< Psalms 71 >

1 In thee, O LORD, do I put my trust: let me never be put to confusion.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့်​ထံ​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​ချဉ်း​ကပ် ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။
2 Deliver me in thy righteousness, and cause me to escape: incline thy ear to me, and save me.
ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သည် နှင့်​အ​ညီ၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကယ်​ဆယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​နား​ညောင်း ၍ ကယ်​တော်​မူ​ပါ။
3 Be thou my strong habitation, where I may continually resort: thou hast given commandment to save me; for thou art my rock and my fortress.
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ကျောက်​တောင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​ရန်​အ​တွက်​ခိုင်​ခံ့ သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​သော၊ ကျွန်​တော်​မျိုး​ကို​ကာ​ကွယ်​သော​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။
4 Deliver me, O my God, from the hand of the wicked, from the hand of the unrighteous and cruel man.
ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား သူ​ယုတ်​မာ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​ပါ။ ရက်​စက်​ဆိုး​ညစ်​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။
5 For thou art my hope, O Lord GOD: thou art my trust from my youth.
အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး ပါ​၏။ ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​ကိုယ်​တော်​ရှင်​အား ကိုး​စား​ခဲ့​ပါ​၏။
6 By thee have I been sustained from the womb: thou art he that took me out of my mother’s womb: my praise shall be continually of thee.
ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။
7 I am as a wonder to many; but thou art my strong refuge.
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။
8 Let my mouth be filled with thy praise and with thy honour all the day.
တစ်​နေ့​လုံး​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​၍ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​၏။
9 Cast me not off in the time of old age; forsake me not when my strength faileth.
ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အို​မင်း​သော ကြောင့် ကျွန်​တော်​မျိုး​အား​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​အ​ခါ​မ​စွမ်း​မ​သန်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
10 For my enemies speak against me; and they that lay wait for my soul take counsel together,
၁၀ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ကျွန်​တော် မျိုး​အား သတ်​လို​ကြ​သ​ဖြင့်​ဆွေး​နွေး​ကြံ​စည်​ကြ ပါ​၏။
11 Saying, God hath forsaken him: persecute and take him; for there is none to deliver him.
၁၁``သူ​၏​ဘု​ရား​သည်​သူ့​ကို​စွန့်​ပစ်​လေ​ပြီ။ သူ့​အား​ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​သ​ဖြင့် သူ့​ကို​လိုက်​ဖမ်း​ကြ​ကုန်​အံ့'' ဟု​သူ​တို့​ဆို ကြ​ပါ​၏။
12 O God, be not far from me: O my God, make haste for my help.
၁၂အို ဘု​ရား​သ​ခင်၊ ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး အား ကူ​မ​ရန်​အ​လျင်​အ​မြန်​ကြွ​တော်​မူ​ပါ။
13 Let them be confounded and consumed that are adversaries to my soul; let them be covered with reproach and dishonour that seek my hurt.
၁၃ကျွန်​တော်​မျိုး​ကို​တိုက်​ခိုက်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​ပျက်​စီး​ဆုံး​ပါး​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​ထိ​ခိုက်​ဒဏ်​ရာ​ရ​အောင် ကြိုး​စား​ကြ​သူ​တို့​သည် အ​ရှက်​ကွဲ​၍​အ​သ​ရေ​ပျက်​ကြ​ပါ​စေ​သော။
14 But I will hope continually, and will yet praise thee more and more.
၁၄ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​ပင် စောင့်​မျှော်​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​အ​ဖန်​ဖန်​အ​ခါ​ခါ ထော​မ​နာ​ပြု​ပါ​မည်။
15 My mouth shall show forth thy righteousness and thy salvation all the day; for I know not their numbers.
၁၅ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကောင်း​မြတ်​တော်​မူ​ပုံ​ကို​ပြော​ကြား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် ကျွန်​တော်​မျိုး​နား​လည်​နိုင်​သည်​ထက်​ပို​၍ နက်​နဲ​ပါ​၏။ သို့​ရာ​တွင်​ထို​ကျေး​ဇူး​တော်​အ​ကြောင်း​ကို ကျွန်​တော်​မျိုး​သည်​တစ်​နေ့​လုံး​ပြော ကြား​ပါ​မည်။
16 I will go in the strength of the Lord GOD: I will make mention of thy righteousness, even of thine only.
၁၆အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကို အ​မှီ​ပြု​၍ ကျွန်​တော်​မျိုး​သွား​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်၊ကိုယ်​တော်​ရှင်​သာ​လျှင် ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို ကျွန်​တော်​မျိုး​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
17 O God, thou hast taught me from my youth: and to this day have I declared thy wondrous works.
၁၇ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ငယ် ရွယ်​စဉ် အ​ခါ​မှ​စ​၍​သွန်​သင်​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​ယ​နေ့​တိုင်​အောင် ပြော​ကြား​လျက်​ရှိ​ပါ​၏။
18 Now also when I am old and grayheaded, O God, forsake me not; until I have shown thy strength to this generation, and thy power to every one that is to come.
၁၈ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အ​သက် ကြီး​၍ ဆံ​ပင်​ဖြူ​လျက်​နေ​ပါ​ပြီ။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​နောင်​လာ​လတ္တံ့​သော သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော် အ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ​ညာ​လျက်​ရှိ​နေ​စဉ် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။
19 Thy righteousness also, O God, is very high, who hast done great things: O God, who is like thee!
၁၉အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။
20 Thou, who hast shown me great and many troubles, wilt revive me again, and shalt bring me again from the depths of the earth.
၂၀ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား များ​ပြား​ဆိုး​ရွား​သော​ဘေး​ဒုက္ခ​များ​နှင့် တွေ့​ကြုံ​စေ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြန်​၍ အား​အင်​ပြည့်​ဝ​စေ​တော်​မူ​လျက်​သေ​ဘေး​မှ ကယ်​တော်​မူ​ပါ​လိမ့်​မည်။
21 Thou shalt increase my greatness, and comfort me on every side.
၂၁ကျွန်​တော်​မျိုး​အား​ယ​ခင်​အ​ခါ​က​ထက် ပို​မို​ကြီး​မြင့်​စေ​တော်​မူ​၍​နှစ်​သိမ့်​မှု​ကို တစ်​ဖန် ပေး​တော်​မူ​ပါ​လိမ့်​မည်။
22 I will also praise thee with the psaltery, even thy truth, O my God: to thee will I sing with the harp, O thou Holy One of Israel.
၂၂ကျွန်​တော်​မျိုး​သည်​အ​မှန်​ပင်​ကိုယ်​တော်​ရှင်​အား စောင်း​တီး​၍​ထော​မ​နာ​ပြု​ပါ​မည်။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည့် ကိုယ်​တော်​ရှင်​အား​စောင်း​တီး​၍့​ဋ္ဌမ္မ​သီ​ချင်း များ​ဖြင့် ချီး​မွမ်း​ပါ​မည်။
23 My lips shall greatly rejoice when I sing to thee; and my soul, whom thou hast redeemed.
၂၃ကိုယ်​တော်​ရှင်​အ​တွက်​စောင်း​ကို​တီး​စဉ် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ သီ​ချင်း​ဆို​ပါ​မည်။
24 My tongue also shall talk of thy righteousness all the day long: for they are confounded, for they are brought to shame, that seek my hurt.
၂၄ကျွန်​တော်​မျိုး​အား​အ​ကျိုး​ယုတ်​စေ​ရန် ရှာ​ကြံ​သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​၍​အ​သ​ရေ​ပျက် ရ​ကြ​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ရှင်​ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​အ​ကြောင်း​ကို​တစ်​နေ့​လုံး​ပြော​ကြား ပါ​မည်။

< Psalms 71 >