< 1 Chronicles 19 >

1 After this, Nahash the king of the children of Ammon died, and his son reigned in his place.
ထိုနောက် အမ္မုန် ရှင်ဘုရင် နာဟတ် သည် သေ ၍ ၊ သား တော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။
2 David said, “I will show kindness to Hanun the son of Nahash, because his father showed kindness to me.” So David sent messengers to comfort him concerning his father. David’s servants came into the land of the children of Ammon to Hanun to comfort him.
ဒါဝိဒ် ကလည်း၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ သံတမန် တို့ကိုစေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် ဟာနုန် မင်းကို နှစ်သိမ့် စေခြင်းငှါ သူရှိရာ အမ္မုန် ပြည် သို့ ရောက် ကြ၏။
3 But the princes of the children of Ammon said to Hanun, “Do you think that David honors your father, in that he has sent comforters to you? Haven’t his servants come to you to search, to overthrow, and to spy out the land?”
အမ္မုန် အမျိုး မှူးမတ် တို့သည် ဟာနုန် မင်းထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေသောသူတို့ကို စေလွှတ် ရာတွင်၊ ခမည်းတော် ကို ရိုသေ စွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည် တော်ကို စစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှါ သာ၊ သူ ၏ကျွန် တို့သည် အထံ တော် သို့ ရောက် သည် မ ဟုတ်လော ဟု လျှောက် ကြလျှင်၊
4 So Hanun took David’s servants, shaved them, and cut off their garments in the middle at their buttocks, and sent them away.
ဟာနုန် သည် ဒါဝိဒ် ၏ ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုဆိတ်ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင်ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။
5 Then some people went and told David how the men were treated. He sent to meet them; for the men were greatly humiliated. The king said, “Stay at Jericho until your beards have grown, and then return.”
ထိုသူ တို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ် သည် သိတင်း ကြားသောအခါ ၊ သူတို့သည် အလွန် ရှက် သောကြောင့် ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက်မှ ပြန်လာ ကြလော့ဟု မှာထား တော်မူ၏။
6 When the children of Ammon saw that they had made themselves odious to David, Hanun and the children of Ammon sent one thousand talents of silver to hire chariots and horsemen out of Mesopotamia, out of Aram-maacah, and out of Zobah.
ဟာနုန် မင်းနှင့် အမ္မုန် အမျိုးသား တို့က၊ ငါတို့ သည် ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ မေသောပေါတာမိ ပြည်၊ ရှုရိမာခါ ပြည်၊ ဇောဘ ပြည်တို့၌ မြင်း ရထားတို့ကိုငှါး ခြင်းငှါ ငွေ အခွက် တသောင်းကို ထုတ်၍၊
7 So they hired for themselves thirty-two thousand chariots, and the king of Maacah with his people, who came and encamped near Medeba. The children of Ammon gathered themselves together from their cities, and came to battle.
မြင်း ရထားသူရဲသုံးသောင်း နှစ်ထောင်ကို၎င်း ၊ မာခါ မင်းကြီး နှင့် သူ ၏လူ တို့ကို၎င်းငှါး သဖြင့်၊ ထိုသူတို့ သည် မေဒဘ မြို့ရှေ့ မှာ တပ်ချ ကြ၏။ အမ္မုန် အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့ တို့မှ စစ် ချီ ကြ၏။
8 When David heard of it, he sent Joab with all the army of the mighty men.
ထိုသိတင်းကို ဒါဝိဒ် သည် ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသော သူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။
9 The children of Ammon came out, and put the battle in array at the gate of the city; and the kings who had come were by themselves in the field.
အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့ တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ စစ်ကူသော မင်းကြီး တို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။
10 Now when Joab saw that the battle was set against him before and behind, he chose some of all the choice men of Israel, and put them in array against the Syrians.
၁၀ယွာဘ သည်လည်း ရှေ့ ၌၎င်း ၊ နောက် ၌၎င်း၊ စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့တဘက်၌ စစ်ခင်းကျင်း ၏။
11 The rest of the people he committed into the hand of Abishai his brother; and they put themselves in array against the children of Ammon.
၁၁ကြွင်း သောသူ တို့ကို အမ္မုန် အမျိုးသား တို့ တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါညီ အဘိရှဲ လက် သို့ အပ် လျက်၊
12 He said, “If the Syrians are too strong for me, then you are to help me; but if the children of Ammon are too strong for you, then I will help you.
၁၂ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ့ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။
13 Be courageous, and let’s be strong for our people and for the cities of our God. May Yahweh do that which seems good to him.”
၁၃ရဲရင့် သောစိတ် ရှိ၍ ငါ တို့လူမျိုး နှင့် ငါ တို့ ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလို တော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆို ပြီးမှ၊
14 So Joab and the people who were with him came near to the front of the Syrians to the battle; and they fled before him.
၁၄သူ ၌ ပါသော လူ များနှင့်တကွ၊ ရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်းသွား သောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။
15 When the children of Ammon saw that the Syrians had fled, they likewise fled before Abishai his brother, and entered into the city. Then Joab came to Jerusalem.
၁၅ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူ တို့သည်လည်း ညီ အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။
16 When the Syrians saw that they were defeated by Israel, they sent messengers and called out the Syrians who were beyond the River, with Shophach the captain of the army of Hadadezer leading them.
၁၆ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ သံတမန် တို့ကို စေလွှတ် ၍ မြစ် တဘက် ၌နေသော ရှုရိ လူတို့ကို ခေါ်သဖြင့် ၊ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။
17 David was told that, so he gathered all Israel together, passed over the Jordan, came to them, and set the battle in array against them. So when David had put the battle in array against the Syrians, they fought with him.
၁၇ထိုသိတင်းကိုကြား လျှင် ဒါဝိဒ် သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ယော်ဒန် မြစ်ကို ကူး သဖြင့် ၊ ရန်သူတပ်သို့ ရောက် ၍ စစ်ခင်းကျင်း လေ၏။ ထိုသို့ဒါဝိဒ် သည် စစ်ခင်းကျင်း ၍ ရှုရိ လူတို့သည် တိုက် သောအခါ၊
18 The Syrians fled before Israel; and David killed of the Syrian men seven thousand charioteers and forty thousand footmen, and also killed Shophach the captain of the army.
၁၈ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင် ၊ ခြေသည် သူရဲလေးသောင်း တို့ကိုသတ် ၍ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း လုပ်ကြံ လေ၏။
19 When the servants of Hadadezer saw that they were defeated by Israel, they made peace with David and served him. The Syrians would not help the children of Ammon any more.
၁၉ဟာဒဒေဇာ မင်း၏ ကျွန် တို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ ဒါဝိဒ် နှင့် မိဿဟာယ ဖွဲ့၍ ကျွန်ခံ ကြ၏။ နောက် တဖန် ရှုရိ လူတို့ သည် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ကြ။

< 1 Chronicles 19 >