< Acts 19 >

1 While Apollos was at Corinth, Paul, having passed through the upper country, came to Ephesus and found certain disciples.
အာပေါလု သည် ကောရိန္သု မြို့၌ နေ စဉ် ၊ ပေါလု သည်အထက် အရပ် များကို ရှောက်သွား ပြီးမှဧဖက် မြို့သို့ ရောက် ၍၊ တပည့် တော်အချို့ တို့ကိုတွေ့ လျှင်၊
2 He said to them, “Did you receive the Holy Spirit when you believed?” They said to him, “No, we haven’t even heard that there is a Holy Spirit.”
သင်တို့သည် ယုံကြည် သည်နောက်၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံ ကြပြီလောဟု မေး သည်ရှိသော်၊ သန့်ရှင်း သော ဝိညာဉ် တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြောဆိုကြ၏။
3 He said, “Into what then were you baptized?” They said, “Into John’s baptism.”
ပေါလုကလည်း၊ သို့ဖြစ်လျှင် ၊ သင်တို့သည် အဘယ် မည်သောဗတ္တိဇံ ကို ခံကြသနည်းဟု မေး လျှင် ၊ ယောဟန် ၏ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆို ကြ၏။
4 Paul said, “John indeed baptized with the baptism of repentance, saying to the people that they should believe in the one who would come after him, that is, in Christ Jesus.”
ပေါလု ကလည်း ၊ ယောဟန် က၊ ငါ့ နောက် ကြွလာ သောသူ ကို ယုံကြည် ရမည်ဟု လူ များတို့အား ပြောဆို လျက်၊ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ ကိုပေး၏။ ထိုသို့ဆိုရာ ၌ ယေရှု ခရစ်ကို ဆိုလို သည်။
5 When they heard this, they were baptized in the name of the Lord Jesus.
ဟူသောစကားကို ကြား လျှင် ၊ ထိုသူတို့သည် သခင် ယေရှု ၏ နာမ ၌ ဗတ္တိဇံ ကို ခံကြ၏။
6 When Paul had laid his hands on them, the Holy Spirit came on them and they spoke with other languages and prophesied.
ပေါလု သည်လည်း၊ သူ တို့အပေါ် ၌လက် ကိုတင် လျှင်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ဆင်းသက် တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုး သော ဘာသာစကားကို ပြော ၍ ပရောဖက် ပြုကြ၏။
7 They were about twelve men in all.
ထိုသူ တို့သည် အရေအတွက်အားဖြင့်တကျိပ် နှစ်ယောက်မျှလောက် ရှိ သတည်း။
8 He entered into the synagogue and spoke boldly for a period of three months, reasoning and persuading about the things concerning God’s Kingdom.
ထိုနောက်မှပေါလုသည် တရားစရပ် သို့ ဝင် ၍ သုံး လ ပတ်လုံး ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်း များကို ဆွေးနွေး နှီးနှော၍ ဖြားယောင်း သွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။
9 But when some were hardened and disobedient, speaking evil of the Way before the multitude, he departed from them and separated the disciples, reasoning daily in the school of Tyrannus.
အချို့ သောသူတို့သည် ခိုင်မာ သောစိတ်ရှိ၍ မယုံကြည် ဘဲ နေလျက်၊ လူများ ရှေ့ မှာ ထိုဘာသာ ကို ကဲ့ရဲ့ သောအခါ ၊ ပေါလုသည် သူ တို့အထဲ မှထွက်သွား ၍ တပည့် တော်တို့ကို အသီးအခြားခွဲ ထားပြီးမှ၊
10 This continued for two years, so that all those who lived in Asia heard the word of the Lord Jesus, both Jews and Greeks.
၁၀တုရန္နု အမည်ရှိသောသူ၏ စာသင် စရပ်၌ နှစ် နှစ် ပတ်လုံး နေ့တိုင်း ဟောပြော သောအားဖြင့် ၊ အာရှိ ပြည်သားဖြစ်သော ယုဒ လူ၊ ဟေလသ လူ အပေါင်းတို့သည် သခင် ယေရှု၏ နှုတ်ကပတ် တရားတော်ကို ကြား ရကြ၏။
11 God worked special miracles by the hands of Paul,
၁၁ဘုရားသခင် သည် ပေါလု လက် ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုး များကိုပြ တော်မူသည်ဖြစ်၍၊
12 so that even handkerchiefs or aprons were carried away from his body to the sick, and the diseases departed from them, and the evil spirits went out.
၁၂ပေါလုသုံးသောပုဝါ ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက်၍၊ သူ တို့သည် အနာ ရောဂါနှင့်ကင်းလွတ် ကြ၏။ နတ် ဆိုး တို့လည်း ထွက်သွား ကြ၏။
13 But some of the itinerant Jews, exorcists, took on themselves to invoke over those who had the evil spirits the name of the Lord Jesus, saying, “We adjure you by Jesus whom Paul preaches.”
၁၃ထိုအခါအရပ်ရပ်သို့လှည့်လည် ၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒ လူအချို့ တို့က၊ ပေါလု ဟောပြော သော ယေရှု ကို ငါတိုင်တည်၍ သင် တို့ကို ဓိဋ္ဌာန်သစ္စာ ပေး ၏ဟုဆိုလျက်၊ နတ် ဆိုး စွဲ သော သူ တို့၏အပေါ် ၌သခင် ယေရှု ၏နာမ တော်ကို မြွက် စမ်းကြ၏။
14 There were seven sons of one Sceva, a Jewish chief priest, who did this.
၁၄သကေဝ အမည်ရှိသော ယဇ်ပုရောဟိတ် မင်း၏ သား ခုနစ် ယောက်တို့သည် ထိုသို့ ပြု ကြ၏။
15 The evil spirit answered, “Jesus I know, and Paul I know, but who are you?”
၁၅နတ် ဆိုး ကလည်း၊ ယေရှု ကိုငါသိ ၏။ ပေါလု ကို လည်း ငါသိ ၏။ သင် တို့ကား ၊ အဘယ်သူ နည်းဟု ပြောဆို ပြီးလျှင် ၊
16 The man in whom the evil spirit was leaped on them, overpowered them, and prevailed against them, so that they fled out of that house naked and wounded.
၁၆နတ် ဆိုး စွဲ သောသူ သည် ထိုသူ တို့အပေါ်သို့ ခုန်တက် ၍နိုင် သဖြင့် လုယက် နှိပ်စက် သောကြောင့် ၊ ထို အိမ် မှ အဝတ် မပါဘဲအနာ များနှင့် ထွက်ပြေး စေ၏။
17 This became known to all, both Jews and Greeks, who lived at Ephesus. Fear fell on them all, and the name of the Lord Jesus was magnified.
၁၇ထို အကြောင်းအရာကို ဧဖက် မြို့၌နေ သော ယုဒ လူနှင့် ဟေလသ လူအပေါင်း တို့သည် ကြားသိ လျှင်၊ ကြောက်ရွံ့ ခြင်းသို့ရောက် ၍ သခင် ယေရှု ၏ နာမ တော် ကိုချီးမွမ်း ကြ၏။
18 Many also of those who had believed came, confessing and declaring their deeds.
၁၈ယုံကြည် သောသူ အများ တို့သည်လည်း လာ ၍ မိမိ တို့အကျင့် ကို ဖေါ်ပြ လျက် တောင်းပန် ကြ၏။
19 Many of those who practiced magical arts brought their books together and burned them in the sight of all. They counted their price, and found it to be fifty thousand pieces of silver.
၁၉နတ် ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူ အများ တို့သည်လည်း မိမိတို့စာစောင် ကိုယူခဲ့ ၍ လူအပေါင်း တို့ရှေ့ မှာမီးရှို့ ကြ၏။ စာစောင် အဘိုး ကိုချင့်တွက် သော်၊ ငွေ အသပြာငါးသောင်း ထိုက်သည်ကို သိ ကြ၏။
20 So the word of the Lord was growing and becoming mighty.
၂၀ထိုသို့ သခင် ဘုရား၏သာသနာ တော်သည် တန်ခိုး နှင့် တိုးပွား ၍ အောင်မြင် လေ၏။
21 Now after these things had ended, Paul determined in the Spirit, when he had passed through Macedonia and Achaia, to go to Jerusalem, saying, “After I have been there, I must also see Rome.”
၂၁ထိုနောက်မှပေါလု က၊ ငါသည်မာကေဒေါနိ ပြည်နှင့် အခါယ ပြည် ကိုရှောက်သွား ပြီးလျှင်၊ ယေရုရှလင် မြို့ သို့ သွား မည်။ ထို မြို့သို့ ရောက် ပြီးသည်နောက် ၊ ရောမ မြို့ကိုမြင် ရမည်ဟုစိတ် ထဲ၌ အကြံရှိသည်ဖြစ်၍၊
22 Having sent into Macedonia two of those who served him, Timothy and Erastus, he himself stayed in Asia for a while.
၂၂မိမိ အားလုပ်ကျွေး သော သူ နှစ် ယောက်၊ တိမောသေ နှင့် ဧရတ္တု တို့ကို မာကေဒေါနိ ပြည်သို့ စေလွှတ် ပြီးမှ မိမိ သည် အာရှိ ပြည်၌ ခဏ နေ သေး၏။
23 About that time there arose no small disturbance concerning the Way.
၂၃ထို အခါ ဘာသာ တရားကြောင့် ရောက်သော အမှု ကြီး ဟူမူကား ၊
24 For a certain man named Demetrius, a silversmith who made silver shrines of Artemis, brought no little business to the craftsmen,
၂၄ဒေမေတရိ အမည် ရှိသော ပန်းထိမ်သမားတစ် ယောက်သည် အာတေမိ နတ်သမီး၏ ငွေ ဗိမာန် ငယ် တို့ကို လုပ် သဖြင့်၊ ပန်းထိမ် သမား တို့အားစီးပွား များ ကိုပြု တတ်၏။
25 whom he gathered together with the workmen of like occupation, and said, “Sirs, you know that by this business we have our wealth.
၂၅ထိုသူ သည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ် သမားများကိုစုရုံး စေပြီးလျှင်၊ အချင်းလူတို့ ၊ ဤ အတတ်ကိုအမှီပြု ၍ငါ တို့၌အကျိုး စီးပွား ဖြစ် သည်ကို သင်တို့သိ ကြ၏။
26 You see and hear that not at Ephesus alone, but almost throughout all Asia, this Paul has persuaded and turned away many people, saying that they are no gods that are made with hands.
၂၆ယခုတွင် ထို ပေါလု က၊ လူလက် ဖြင့် လုပ် သမျှ တို့သည် ဘုရား မ ဟုတ် ဟု ဆို သဖြင့်၊ ဧဖက် မြို့မှစ၍အာရှိ ပြည် တရှောက် လုံးကုန်မတတ် ၊ လူ အပေါင်း တို့ကို ဖြားယောင်း သွေးဆောင်သည်ကို သင်တို့သည် မြင် လျက်၊ ကြား လျက်ရှိကြ၏။
27 Not only is there danger that this our trade come into disrepute, but also that the temple of the great goddess Artemis will be counted as nothing and her majesty destroyed, whom all Asia and the world worships.”
၂၇ထိုသို့ လူများတို့သည် ငါ တို့၏အတတ်ကို ကဲ့ရဲ့ သည်သာမက ၊ ကြီးမြတ် သောနတ်သမီး အာတေမိ ၏ ဗိမာန် တော်ကို ပမာဏ မ ပြုသဖြင့်၊ အာရှိ ပြည် တရှောက် လုံးမှစ၍ လောကီ နိုင်ငံသားတို့ ကိုးကွယ် သောဘုန်း အသရေတော်သည် ပျက်စီး ခြင်းသို့ရောက် မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို ၏။
28 When they heard this they were filled with anger, and cried out, saying, “Great is Artemis of the Ephesians!”
၂၈ထိုစကားကိုကြား လျှင်၊ ထိုသူတို့သည် ဒေါသ အမျက်နှင့် ပြည့် သဖြင့်၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ် ကြ၏။
29 The whole city was filled with confusion, and they rushed with one accord into the theater, having seized Gaius and Aristarchus, men of Macedonia, Paul’s companions in travel.
၂၉တစ်မြို့လုံး ရုန်းရင်းခတ် မျှဖြစ်၍ ၊ ပေါလု နှင့်အတူဒေသစာရီ လှည့်လည်သော မာကေဒေါနိ လူ ဂါယု နှင့် အာရိတ္တာခု တို့ကို ဆွဲယူ ပြီးလျှင်၊ ပွဲ ခံရာစရပ်ထဲသို့ ညီညွတ် စွာ တဟုန်တည်း ပြေးဝင်ကြ၏။
30 When Paul wanted to enter in to the people, the disciples didn’t allow him.
၃၀ပေါလု သည် လူစု ထဲသို့ ဝင် ခြင်းငှာအလိုရှိ လျှင် တပည့် တော်တို့သည် မြစ်တား ကြ၏။
31 Certain also of the Asiarchs, being his friends, sent to him and begged him not to venture into the theater.
၃၁ပေါလု ၏အဆွေ ဖြစ် သော အာရှိ ပွဲမင်းအချို့ ကလည်း ၊ ပွဲ ခံရာစရပ်ထဲသို့ ကိုယ် ကိုမ အပ် ပါနှင့်ဟု သူ့ ထံသို့ စေလွှတ် ၍ တောင်းပန် လေ၏။
32 Some therefore cried one thing, and some another, for the assembly was in confusion. Most of them didn’t know why they had come together.
၃၂စုဝေး သောလူတို့သည် ရုန်းရင်းခတ် မျှဖြစ် ၍ ၊ တစ် ယောက်တခြားစီ အော်ဟစ် သဖြင့်၊ လူအများ တို့သည် မိမိတို့စုဝေး ရသည် အကြောင်း ကိုပင်မိမိတို့မ သိ ကြ။
33 They brought Alexander out of the multitude, the Jews putting him forward. Alexander beckoned with his hand, and would have made a defense to the people.
၃၃ယုဒ လူတို့သည် အာလေဇန္ဒြု ကို အခွင့် ပေး၍ သူတစ်ပါးတို့သည် လူစု ရှေ့ သို့သွားစေသဖြင့်၊ သူ သည် လက် နှင့်အမှတ်ပေး ၍ အပြစ် ဖြေရာ စကားကို လူ များတို့ အား ပြောခြင်းငှာအလိုရှိ ၏။
34 But when they perceived that he was a Jew, all with one voice for a time of about two hours cried out, “Great is Artemis of the Ephesians!”
၃၄သူသည်ယုဒ လူဖြစ် သည်ကို သိ ကြလျှင် ၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ် တော်မူ၏ဟု နှစ် နာရီ ခန့် မျှလောက်လူအပေါင်း တို့သည် တစ် သံ တည်းနှင့် ဟစ် ကြ၏။
35 When the town clerk had quieted the multitude, he said, “You men of Ephesus, what man is there who doesn’t know that the city of the Ephesians is temple keeper of the great goddess Artemis, and of the image which fell down from Zeus?
၃၅မြို့စာရေး သည် လူ များကိုတိတ် စေပြီးလျှင်၊ ဧဖက် လူ တို့၊ ဧဖက် မြို့ သည် ဇုသဘုရားထံမှကျသော ရုပ်တုတော်တည်းဟူသောကြီးမြတ် တော်မူသော အာတေမိ ကို လုပ်ကျွေးသောဘုရား ကျွန်ဖြစ် သည် ကို မ သိ သော သူ တစ်စုံတစ်ယောက်ရှိ သလော။
36 Seeing then that these things can’t be denied, you ought to be quiet and to do nothing rash.
၃၆ဤ အရာများတို့သည် ငြင်းခုံ ဘွယ်မရှိသည်ဖြစ် ၍ ၊ သင် တို့သည် တိတ်ဆိတ် စွာနေ သင့်ကြ၏။
37 For you have brought these men here, who are neither robbers of temples nor blasphemers of your goddess.
၃၇သတိနှင့်မဆင်ခြင် ဘဲ အဘယ် အမှုကိုမျှ မပြု သင့်ကြ၊ ဗိမာန် တော်ကိုလုယူဖျက်ဆီးခြင်းမ ရှိ၊ သင်တို့ ဘုရား ကိုမ ကဲ့ရဲ့ သော ဤ လူ တို့ကို သင်တို့သည် ဆောင်ယူ ခဲ့ကြပြီတကား။
38 If therefore Demetrius and the craftsmen who are with him have a matter against anyone, the courts are open and there are proconsuls. Let them press charges against one another.
၃၈ဒေမေတရိ မှစ၍ သူ နှင့်အတူ ရှိသော ပန်းထိမ် သမားတို့သည် တစ်စုံတစ်ယောက် သောသူ၌ အမှုရှိ လျှင် ရုံး တော်ရှိ၏။ မြို့ဝန်မင်း လည်း ရှိ ၏။ အမှုသည် ချင်း တရား တွေ့ကြစေ။
39 But if you seek anything about other matters, it will be settled in the regular assembly.
၃၉သို့မဟုတ် သင်တို့သည် အခြား အမှုကို အစီရင်ခံ လိုလျှင် ၊ တရား သောအစည်းအဝေး ၌ စီရင် ရလိမ့်မည်။
40 For indeed we are in danger of being accused concerning today’s riot, there being no cause. Concerning it, we wouldn’t be able to give an account of this commotion.”
၄၀ယနေ့ ရုန်းရင်းခတ် ခြင်းကို ပြု သောကြောင့် အမှု ရောက်မည်ဟု စိုးရိမ် စရာရှိ၏။ အကြောင်းမူကား၊ ဤ မတရားသောစည်းဝေး ခြင်း အကြောင်း ကို ပြော စရာတစ်စုံတခု မျှ မရှိဟု၊
41 When he had thus spoken, he dismissed the assembly.
၄၁ဆို ပြီးလျှင် အစည်းအဝေး ကိုဖျက် လေ၏။

< Acts 19 >