, much rather, those members of the body which seem to be weaker are necessary.
၂၂အား​နည်း​သော​လက္ခ​ဏာ​ရှိ​သော​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​မှာ​မ​ရှိ​လျှင်​မ​ဖြစ်။-
23 Those parts of the body which we think to be less honorable, on those we bestow more abundant honor; and our unpresentable parts have more abundant modesty,
၂၃ယုတ်​သည်​ဟု​ထင်​ရ​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​ပင်​ငါ​တို့​ဂ​ရု​စိုက်​ကြ​ရ​၏။ တင့်​တယ်​ခြင်း​မ​ရှိ​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​တင့်​တယ်​အောင်​မွမ်း​မံ​ကြ​ရ​၏။-
24 while our presentable parts have no such need. But God composed the body together, giving more abundant honor to the inferior part,
၂၄တင့်​တယ်​ပြီး​ဖြစ်​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​မူ​ကား​မွမ်း​မံ​နေ​စ​ရာ​မ​လို။ ဂုဏ် အ​သ​ရေ​လို​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့ ကို​ပို​၍​ဂုဏ်​အ​သ​ရေ​ရှိ​စေ​ရန်​ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ကိုယ်​ခန္ဓာ​ကို​စေ့​စပ် ပြု​ပြင်​ထား​တော်​မူ​၏။-
25 that there should be no division in the body, but that the members should have the same care for one another.
၂၅သို့​ဖြစ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ပြု​စု​လျက်​ရှိ​ပေ​သည်။-
26 When one member suffers, all the members suffer with it. When one member is honored, all the members rejoice with it.
၂၆အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။
27 Now you are the body of Messiah, and members individually.
၂၇သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။-
28 God has set some in the assembly: first emissaries, second prophets, third teachers, then miracle workers, then gifts of healings, helps, governments, and various kinds of languages.
၂၈ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-
29 Are all emissaries? Are all prophets? Are all teachers? Are all miracle workers?
၂၉သူ​တို့​အား​လုံး​ပင်​တ​မန်​တော်​များ​ဖြစ်​ကြ သ​လော။ သူ​တို့​အား​လုံး​ပင်​ပ​ရော​ဖက်​များ ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင်​ဆ​ရာ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် နိ​မိတ်​လက္ခ​ဏာ​ပြ​နိုင်​သူ​များ​ဖြစ်​ကြ သ​လော။-
30 Do all have gifts of healings? Do all speak with various languages? Do all interpret?
၃၀သူ​တို့​အား​လုံး​ပင်​အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​နိုင်​သော​တန်​ခိုး​ကို​ရ​ရှိ​သူ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို​နိုင်​သူ​များ ဖြစ်​ကြ​သ​လော။-
31 But earnestly desire the best gifts. Moreover, I show a most excellent way to you.
၃၁သို့​ဖြစ်​၍​သင်​တို့​သည်​ပို​၍​မြတ်​သည့်​ဆု ကျေး​ဇူး​များ​ကို​စွဲ​လမ်း​ကြ​လော့။ သို့​ရာ​တွင်​အ​မြတ်​ဆုံး​သော​ဆု​ကျေး​ဇူး ကို​ငါ​ဖော်​ပြ​မည်။

< 1 Corinthians 12 >