< Hosea 13 >

1 When Ephraim spoke trembling, he exalted himself in Israel; but when he offended in Baal, he died.
ဧဖရိမ် သည် နှုတ်မြွက် သောအခါ သူတပါး ကြောက်လန့် တတ်၏။ သူ သည် ဣသရေလ အမျိုး၌ မြင့်မြတ် ၏။ နောက် တဖန် ဗာလ ဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏။
2 And now they sin more and more, and have made them molten images of their silver, [and] idols according to their own understanding, all of it the work of artificers: they say of them, Let the men that sacrifice kiss the calves.
ယခု မှာ အထပ်ထပ်ပြစ်မှား ၍ ကိုယ် ဉာဏ် ပညာ အားဖြင့် အရည် သွန်းသော ငွေ ရုပ်တု ၊ ဆရာသမား လုပ် တတ်သော ရုပ်တု ဆင်းတုများကို ကိုယ့် အဘို့ လုပ် ကြ ၏။ လုပ်ပြီးမှယဇ် ပူဇော်သောသူသည် နွားသငယ် ကို နမ်း စေဟု ဆို တတ်ကြ၏။
3 Therefore they shall be as the morning cloud, and as the early dew that passeth away, as the chaff [that] is driven with the whirlwind from the floor, and as the smoke from the chimney.
ထိုကြောင့် ၊ သူတို့သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ကွယ်ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ၊ ကောက်နယ် တလင်းမှ လေဘွေ တိုက်သွားသော ဖွဲ ကဲ့သို့ ၎င်း ၊ မီးဖို ထဲက ထွက်သော မီးခိုး ကဲ့သို့ ၎င်း ဖြစ် ရကြ လိမ့်မည်။
4 Yet I [am] the LORD thy God from the land of Egypt, and thou shalt know no God but me: for [there is] no savior besides me.
သို့ရာတွင် ၊ ငါ ထာဝရဘုရား သည် သင့်ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရား သခင်ကို သင်မ သိ ပြီ။ ငါ မှတပါး ကယ်တင် နိုင်သော သခင်မ ရှိ။
5 I did know thee in the wilderness, in the land of great drouth.
အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ၌ ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။
6 According to their pasture, so were they filled; they were filled, and their heart was exalted; therefore have they forgotten me.
ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။
7 Therefore I will be to them as a lion: as a leopard by the way will I observe [them].
ထိုကြောင့် ၊ သူ တို့၌ ငါသည် ခြင်္သေ့ ကဲ့သို့ ဖြစ် မည်။ လမ်း နားမှာ ချောင်းသော ကျားသစ် ကဲ့သို့ သူတို့ကို ချောင်းမြောင်း မည်။
8 I will meet them as a bear [that is] bereaved [of her whelps], and will rend the caul of their heart, and there will I devour them like a lion: the wild beast shall tear them.
သား ပျောက်သော ဝံ မကဲ့သို့ သူ တို့ကို ငါဆီးကြို၍၊ သူ တို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့ မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စား မည်။ တော သားရဲ ဖြစ်၍အပိုင်းပိုင်းဆွဲဖြတ် မည်။
9 O Israel, thou hast destroyed thyself; but in me [is] thy help.
အို ဣသရေလ ၊ သင့် ကို ကယ်တင် နိုင်သော အရှင် ငါ့ ကို သင် သည် ဆန့်ကျင် ဘက်ပြုသောကြောင့် အကျိုးနည်း ရှိ၏။
10 I will be thy king: where [is any other] that may save thee in all thy cities? and thy judges of whom thou saidst, Give me a king and princes?
၁၀သင် ၏ ရှင် ဘုရင်သည် အဘယ် မှာရှိသနည်း။ သင့် နေရာမြို့ ရှိသမျှ တို့၌ ကယ်တင် ပါစေသော။ သင် ၏ တရားသူကြီး တို့သည် အဘယ်မှာရှိကြသနည်း။
11 I gave thee a king in my anger, and took [him] away in my wrath.
၁၁ရှင်ဘုရင် နှင့် မင်း များကိုပေး ပါဟု သင် တောင်း သောကြောင့် ၊ ငါ အမျက် ထွက်၍ ရှင် ဘုရင်ကိုပေး ပြီ။ တဖန်ပြင်းစွာအမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ်ရှား ပြီ။
12 The iniquity of Ephraim [is] bound up; his sin [is] hid.
၁၂ဧဖရိမ် ပြုသောဒုစရိုက် ကို ငါထုပ် ထား၍ သူ ၏ အပြစ် ကို သိုမှီး ပြီ။
13 The sorrows of a travailing woman shall come upon him: he [is] an unwise son; for he should not stay long in [the place of] the breaking forth of children.
၁၃သူ သည် သားဘွား သော မိန်းမကဲ့သို့ဝေဒနာ ကို ခံရ ချိန်နီးပြီ။ မိုက် သောအမျိုးသား ဖြစ်၏။ သားဘွား ရာ ဝမ်းဝ၌ ကြာမြင့် စွာနေပါသည်တကား။
14 I will ransom them from the power of the grave; I will redeem them from death: O death, I will be thy plagues, O grave, I will be thy destruction: repentance shall be hid from my eyes. (Sheol h7585)
၁၄သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။ (Sheol h7585)
15 Though he is fruitful among [his] brethren, an east wind shall come, the wind of the LORD shall come up from the wilderness, and his spring shall become dry, and his fountain shall be dried up: he shall pillage the treasure of all pleasant vessels.
၁၅မိမိ ညီအစ်ကို တို့တွင် အသီး များစွာသီးတတ် သော်လည်း ၊ အရှေ့ လေလာ လိမ့်မည်။ ထာဝရဘုရား ၏ လေ သည် တော မှ လာ ၍ သူ ၏စမ်းရေ တွင်းကို ခန်းခြောက် စေသဖြင့် ရေ ပြတ် လိမ့်မည်။ ဘဏ္ဍာ တိုက်၌ ရှိသမျှ သော တန်ဆာ အကောင်း အမြတ်တို့ကို ရန်သူလုယူ လိမ့်မည်။
16 Samaria shall become desolate; for she hath rebelled against her God: they shall fall by the sword: their infants shall be dashed in pieces, and their women with child shall be ripped up.
၁၆ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။

< Hosea 13 >