< Ezekiel 32 >

1 In the twelfth year, in the twelfth month, in the first day of the month, “the LORD’s word came to me, saying,
သက္ကရာဇ် တဆယ် နှစ် ခု၊ ဒွါဒသမ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 ‘Son of man, take up a lamentation over Pharaoh king of Egypt, and tell him, “You were likened to a young lion of the nations; yet you are as a monster in the seas. You broke out with your rivers, and troubled the waters with your feet, and fouled their rivers.”
အချင်းလူသား ၊ သင်သည်အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းအတွက် မြည်တမ်း ခြင်းကိုပြု၍ ပြောဆို ရမည်မှာ၊ သင်သည်လူမျိုး တို့တွင် ခြင်္သေ့ပျို ကဲ့သို့ ဖြစ်၏။ အိုင် ၌ နေသောမိကျောင်း ကဲ့သို့ လည်းဖြစ်၍၊ မြစ် တို့ကို ကူး သွားလျက် ၊ ခြေ ဖြင့် ရေ ကိုလှုပ်ရှား လျက် မြစ် ရေကို နောက် စေ၏။
3 The Lord GOD says: “I will spread out my net on you with a company of many peoples. They will bring you up in my net.
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမျိုး များ စုဝေး လျက်၊ ငါသည် ပိုက်ကွန် နှင့်သင့် ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန် နှင့်တကွသင့် ကို ဆွဲယူ ကြလိမ့်မည်။
4 I will leave you on the land. I will cast you out on the open field, and will cause all the birds of the sky to settle on you. I will satisfy the animals of the whole earth with you.
ငါသည် သင့် ကိုကုန်း ပေါ်မှာ တင် ၍ လွင်ပြင် ၌ ပစ် ထားမည်။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့ကို သင့် အပေါ်မှာ နား စေမည်။ မြေ သားအပေါင်း တို့ကို ဝ စွာ ကျွေးမည်။
5 I will lay your flesh on the mountains, and fill the valleys with your height.
သင့် အသား ကို တောင် တို့အပေါ်၌ ငါခင်း မည်။ ချိုင့် တို့ကို သင့် ကိုယ်နှင့် ပြည့် စေမည်။
6 I will also water the land in which you swim with your blood, even to the mountains. The watercourses will be full of you.
သင် မှ ယို သော အသွေး ဖြင့် မြေ ကိုတောင်ထိပ် တိုင်အောင် စို စေမည်။ မြစ် တို့သည် သင့် အသွေးနှင့် ပြည့် ကြလိမ့်မည်။
7 When I extinguish you, I will cover the heavens and make its stars dark. I will cover the sun with a cloud, and the moon won’t give its light.
သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။
8 I will make all the bright lights of the sky dark over you, and set darkness on your land,” says the Lord GOD.
သင့်အထက်၊ မိုဃ်း ကောင်းကင်၌ ထွန်းလင်း သော အလင်း အိမ် အလုံးစုံ တို့ကို မိုက် စေ၍၊ သင့် ပြည် ကို မှောင်မိုက် နှင့် ဖုံးလွှမ်း မည်။
9 “I will also trouble the hearts of many peoples, when I bring your destruction amongst the nations, into the countries which you have not known.
သင်မ သိ ဘူးသော အတိုင်းတိုင်း အပြည်ပြည် တို့ တွင် သင် ပျက်စီး ခြင်းအကြောင်းကို ငါ ကြား စေသောအခါ ၊ လူမျိုး များ တို့ကို စိတ် ပူပန် စေမည်။
10 Yes, I will make many peoples amazed at you, and their kings will be horribly afraid for you, when I brandish my sword before them. They will tremble at every moment, every man for his own life, in the day of your fall.”
၁၀အကယ်စင်စစ်သင့် အမှုကြောင့် လူမျိုး များ တို့ကို ငါမိန်းမော တွေဝေစေမည်။ ငါသည် ရှင်ဘုရင် တို့ ရှေ့မှာထား နှင့်ရွယ် သောအခါ ၊ သူတို့သည် သင့် အမှု ကြောင့် အလွန်ထိတ်လန့် ကြလိမ့်မည်။ သင် ဆုံးရှုံး သောနေ့ ၌ သူတို့သည် အသီးအသီး မိမိ တို့အသက် ကြောင့် ခဏခဏ စိုးရိမ် တုန်လှုပ်ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11 For the Lord GOD says: “The sword of the king of Babylon will come on you.
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သည် သင့် အပေါ်သို့ရောက် လိမ့်မည်။
12 I will cause your multitude to fall by the swords of the mighty. They are all the ruthless of the nations. They will bring the pride of Egypt to nothing, and all its multitude will be destroyed.
၁၂ခွန်အား ကြီးသောသူ၊ ကြောက်မက် ဘွယ်သော လူမျိုး အပေါင်း တို့ဖြင့် သင် ၏အလုံးအရင်း ကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တု မာန ကို နှိမ့်ချ ၍၊ ပြည်သားအလုံးအရင်း ရှိသမျှ ကို ဖျက်ဆီး ကြလိမ့်မည်။
13 I will destroy also all its animals from beside many waters. The foot of man won’t trouble them any more, nor will the hoofs of animals trouble them.
၁၃များစွာ သော ရေ အနားမှာ ကျက်စားသမျှ သောတိရစ္ဆာန် တို့ကိုလည်း ငါပယ်ရှင်း မည်။ နောက် တဖန် လူ ခြေ နှင့် တိရစ္ဆာန် ခြေ သည် ထိုရေကို မ နောက် စေရ။
14 Then I will make their waters clear, and cause their rivers to run like oil,” says the Lord GOD.
၁၄ထိုရေ ကို ငါကြည် စေ၍ မြစ် ရေသည် ဆီ ကဲ့သို့ စီး စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 “When I make the land of Egypt desolate and waste, a land destitute of that of which it was full, when I strike all those who dwell therein, then they will know that I am the LORD.
၁၅ငါ သည် အဲဂုတ္တု ပြည် ၌ ဥစ္စာ ရှိသမျှကို ကုန် စေခြင်းငှါသုတ်သင် ပယ်ရှင်း၍၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ဒဏ်ခတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
16 “‘“This is the lamentation with which they will lament. The daughters of the nations will lament with this. They will lament with it over Egypt, and over all her multitude,” says the Lord GOD.’”
၁၆ဤ ရွေ့ကား၊ အဲဂုတ္တု ပြည်အတွက် ပြုရသော မြည်တမ်း ခြင်းတည်း။ အမျိုးမျိုး သော သတို့သမီး တို့ သည်လည်း မြည်တမ်း ၍၊ အဲဂုတ္တု ပြည်နှင့် ပြည်သားအလုံးအရင်း ရှိသမျှ တို့အတွက် မြည်တမ်း ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 Also in the twelfth year, in the fifteenth day of the month, the LORD’s word came to me, saying,
၁၇သက္ကရာဇ် တဆယ် နှစ် ၊ ပဌမလတဆယ် ငါး ရက် နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
18 “Son of man, wail for the multitude of Egypt, and cast them down, even her and the daughters of the famous nations, to the lower parts of the earth, with those who go down into the pit.
၁၈အချင်းလူသား ၊ အဲဂုတ္တု ပြည်သားအလုံးအရင်း အတွက် မြည်တမ်း ခြင်းကို ပြုလော့။ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နေရာ မြေ အောက် အရပ်သို့ တိုင်အောင် ၊ ကျော်စော သောလူမျိုး သတို့သမီး တို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊
19 Whom do you pass in beauty? Go down, and be laid with the uncircumcised.
၁၉သင်သည် သူတပါး ထက် သာ၍လှ သလော။ အရေဖျား လှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာ ကျလော့။
20 They will fall amongst those who are slain by the sword. She is delivered to the sword. Draw her away with all her multitudes.
၂၀ထား ဘေး၌ အပ် သည်ဖြစ်၍၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ ၍သေရသောကြောင့်၊ သူ ကိုယ်တိုင်မှစ၍သူ ၏ လူအလုံးအရင်း ရှိသမျှ တို့ကို ဆွဲ ကြလော့။
21 The strong amongst the mighty will speak to him out of the middle of Sheol with those who help him. They have gone down. The uncircumcised lie still, slain by the sword. (Sheol h7585)
၂၁ခွန်အား အကြီးဆုံးသော သူရဲ တို့သည် မရဏာ နိုင်ငံထဲက သူ နှင့် သူ ၏အခြံအရံ တို့ကို နှုတ်ဆက် ကြ လိမ့်မည်။ သူတို့သည်လည်း ဆင်း သွားကြပြီ။ ထား နှင့်သေ ၍၊ အရေဖျား လှီးခြင်းမခံသော အဖြစ်၌လဲ နေလျက် ရှိကြ၏။ (Sheol h7585)
22 “Asshur is there with all her company. Her graves are all around her. All of them are slain, fallen by the sword,
၂၂ထို အရပ်၌ အာရှုရ နှင့်သူ ၏ လူ အလုံးအရင်းအပေါင်း လည်း ရှိကြ၏။ သူတို့သည် ထား ဖြင့် သေ ၍ လဲ နေလျက်၊ ပတ်လည် အရပ်ရပ်တို့၌ သူ တို့သင်္ချိုင်း များ ရှိကြ၏။
23 whose graves are set in the uttermost parts of the pit, and her company is around her grave, all of them slain, fallen by the sword, who caused terror in the land of the living.
၂၃ထိုသင်္ချိုင်း တို့သည် ဥမင် အတွင်း အနားမှာ စီ လျက်၊ မင်းသင်္ချိုင်း ၌ ပတ်လည် ခြံရံလျက် ရှိ ကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူ ရှိသမျှ တို့သည် ထား ဖြင့် သေ ၍လဲ နေကြ၏။
24 “There is Elam and all her multitude around her grave; all of them slain, fallen by the sword, who have gone down uncircumcised into the lower parts of the earth, who caused their terror in the land of the living, and have borne their shame with those who go down to the pit.
၂၄ထို အရပ်၌ ဧလံ နှင့်သူ ၏ သင်္ချိုင်း ပတ်လည် ၌ သူ ၏လူ အလုံးအရင်းရှိသမျှ တို့သည် ထား ဖြင့် သေ ၍ လဲ လျက်ရှိကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း၊ အရေဖျား လှီး ခြင်းကိုမခံသော လူဖြစ်၍မြေ အောက် အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ ၊ အရှက်ကွဲ လျက် သေသောသူတို့နှင့်အတူနေရာကျ ကြ၏။
25 They have made Elam a bed amongst the slain with all her multitude. Her graves are around her, all of them uncircumcised, slain by the sword; for their terror was caused in the land of the living, and they have borne their shame with those who go down to the pit. He is put amongst those who are slain.
၂၅မိမိ အလုံးအရင်း နှင့် အိပ် ၍သူ တို့ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ ရှိကြ၏။ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောလူဖြစ်၍ထား ဖြင့် သေ ကြ ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း ၊ မြေတွင်း ထဲသို့ ဆင်း သွား သောသူတို့ နှင့်အတူ အရှက်ကွဲ သဖြင့် ၊ သေ သောသူတို့နှင့်အတူ နေရာ ကျကြ၏။
26 “There is Meshech, Tubal, and all their multitude. Their graves are around them, all of them uncircumcised, slain by the sword; for they caused their terror in the land of the living.
၂၆ထို အရပ်၌ မိမိ အလုံးအရင်း ရှိသမျှ တို့နှင့်အတူ မေရှက် လည်း ရှိ၏။ တုဗလ လည်းရှိ၏။ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ရှိကြ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကိုကြောက် စေတတ်သော်လည်း ၊ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်၍ ထား ဖြင့် သေ လျက်နေကြ၏။
27 They will not lie with the mighty who are fallen of the uncircumcised, who have gone down to Sheol with their weapons of war and have laid their swords under their heads. Their iniquities are on their bones; for they were the terror of the mighty in the land of the living. (Sheol h7585)
၂၇သူတို့သည် ရှေးကာလ၌ လဲ ၍သေသော၊ အရေဖျား လှီးခြင်းကို မခံသော လူကြီး တို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မ ဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင် သောသူတို့၏ နေရာ ၌ လူကြီး တို့ကို ကြောက် စေတတ်သော်လည်း ၊ စစ်တိုက် လက်နက် ပါလျက် မရဏာ နိုင်ငံထဲသို့ဆင်း သွား၍ ၊ မိမိ ထား ကို မိမိ ခေါင်း အောက်မှာ ထား လျက်၊ မိမိ တို့အရိုး ပေါ်မှာ မိမိ တို့ အပြစ် တည် လျက် ရှိကြ၏။ (Sheol h7585)
28 “But you will be broken amongst the uncircumcised, and will lie with those who are slain by the sword.
၂၈သင် သည်လည်း၊ အရေဖျား လှီးခြင်းကိုမခံသော လူတို့အလယ် ၌ ကျိုးပျက် ၍ ၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ လျက်နေရလိမ့်မည်။
29 “There is Edom, her kings, and all her princes, who in their might are laid with those who are slain by the sword. They will lie with the uncircumcised, and with those who go down to the pit.
၂၉ထို အရပ်၌ ဧဒုံ လည်းရှိ၏။ ဧဒုံ ရှင်ဘုရင် နှင့် မှူး တော် မတ်တော်တို့သည် မိမိ တို့တန်ခိုး ပါလျက်၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ နေရာ ကျ၍၊ အရေဖျား လှီးခြင်းကို မခံသောလူ၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ အိပ် ရကြ၏။
30 “There are the princes of the north, all of them, and all the Sidonians, who have gone down with the slain. They are put to shame in the terror which they caused by their might. They lie uncircumcised with those who are slain by the sword, and bear their shame with those who go down to the pit.
၃၀ထို အရပ်၌ မြောက် ပြည်မင်း ၊ ဇိဒုန် မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုး ကို ရှက် လျက်၊ ထိတ်လန့် လျက် သေ သောသူတို့နှင့်အတူ ဆင်း သွားကြပြီ။ ထား ဖြင့် သေ သောသူတို့နှင့်အတူ အရေဖျား လှီးခြင်းကို မခံသော လူဖြစ်၍ အိပ် ကြ၏။ မြေတွင်း ထဲသို့ ဆင်းသက် သောသူတို့ နှင့်အတူအရှက်ကွဲ လျက် နေကြ၏။
31 “Pharaoh will see them and will be comforted over all his multitude, even Pharaoh and all his army, slain by the sword,” says the Lord GOD.
၃၁ဖါရော ဘုရင်သည် ထိုလူ များကိုမြင် ၍ ၊ ထား ဖြင့် သေ သော မိမိ လူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သောစိတ် လျော့၍၊ ဖာရော ဘုရင်နှင့် မိမိ ဗိုလ်ခြေ အပေါင်း တို့သည် သက်သာ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
32 “For I have put his terror in the land of the living. He will be laid amongst the uncircumcised, with those who are slain by the sword, even Pharaoh and all his multitude,” says the Lord GOD.
၃၂အသက်ရှင် သောသူတို့ ၏နေရာ ၌ သူသည် သူတပါးတို့ကို ကြောက် စေသောအခွင့်ကို ငါပေးသော်လည်း ၊ ဖာရော ဘုရင်နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ တို့ သည် ထား ဖြင့် သေ သောသူတို့နှင့်အတူ ၊အရေဖျား လှီးခြင်းကိုမခံသောလူတို့အလယ် ၌ လဲ ၍ နေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

< Ezekiel 32 >