< 1 Thessalonians 4 >
1 Finally then, brothers, we beg and exhort you in the Lord Yeshua, that as you received from us how you ought to walk and to please God, that you abound more and more.
၁ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
2 For you know what instructions we gave you through the Lord Yeshua.
၂သင်တို့အဘယ်သို့ပြုကျင့်ရမည်နှင့်ပတ် သက်၍ သခင်ယေရှုပေးအပ်ထားသည့် အခွင့်အာဏာအရ၊ သင်တို့အားငါတို့ ညွှန်ကြားထားသည့်အချက်များကိုသင် တို့သိကြ၏။-
3 For this is the will of God: your sanctification, that you abstain from sexual immorality,
၃ဘုရားသခင်သည်သင်တို့အားသန့်ရှင်း မြင့်မြတ်ကြစေရန်နှင့် ကာမဂုဏ်လွန်ကူး မှုနှင့်လုံးဝကင်းကြစေရန်အလိုရှိတော် မူ၏။-
4 that each one of you know how to control his own body in sanctification and honour,
၄အမျိုးသားတိုင်းပင်သန့်ရှင်းဖြူစင်တင့်တယ် လျောက်ပတ်စွာမိမိ၏ဇနီးနှင့်ပေါင်းသင်း နေထိုင်တတ်ရမည်။-
5 not in the passion of lust, even as the Gentiles who don’t know God,
၅ဘုရားသခင်ကိုမကိုးကွယ်သူတို့ကဲ့သို့ ကိလေသာစိတ်၏အလိုသို့မလိုက်ရ။-
6 that no one should take advantage of and wrong a brother or sister in this matter; because the Lord is an avenger in all these things, as also we forewarned you and testified.
၆ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-
7 For God called us not for uncleanness, but in sanctification.
၇ဘုရားသခင်သည်ငါတို့အားကာမဂုဏ်လိုက် စားမှု၌ မွေ့လျော်စေရန်ခေါ်ယူရွေးကောက်တော် မူသည်မဟုတ်။ သန့်ရှင်းဖြူစင်စွာပြုမူကျင့် ကြံနေထိုင်ကြစေရန်ခေါ်ယူရွေးကောက်တော် မူပေသည်။-
8 Therefore he who rejects this doesn’t reject man, but God, who has also given his Holy Spirit to you.
၈သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။
9 But concerning brotherly love, you have no need that one write to you. For you yourselves are taught by God to love one another,
၉ယုံကြည်သူအချင်းချင်းချစ်ကြစေရန်သင် တို့ကိုဘုရားသခင်သွန်သင်တော်မူခဲ့သဖြင့် သင်တို့အချင်းချင်းချစ်ရမည်အကြောင်းနှင့် ပတ်သက်၍ရေးသားရန်မလို။-
10 for indeed you do it towards all the brothers who are in all Macedonia. But we exhort you, brothers, that you abound more and more;
၁၀အမှန်စင်စစ်သင်တို့သည်မာကေဒေါနိပြည် တစ်ပြည်လုံးရှိခရစ်ယာန်ညီအစ်ကိုတို့အား ချစ်ခဲ့ကြလေပြီ။ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်ထိုထက်မကပိုမိုချစ်ကြရန် ငါတို့တိုက်တွန်း၏။-
11 and that you make it your ambition to lead a quiet life, and to do your own business, and to work with your own hands, even as we instructed you,
၁၁သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-
12 that you may walk properly towards those who are outside, and may have need of nothing.
၁၂ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။
13 But we don’t want you to be ignorant, brothers, concerning those who have fallen asleep, so that you don’t grieve like the rest, who have no hope.
၁၃ညီအစ်ကိုတို့၊ သေလွန်ပြီးနောက်မျှော်လင့်စရာ မရှိသူတို့ကဲ့သို့ သင်တို့ဝမ်းနည်းကြေကွဲမှု မဖြစ်ကြစေရန် ငါတို့သည်သေလွန်သူများ နှင့်ပတ်သက်၍သင်တို့အားအမှန်တရားကို သိစေလို၏။-
14 For if we believe that Yeshua died and rose again, even so God will bring with him those who have fallen asleep in Yeshua.
၁၄သခင်ယေရှုသည်အသေခံတော်မူပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ဟုငါတို့ယုံကြည် သောကြောင့် ဘုရားသခင်သည်ကိုယ်တော်ကိုယုံ ကြည်လျက်သေလွန်သွားကုန်သောသူတို့အား ထိုအရှင်နှင့်အတူမိမိထံတော်သို့ပြန်၍ ခေါ်ဆောင်သွားတော်မူလိမ့်မည်ဟုငါတို့ ယုံကြည်ကြပေသည်။
15 For this we tell you by the word of the Lord, that we who are alive, who are left until the coming of the Lord, will in no way precede those who have fallen asleep.
၁၅သခင်ဘုရားသွန်သင်တော်မူချက်ကိုယခု ငါတို့ဖော်ပြပေအံ့။ သခင်ဘုရားကြွလာတော် မူသောနေ့၌အသက်ရှင်လျက်ရှိကြသူငါတို့ သည်သေလွန်သူတို့ထက်အလျင်ရောက်ကြလိမ့် မည်မဟုတ်။-
16 For the Lord himself will descend from heaven with a shout, with the voice of the archangel and with God’s shofar. The dead in Messiah will rise first,
၁၆ကြွေးကြော်အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း ၏ဟစ်သံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူလိမ့် မည်။ ခရစ်တော်ကိုယုံကြည်၍သေလွန်သူများ သည်ဦးစွာရှင်ပြန်ထမြောက်ကြလိမ့်မည်။-
17 then we who are alive, who are left, will be caught up together with them in the clouds to meet the Lord in the air. So we will be with the Lord forever.
၁၇ထိုနောက်အသက်ရှင်လျက်ကျန်ရစ်သောငါတို့ သည်အာကာသတွင်သေလွန်သူတို့နှင့်အတူ သခင်ဘုရားနှင့်တွေ့ဆုံရန်မိုးကောင်းကင်သို့ ယူဆောင်ခြင်းကိုခံရကြလိမ့်မည်။ ဤနည်း အားဖြင့်ငါတို့သည်သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြပေအံ့။-
18 Therefore comfort one another with these words.
၁၈သို့ဖြစ်၍ဤစကားများအားဖြင့်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်အားပေးကြလော့။