< Genesis 12 >

1 Now Yahweh said to Abram, “Leave your country, and your relatives, and your father’s house, and go to the land that I will show you.
ထာဝရဘုရား သည်လည်း အာဗြံ ကို ခေါ် တော်မူ၍၊ သင် ၏ပြည် နှင့်တကွ အမျိုးသား ချင်းပေါက်ဘော် များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွားလော့။
2 I will make of you a great nation. I will bless you and make your name great. You will be a blessing.
ငါသည် သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။ ငါ ကောင်းကြီး ပေး၍ သင် ၏နာမ ကို ကြီးမြတ် စေမည်။ သင် သည် ကောင်းကြီး ခံရသောသူဖြစ် လိမ့်မည်။
3 I will bless those who bless you, and I will curse him who treats you with contempt. All the families of the earth will be blessed through you.”
သင့် ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့် ကို ကျိန်ဆဲ သောသူကို ငါကျိန်ဆဲ မည်။ သင် အားဖြင့် လည်း လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4 So Abram went, as Yahweh had told him. Lot went with him. Abram was seventy-five years old when he departed from Haran.
ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အာဗြံ ထွက်သွား ၍ လောတ လည်းလိုက် လေ၏။ အာဗြံ သည် ခါရန် မြို့မှ ထွက်သွား သောအခါ အသက် ခုနစ် ဆယ်ငါး နှစ် ရှိ၏။
5 Abram took Sarai his wife, Lot his brother’s son, all their possessions that they had gathered, and the people whom they had acquired in Haran, and they went to go into the land of Canaan. They entered into the land of Canaan.
အာဗြံ သည် မယား စာရဲ ၊ အစ်ကို သား လောတ နှင့် ၊ ဥစ္စာ ရ တတ်သမျှ ကို ၎င်း ၊ ခါရန် မြို့၌ ရ သောလူ တို့ကို၎င်း ၊ ယူပြီးလျှင် ခါနာန် ပြည် သို့ ရောက် ခြင်းငှါ ၊ ထွက်သွား ၍ ၊ ထိုပြည် သို့ ရောက် ကြ၏။
6 Abram passed through the land to the place of Shechem, to the oak of Moreh. At that time, Canaanites were in the land.
အာဗြံ သည် ထိုပြည် ကို ရှောင်သွား ၍ ရှိခင် အရပ် ၊ မောရေ သပိတ် ပင်သို့ ရောက်လေ၏။ ထိုအခါ ၊ ခါနာန် အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ၏။
7 Yahweh appeared to Abram and said, “I will give this land to your offspring.” He built an altar there to Yahweh, who had appeared to him.
ထာဝရဘုရား သည် အာဗြံ အား ထင်ရှား ၍ ၊ ဤ ပြည် ကို သင် ၏အမျိုး အနွယ်အား ငါပေး မည်ဟု မိန့် တော်မူ၏။ ထိုသို့ ထင်ရှား တော်မူသောထာဝရဘုရား ဘို့ ၊ ထို အရပ်၌၊ ယဇ် ပလ္လင်ကို တည် လေ၏။
8 He left from there to go to the mountain on the east of Bethel and pitched his tent, having Bethel on the west, and Ai on the east. There he built an altar to Yahweh and called on Yahweh’s name.
ထို အရပ်မှ သွား ပြန်၍ ၊ ဗေသလ မြို့အရှေ့ ၌ ရှိသောတောင် သို့ ပြောင်းသဖြင့်၊ ဗေသလ မြို့အရှေ့၊ အာဣ မြို့ အနောက် စပ်ကြားမှာ တဲ ကိုဆောက် ၍ ၊ ထာဝရဘုရား သို့ ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမ တော်ကို ပဌာန ပြု၏။
9 Abram traveled, still going on toward the South.
အာဗြံ သည် ခရီး သွားလျက် ၊ ပြောင်း လျက် ၊ တောင် မျက်နှာသို့ ရောက် လေ၏။
10 There was a famine in the land. Abram went down into Egypt to live as a foreigner there, for the famine was severe in the land.
၁၀ထို့နောက် ၊ ခါနာန်ပြည် ၌ အစားခေါင်းပါး ခြင်းဖြစ် ၏။ အလွန် အစား ခေါင်းပါးသောကြောင့် ၊ အာဗြံ သည် အဲဂုတ္တ ပြည်၌ တည်းခို ခြင်းငှါ သွား လေ၏။
11 When he had come near to enter Egypt, he said to Sarai his wife, “See now, I know that you are a beautiful woman to look at.
၁၁အဲဂုတ္တု ပြည်နှင့် နီး သောအခါ၊ မိမိ မယား စာရဲ ကို ၊ သင် သည် အဆင်း လှ သော မိန်းမ ဖြစ်သည်ကို ငါသိ ၏။
12 It will happen that when the Egyptians see you, they will say, ‘This is his wife.’ They will kill me, but they will save you alive.
၁၂အဲဂုတ္တု လူတို့သည် သင့် ကိုမြင် သောအခါ ၊ ဤ မိန်းမသည် သူ ၏မယား ဖြစ်၏ဟုဆို လျက် ၊ ငါ့ ကိုသတ် ၍ သင့် ကို အသက် ချမ်းသာပေးလိမ့်မည်။
13 Please say that you are my sister, that it may be well with me for your sake, and that my soul may live because of you.”
၁၃သို့ဖြစ်၍ သင် သည် ငါ့ နှမ ဖြစ်ကြောင်းကို ပြော ပါလော့။ သို့ ပြောလျှင် သင့်အတွက် ငါ ကောင်းစား လိမ့်မည်။ သင် ၏ကျေးဇူးအားဖြင့် ငါ အသက် ချမ်းသာ ရလိမ့်မည်ဟု ဆို၏။
14 When Abram had come into Egypt, some Egyptians saw that the woman was very beautiful.
၁၄အာဗြံ သည် အဲဂုတ္တ ပြည်သို့ ရောက် သောအခါ ၊ သူ၏မယား သည် အလွန် အဆင်း လှသည်ကို အဲဂုတ္တု လူတို့သည် မြင် ကြ၏။
15 The princes of Pharaoh saw her, and praised her to Pharaoh; and the woman was taken into Pharaoh’s house.
၁၅ဖါရော ဘုရင်၏မှူး တော်မတ်တို့လည်း မြင် ၍ ၊ ရှေ့တော်၌ ချီးမွမ်း ပြီးလျှင် ၊ နန်း တော်သို့ သွင်း ရကြ၏။
16 He dealt well with Abram for her sake. He had sheep, cattle, male donkeys, male servants, female servants, female donkeys, and camels.
၁၆ဖာရောဘုရင်သည် ထိုမိန်းမ အတွက် အာဗြံ ၌ ကျေးဇူး ပြုသဖြင့် ၊ သူ သည် သိုး ၊ နွား ၊ မြည်းထီး ၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် များနှင့် ကြွယ်ဝ၏။
17 Yahweh afflicted Pharaoh and his house with great plagues because of Sarai, Abram’s wife.
၁၇ထာဝရဘုရား သည် အာဗြံ ၏ မယား စာရဲ အတွက် ကြောင့်၊ ဖါရော ဘုရင်မှစ၍ နန်းတော် သားတို့ကို ကြီး သော ဘေးဒဏ် ဖြင့် ဆုံးမ တော်မူ၏။
18 Pharaoh called Abram and said, “What is this that you have done to me? Why didn’t you tell me that she was your wife?
၁၈ဖါရော ဘုရင်သည်လည်း အာဗြံ ကို ခေါ် ၍ ၊ သင်သည်ငါ ၌ ပြု သောအမှု ကား အဘယ်သို့ နည်း။ သူ သည် သင် ၏မယား ဖြစ်ကြောင်း ကို ၊ ငါ အား အဘယ်ကြောင့် မ ပြော သနည်း။
19 Why did you say, ‘She is my sister,’ so that I took her to be my wife? Now therefore, see your wife, take her, and go your way.”
၁၉ငါ သည် သူ့ ကို သိမ်းပိုက် စေ ခြင်းငှါ၊ သူ သည် ငါ့ နှမ ဖြစ်သည်ဟု အဘယ်ကြောင့် ဆို သနည်း။ သင် ၏ မယား ကို ယခု ယူ ၍ သွား လော့ဟု အမိန့် ရှိ၏။
20 Pharaoh commanded men concerning him, and they escorted him away with his wife and all that he had.
၂၀ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူ တို့အား မှာ ထားသဖြင့်၊ သူတို့သည် အာဗြံ ၌ ရှိသမျှ သော ဥစ္စာနှင့်တကွ ၊ သမီး မောင်နှံတို့ကို လွှတ်လိုက်ကြ၏။

< Genesis 12 >