< 1 Peter 2 >

1 Putting away therefore all wickedness, all deceit, hypocrisies, envies, and all evil speaking,
သို့​ဖြစ်​၍​သင်​တို့​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး နှင့်​လှည့်​ဖြား​မှု၊ ဟန်​ဆောင်​မှု၊ မ​နာ​လို​မှု​နှင့် ဆဲ​ရေး​တိုင်း​ထွာ​မှု​တို့​ကို​ပယ်​ရှား​ကြ​လော့။-
2 as newborn babies, long for the pure spiritual milk, that with it you may grow,
မွေး​စ​က​လေး​သူ​ငယ်​ကဲ့​သို့​ဝိ​ညာဉ်​နို့​ရည် စစ်​ကို​အ​မြဲ​လို​လား​တောင့်​တ​ကြ​လော့။ သို့ မှ​သာ​သင်​တို့​သည်​ကြီး​ထွား​၍​ကယ်​တင် ခြင်း​ခံ​ရ​လိမ့်​မည်။-
3 if indeed you have tasted that the Lord is gracious.
ကျမ်း​စာ​တော်​က``ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တော်​မူ​တတ်​ကြောင်း​ကို သင်​တို့​ကိုယ်​တိုင်​သိ​ရှိ​ကြ​၏'' ဟု​ဆို​သည် နှင့်​အ​ညီ​ဖြစ်​၏။
4 Come to him, a living stone, rejected indeed by men, but chosen by God, precious.
သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ထံ​တော် သို့​လာ​ကြ​လော့။ ထို​သ​ခင်​သည်​သက်​ရှိ​ကျောက် ဖြစ်​တော်​မူ​၏။ ထို​ကျောက်​သည်​အ​ဖိုး​မ​တန် ဟု​ဆို​၍ လူ​တို့​ပစ်​ပယ်​ခံ​ရ​သော်​လည်း​ဘု​ရား သ​ခင်​၏​ရွေး​ချယ်​ခံ​အ​ဖိုး​တန်​ကျောက်​ဖြစ် တော်​မူ​၏။-
5 You also as living stones are built up as a spiritual house, to be a holy priesthood, to offer up spiritual sacrifices, acceptable to God through Yeshua the Messiah.
သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-
6 Because it is contained in Scripture, “Behold, I lay in Zion a chief cornerstone, chosen and precious. He who believes in him will not be disappointed.”
အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ငါ​သည်​အ​ဖိုး​တန်​ကျောက်​တစ်​လုံး​ကို ရွေး​ချယ်​၍၊ ဇိ​အုန်​တောင်​ပေါ်​မှာ​ထောင့်​ချုပ်​ကျောက်​အ​ဖြစ် ချ​ထား​၏။ မည်​သူ​မ​ဆို​ထို​အ​ရှင်​ကို​ယုံ​ကြည်​လျှင် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​ဖြစ်​၏။
7 For you who believe therefore is the honour, but for those who are disobedient, “The stone which the builders rejected has become the chief cornerstone,”
ယုံ​ကြည်​သူ​တို့​အ​ဖို့​ထို​ကျောက်​သည်​တန်​ဖိုး ရှိ​၏။ မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ၊ ``တိုက်​တည်​ဆောက်​သူ​တို့​ပယ်​ထား​သော ကျောက်​သည် အ​ရေး​ကြီး​သော​ထောင့်​ကျောက်​ဖြစ်​လာ​ရ​၏'' ဟု​ဖော်​ပြ​၏။
8 and, “a stumbling stone and a rock of offence.” For they stumble at the word, being disobedient, to which also they were appointed.
အ​ခြား​ကျမ်း​တစ်​ပုဒ်​တွင်၊ ``ထို​ကျောက်​သည်​လူ​တို့​အား​ခ​လုတ်​ထိ​စေ​၍ ပြို​လဲ​စေ​သော​ကျောက်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ သူ​တို့​သည်​နှုတ်​က​ပတ်​တော် ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့်​ခ​လုတ်​ထိ​ရ​ကြ​၏။ ဤ​ကား​ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ပင်​ဖြစ်​သ​တည်း။
9 But you are a chosen race, a royal priesthood, a holy nation, a people for God’s own possession, that you may proclaim the excellence of him who called you out of darkness into his marvellous light.
သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-
10 In the past, you were not a people, but now are God’s people, who had not obtained mercy, but now have obtained mercy.
၁၀အ​ခါ​တစ်​ပါး​က​ဘု​ရား​သ​ခင်​၏​လူ​စု​တော် မ​ဟုတ်​သူ​သင်​တို့​သည်​ယ​ခု​အ​ခါ​ကိုယ်​တော် ၏​လူ​စု​တော်​ဖြစ်​ကြ​ပြီ။ အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​မ​သိ​ရ​ကြ။ ယ​ခု​မှာ​မူ​ကိုယ်​တော်​၏ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​လေ​ပြီ။
11 Beloved, I beg you as foreigners and pilgrims to abstain from fleshly lusts which war against the soul,
၁၁ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။-
12 having good behaviour amongst the nations, so in that of which they speak against you as evildoers, they may see your good works and glorify God in the day of visitation.
၁၂မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။
13 Therefore subject yourselves to every ordinance of man for the Lord’s sake: whether to the king, as supreme,
၁၃သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ လူ​အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​၏​အုပ်​စိုး​ခြင်း ကို​ဝန်​ခံ​ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊-
14 or to governors, as sent by him for vengeance on evildoers and for praise to those who do well.
၁၄ဘု​ရင်​ခံ​များ​အား​လူ​ဆိုး​တို့​ကို​အ​ပြစ်​ပေး ရန်​နှင့်၊ လူ​ကောင်း​တို့​ကို​ချီး​မြှင့်​ရန်​ဘု​ရင် ဧ​က​ရာဇ်​ခန့်​ထား​သော​သူ​များ​အ​ဖြစ်​ဖြင့် လည်း​ကောင်း​လက်​ခံ​ကြ​လော့။-
15 For this is the will of God, that by well-doing you should put to silence the ignorance of foolish men.
၁၅သင်​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​ကောင်း​အား​ဖြင့် အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​လူ​မိုက်​တို့​၏​နှုတ်​ကို ပိတ်​ရန်​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​တော်​မူ​၏။-
16 Live as free people, yet not using your freedom for a cloak of wickedness, but as bondservants of God.
၁၆သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။-
17 Honour all men. Love the brotherhood. Fear God. Honour the king.
၁၇ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။
18 Servants, be in subjection to your masters with all respect, not only to the good and gentle, but also to the wicked.
၁၈အ​စေ​ခံ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ​၏ အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ရ​ကြ​မည်။ စိတ်​ကောင်း​ရှိ​၍ ညှာ​တာ​ထောက်​ထား​တတ်​သော​သ​ခင်​များ​ကို သာ​မ​ဟုတ်၊ ကြမ်း​ယုတ်​သော​သ​ခင်​တို့​ကို လည်း​အ​လွန်​ကြောက်​ရွံ့​ရို​သေ​ကြ​လော့။-
19 For it is commendable if someone endures pain, suffering unjustly, because of conscience towards God.
၁၉သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို သိ​သ​ဖြင့် မိ​မိ​တို့​မ​ခံ​ထိုက်​သော​ဆင်း​ရဲ​ဒုက္ခ များ​ကို​မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-
20 For what glory is it if, when you sin, you patiently endure beating? But if when you do well, you patiently endure suffering, this is commendable with God.
၂၀သင်​တို့​သည်​မိ​မိ​တို့​ပြု​မိ​သည့်​အ​မှား​များ အ​တွက်​ခံ​ထိုက်​သော​အ​ပြစ်​များ​ကို​မ​ညည်း မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ သင်​တို့​အား​အ​ဘယ်​သို့ လျှင်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​ရာ​တွင် အ​မှန်​ကို​ပြု​လျက်​ဒုက္ခ​ဆင်း​ရဲ​ကို​ခံ​ရ​သော အ​ခါ မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-
21 For you were called to this, because Messiah also suffered for us, leaving you an example, that you should follow his steps,
၂၁ဤ​နည်း​အ​တိုင်း​ပြု​မူ​စေ​ရန်​သင်​တို့​အား ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​ခြင်း​ဖြစ်​ပေ သည်။ ခ​ရစ်​တော်​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​တွက်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​၍ ခြေ​တော် ရာ​ကို​သင်​တို့​လိုက်​လျှောက်​နိုင်​စေ​ရန်​စံ​န​မူ နာ​ထား​ခဲ့​ပြီ။-
22 who didn’t sin, “neither was deceit found in his mouth.”
၂၂ကိုယ်​တော်​သည်​အ​ပြစ်​မ​ကူး၊ မု​သား​ကို လည်း​အ​ဘယ်​အ​ခါ​၌​မျှ​သုံး​တော်​မ​မူ။-
23 When he was cursed, he didn’t curse back. When he suffered, he didn’t threaten, but committed himself to him who judges righteously.
၂၃မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-
24 He himself bore our sins in his body on the tree, that we, having died to sins, might live to righteousness. You were healed by his wounds.
၂၄ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။-
25 For you were going astray like sheep; but now you have returned to the Shepherd and Overseer of your souls.
၂၅သင်​တို့​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ခဲ့​ကြ သော်​လည်း ယ​ခု​အ​ခါ​၌​သင်​တို့​၏​ဝိ​ညာဉ် တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော အ​ရှင့်​သိုး​ထိန်း​ကြီး​ထံ​သို့​ပြန်​လည်​ရောက် ရှိ​ကြ​လေ​ပြီ။

< 1 Peter 2 >