< Leviticus 22 >

1 The LORD spoke to Moses, saying,
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 “Tell Aaron and his sons to separate themselves from the holy things of the children of Israel, which they make holy to me, and that they not profane my holy name. I am the LORD.
အာရုန် နှင့် သူ ၏သား တို့သည် ငါ့ အဘို့ သန့်ရှင်း စေသောအရာအားဖြင့်၊ သန့်ရှင်း သော ငါ ၏ နာမ တော်ကို မ ရှုတ် မချဘဲ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာများနှင့် ကိုယ်ကိုကိုယ်ကွာ စေရမည် အကြောင်း ဆင့်ဆို လော့။ ငါ သည် ထာဝရဘုရား ဖြစ်၏။
3 “Tell them, ‘If anyone of all your offspring throughout your generations approaches the holy things which the children of Israel make holy to the LORD, having his uncleanness on him, that soul shall be cut off from before me. I am the LORD.
ထာဝရဘုရား အဘို့ ဣသရေလ အမျိုးသား သန့်ရှင်း စေသဖြင့် ၊ သန့်ရှင်း ခြင်းရှိသောအရာတို့ကို ၊ ကိုယ် မ စင်ကြယ်လျက် နှင့် ချဉ်းကပ် သော ယဇ်ပုရောဟိတ်အမျိုးသား မည်သည်ကား၊ ငါ့ ထံ မှ ပယ်ရှင်း ခြင်းကိုခံရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
4 “‘Whoever of the offspring of Aaron is a leper or has a discharge shall not eat of the holy things until he is clean. Whoever touches anything that is unclean by the dead, or a man who has a seminal emission,
နူနာ ၊ ရိနာ စွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ် မှီတိုင်အောင် သန့်ရှင်း သော အရာကို မ စား ရ။ အသေ ကောင်နှင့်ဆိုင်၍ မ သန့်ရှင်းသောအရာကို ထိ သောသူ၊ သုတ် ရည်ထွက် သော သူ၊
5 or whoever touches any creeping thing by which he may be made unclean, or a man from whom he may become unclean, whatever uncleanness he has—
ညစ်ညူး စေ၍ တွား တတ်သော တိရစ္ဆာန်ကိုထိ သော သူ ၊ ညစ်ညူး ခြင်းတစုံ တခုစွဲ၍ ညစ်ညူး သော သူ ၊ ထိုသို့သောသူ ကို ထိ သမျှသော သူ တို့သည်၊
6 the person that touches any such shall be unclean until the evening, and shall not eat of the holy things unless he bathes his body in water.
ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ် ကို ရေ မချိုးဘဲနေလျှင် ၊ သန့်ရှင်း သောအရာကို မ စား ရ။
7 When the sun is down, he shall be clean; and afterward he shall eat of the holy things, because it is his bread.
နေ ဝင် သောနောက်မှသန့်ရှင်း ခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်း သောအရာသည် သူ တို့ စားစရာ ဖြစ်သောကြောင့် ၊ ထို နောက်မှစား ရကြမည်။
8 He shall not eat that which dies of itself or is torn by animals, defiling himself by it. I am the LORD.
အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
9 “‘They shall therefore follow my commandment, lest they bear sin for it and die in it, if they profane it. I am the LORD who sanctifies them.
ယဇ်ပုရောဟိတ်တို့သည် ငါ့ ပညတ် တော်ကို ဖျက် သဖြင့် ၊ ကိုယ် အပြစ် ကိုခံ လျက် မ သေ ရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက် ရကြမည်။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ၏။
10 “‘No stranger shall eat of the holy thing: a foreigner living with the priests, or a hired servant, shall not eat of the holy thing.
၁၀တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း မ စား ရ။
11 But if a priest buys a slave, purchased by his money, he shall eat of it; and those who are born in his house shall eat of his bread.
၁၁ယဇ် ပုရောဟိတ်သည် ကိုယ် ငွေ နှင့် ဝယ် သောသူ၊ သူ ၏ အိမ် ၌မွေး သောသူသည် သူ ၏အစာ ကို စား ရမည်။
12 If a priest’s daughter is married to an outsider, she shall not eat of the heave offering of the holy things.
၁၂ယဇ်ပုရောဟိတ် သမီး သည် တပါး အမျိုးသား၏ မယားဖြစ် လျှင် ၊ သန့်ရှင်း သော ပူဇော် သက္ကာအရာကို မ စား ရ။
13 But if a priest’s daughter is a widow, or divorced, and has no child, and has returned to her father’s house as in her youth, she may eat of her father’s bread; but no stranger shall eat any of it.
၁၃သို့ရာတွင် လင် သေသော်၎င်း ၊ လင်နှင့်ကွာ သော်၎င်း၊ သား မ ရှိဘဲ မိမိ အဘ အိမ် သို့ ပြန် ၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ ၏အစာ ကို စား ရမည်။ တပါး အမျိုးသားမ စား ရ။
14 “‘If a man eats something holy unwittingly, then he shall add the fifth part of its value to it, and shall give the holy thing to the priest.
၁၄လူ သည် သန့်ရှင်း သောအရာကို မ သိဘဲ စား မိလျှင် ၊ စားမိသောအရာ၏ အဘိုးနှင့်တကွငါး စုတစု ကိုထပ် ၍ ယဇ်ပုရောဟိတ် အား ပေး ရမည်။
15 The priests shall not profane the holy things of the children of Israel, which they offer to the LORD,
၁၅ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော် ၍ ၊ သန့်ရှင်း သောအရာတို့ကို မ ရှုတ် မချရ။
16 and so cause them to bear the iniquity that brings guilt when they eat their holy things; for I am the LORD who sanctifies them.’”
၁၆ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။
17 The LORD spoke to Moses, saying,
၁၇တဖန် မောရှေ အား ထာဝရဘုရား က သင်သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို ရမည်မှာ၊
18 “Speak to Aaron, and to his sons, and to all the children of Israel, and say to them, ‘Whoever is of the house of Israel, or of the foreigners in Israel, who offers his offering, whether it is any of their vows or any of their free will offerings, which they offer to the LORD for a burnt offering:
၁၈ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊
19 that you may be accepted, you shall offer a male without defect, of the bulls, of the sheep, or of the goats.
၁၉စိတ် တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ် မပါသောသိုး ၊ ဆိတ် ၊ နွား အထီး ကို ပူဇော် ရမည်။
20 But you shall not offer whatever has a defect, for it shall not be acceptable for you.
၂၀အပြစ် ပါသောအကောင်ကို မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။
21 Whoever offers a sacrifice of peace offerings to the LORD to accomplish a vow, or for a free will offering of the herd or of the flock, it shall be perfect to be accepted. It shall have no defect.
၂၁သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ်၊ နွား ကို ထာဝရဘုရား အား ယဇ် ပူဇော် လိုလျှင် ၊ စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
22 You shall not offer what is blind, is injured, is maimed, has a wart, is festering, or has a running sore to the LORD, nor make an offering by fire of them on the altar to the LORD.
၂၂မျက်စိ ကန်းသောအပြစ်၊ အရိုးကျိုး သောအပြစ်၊ အင်္ဂါချို့တဲ့ သောအပြစ်၊ မြင်းဖု ရှိသောအပြစ်၊ ဝဲနာ ၊ ယားနာ စွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရား အား မ ပူဇော် ရ။ ယဇ် ပလ္လင်ပေါ် မှာ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာမ ပြု ရ။
23 Either a bull or a lamb that has any deformity or lacking in his parts, that you may offer for a free will offering; but for a vow it shall not be accepted.
၂၃သို့ရာတွင် အင်္ဂါ ပိုခြင်း၊ ချို့တဲ့ ခြင်း အပြစ်ရှိသောသိုး ၊ ဆိတ်၊ နွား ကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော် ရမည်။ သစ္စာ ဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။
24 You must not offer to the LORD that which has its testicles bruised, crushed, broken, or cut. You must not do this in your land.
၂၄ကြိတ် နယ် စုတ် ပြတ် ရာ အနာရှိသော အထီးကို ထာဝရဘုရား အား မ ပူဇော် ရ။ သင် တို့ပြည် ၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမ ပြု ရ။
25 You must not offer any of these as the bread of your God from the hand of a foreigner, because their corruption is in them. There is a defect in them. They shall not be accepted for you.’”
၂၅ထိုသို့သောအကောင်ကို တပါး အမျိုးသားဆက် သော်လည်း ပျက် သောအပြစ် ပါသောကြောင့် ၊ သင် တို့၏ ဘုရား သခင့်ပွဲတော် ဘို့ မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့ဟု မိန့် တော်မူ၏။
26 The LORD spoke to Moses, saying,
၂၆တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
27 “When a bull, a sheep, or a goat is born, it shall remain seven days with its mother. From the eighth day on it shall be accepted for the offering of an offering made by fire to the LORD.
၂၇သိုး ၊ ဆိတ် ၊ နွား တို့သည် မွေးဘွား သောအခါ ခုနစ် ရက် အတွင်းတွင် သားငယ်ကို အမိ နှင့် မကွာစေရ။ အဋ္ဌမ နေ့ မှစ၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော် သက္ကာဘို့ တော်သင့် ၏။
28 Whether it is a cow or ewe, you shall not kill it and its young both in one day.
၂၈နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ သား အမိနှစ်ကောင်ကို တ နေ့ခြင်းတွင် မ သတ် ရ။
29 “When you sacrifice a sacrifice of thanksgiving to the LORD, you shall sacrifice it so that you may be accepted.
၂၉ကျေးဇူး တော်ဝန်ခံရာယဇ် ကို ထာဝရဘုရား အား ပူဇော် လိုလျှင် ၊ စိတ် တော်နှင့်တွေ့ခြင်းငှါ ပူဇော် လော့။
30 It shall be eaten on the same day; you shall leave none of it until the morning. I am the LORD.
၃၀တနေ့ ခြင်းတွင် စား ရမည်။ နက်ဖြန်နေ့ တိုင်အောင် မ ကြွင်း စေရ။ ငါ သည်ထာဝရဘုရား ဖြစ်၏။
31 “Therefore you shall keep my commandments, and do them. I am the LORD.
၃၁သင်တို့သည် ငါ့ ပညတ် တို့ကိုကျင့်စောင့် ရကြမည်။ ငါ သည်ထာဝရဘုရား ဖြစ်၏။
32 You shall not profane my holy name, but I will be made holy amongst the children of Israel. I am the LORD who makes you holy,
၃၂သန့်ရှင်း သောငါ ၏နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရားသန့်ရှင်း တော်မူသည်ဟု ဣသရေလ အမျိုးသား တို့သည် ထင်မှတ်ရကြမည်။
33 who brought you out of the land of Egypt, to be your God. I am the LORD.”
၃၃ငါ သည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍၊ သန့်ရှင်း စေသောထာဝရဘုရား ဖြစ်၏။ ငါ သည်ထာဝရဘုရား ဖြစ်သည်ဟုမိန့် တော်မူ၏။

< Leviticus 22 >