< Luke 21 >

1 Jesus looked up and saw the rich men who were putting their gifts into the treasury.
ထိုနောက် ကိုယ်တော်သည် မျှော်ကြည့် ၍ ၊ ငွေရတတ် သောသူ တို့သည်အလှူဒါန ကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို မြင် တော်မူ၏။
2 He saw a certain poor widow putting in two mites.
ဆင်းရဲ သော မုတ်ဆိုးမ တစ် ယောက်သည်လည်း ကြေးနီ ဒင်္ဂါးနှစ် ပြား သွင်းချ သည်ကို မြင် တော်မူလျှင်၊
3 So he said, “Truly I say to you, this poor widow put in more than all of them.
ငါ အမှန် ဆိုသည်ကား ၊ ထို ဆင်းရဲ သော မုတ်ဆိုးမ သည် အခြားသောသူအပေါင်း တို့ထက် သာ၍သွင်းချ ပြီ။
4 All of these gave gifts out of their abundance. But this widow, out of her poverty, put in all she had to live on.”
အကြောင်းမူကား ၊ ထိုသူ အပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ် ထဲက နှုတ်၍ ဘုရားသခင်၏ အလှူ တော်စုထဲသို့ သွင်းချ ကြ၏။ ထိုမိန်းမ မူကား ၊ အလွန်ဆင်းရဲလျက်ပင်မိမိ အသက်မွေးစရာ ဥစ္စာရှိသမျှ ကို သွင်းချလေပြီ ဟု မိန့် တော်မူ၏။
5 As some spoke of the temple, how it was decorated with beautiful stones and offerings, he said,
လူ အချို့တို့သည် လာ၍ ဗိမာန် တော်သည် တင့်တယ် သောကျောက် ပြားနှင့်၎င်း ၊ ပူဇော် သက္ကာများ နှင့်၎င်း ဆင်ပြင် လျက် ရှိပါ၏ဟုလျှောက် ကြလျှင် ၊
6 “As for these things that you see, the days will come when not one stone will be left on another which will not be torn down.”
ကိုယ်တော်က၊ ဤအရာ များကို သင်တို့သည် ယခုမြင် ရကြ၏။ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှ မတည် မနေရသော အချိန် ကာလရောက် လိမ့်မည် ဟု မိန့် တော်မူ၏။
7 So they asked him, saying, “Teacher, when will these things happen? What will be the sign when these things are about to happen?”
သူ တို့ကလည်း ၊ အရှင် ဘုရား၊ ထို အမူအရာတို့သည် အဘယ် ကာလမှဖြစ် ပါမည်နည်း။ ထို အမှုအရာ တို့သည် ဖြစ် ချိန်နီးသောအခါ အဘယ် ပုပ္ပ နိမိတ်ပေါ်ထွန်း ပါမည်နည်းဟု မေး လျှောက် ကြလျှင်၊
8 Jesus answered, “Be careful that you are not deceived. For many will come in my name, saying, 'I am he,' and, 'The time is near.' Do not go after them.
ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြား ခြင်းသို့ မ လိုက်မပါမည်အကြောင်း သတိပြု ကြလော့။ အများ သောသူတို့က၊ ငါ သည် ဤမည်သောသူဖြစ် ၏။ အချိန် ကာလလည်း ရောက်လာ ပြီဟုဆို လျက် ငါ ၏အယောင် ကို ဆောင်၍ ပေါ်လာ ကြလိမ့်မည်။ ထိုသူ တို့နောက် သို့ မ လိုက် ကြနှင့်။
9 When you hear of wars and riots, do not be terrified, for these things must happen first, but the end will not happen immediately.”
သင်တို့သည် စစ်တိုက် ခြင်းအကြောင်း၊ ပုန်ကန် ခြင်းအကြောင်းကို သိတင်းကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်။ ထိုအမှုအရာ များသည် အရင် ဖြစ် ရ မည်။ သို့သော်လည်း အဆုံး သည် အလျင်အမြန် မ ဖြစ် သေး။
10 Then he said to them, “Nation will rise against nation, and kingdom against kingdom.
၁၀ထိုမှတစ်ပါး ၊ လူ တမျိုးနှင့် တမျိုး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ရန်ဘက် ပြု ကြလိမ့်မည်။
11 There will be great earthquakes, and in various places famines and plagues. There will be terrifying events and great signs from heaven.
၁၁အရပ် ရပ် တို့၌ ကြီးစွာ သော မြေလှုပ် ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်းတို့သည် ဖြစ် ကြ လိမ့်မည်။ မိုးကောင်းကင် ၌ လည်း ကြောက်မက်ဖွယ် သောအရာနှင့် ကြီးစွာ သောပုပ္ပ နိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။
12 But before all of these things, they will lay their hands on you and will persecute you, delivering you over to the synagogues and prisons, bringing you before kings and governors because of my name.
၁၂ထို အမှုအရာများမ ဖြစ်မှီလူများတို့သည် ငါ ၏နာမ ကြောင့် သင် တို့ကို ဘမ်းဆီး ညှဉ်းဆဲ ၍ တရားစရပ် ၌ ၎င်း ၊ ထောင် ထဲ၌၎င်းအပ်နှံ ကြလိမ့်မည်။
13 It will lead to an opportunity for your testimony.
၁၃ထိုသို့သောအားဖြင့်သင် တို့သည် သက်သေ ခံရသောအခွင့်ရှိ ကြလိမ့်မည်။
14 Therefore resolve in your hearts not to prepare your defense ahead of time,
၁၄ထိုကြောင့် သင် တို့သည် အဘယ်သို့ပြန်ပြော ရမည်ကို ရှေ့မဆွက မ ဆင်ခြင်ခြင်းငှာ သတိ ထား ကြလော့။
15 for I will give you words and wisdom that all your adversaries will not be able to resist or contradict.
၁၅အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။
16 But you will be delivered up also by parents, brothers, relatives, and friends, and they will put some of you to death.
၁၆သင်တို့မိဘ ၊ ညီအစ်ကို ၊ ပေါက်ဘော် ၊ အဆွေခင်ပွန်း တို့သည် သင် တို့ကို အပ်နှံ ကြလိမ့်မည်။ အချို့ တို့ ကိုလည်း သတ် ကြလိမ့်မည်။
17 You will be hated by everyone because of my name.
၁၇လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည်။
18 But not a hair of your head will perish.
၁၈သို့သော်လည်း သင် တို့ ဆံခြည် တစ်ပင်မျှ မပျက်စီး ရ။
19 In your endurance you will gain your souls.
၁၉သင် တို့သည်တည်ကြည် သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။
20 When you see Jerusalem surrounded by armies, then know that its destruction is near.
၂၀ယေရုရှလင် မြို့ကို ဗိုလ်ခြေ များဝန်းရံ လျက်ရှိသည်ကို သင်တို့မြင် သောအခါ ၊ ထိုမြို့ သည် ပျက်စီး ခြင်းသို့ ရောက် လုသည်ကို သိမှတ် ကြလော့။
21 Then let those in Judea flee to the mountains, let those who are in the city leave it, and those who are out in the country must not enter the city.
၂၁ထိုအခါ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။ မြို့ ထဲ ၌ ရှိသောသူ တို့သည် မြို့ပြင်သို့ ထွက် ကြစေ။ တောရွာ မှာ ရှိသောသူ တို့သည် မြို့ ထဲသို့ မ ဝင် ကြစေနှင့်။
22 For these are days of vengeance, so that all the things that are written will be fulfilled.
၂၂အကြောင်းမူကား ၊ ထို နေ့ရက် ကာလသည် ကျမ်းစာ ချက်များ ပြည့်စုံ ရသော ဒဏ်စီရင် ခြင်းနေ့ရက်ကာလဖြစ် သတည်း။
23 Woe to them who are pregnant and to them who are nursing in those days! For there will be great distress upon the land, and wrath to this people.
၂၃ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာ သော ဆင်းရဲ ဒုက္ခဖြစ်၍ယုဒ အမျိုး အပေါ်၌ အမျက် ဒေါသသင့်ရောက် လိမ့်မည်။
24 They will fall by the edge of the sword, and they will be led captive into all the nations, and Jerusalem will be trampled by the Gentiles until the times of the Gentiles are fulfilled.
၂၄သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။
25 There will be signs in the sun, in the moon, and in the stars, and on the earth. The nations will be in distress, anxious because of the roar of the sea and waves.
၂၅ထိုအခါ ၊ နေ ၊ လ ၊ ကြယ် နက္ခတ်တို့၌ ပုပ္ပ နိမိတ်ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာ လည်း လူအမျိုးမျိုး မ ငြိမ်မသက်စိုးရိမ်ကြောင့်ကြ ခြင်း၊ သမုဒ္ဒရာ လှိုင်း တံပိုးကြီးခြင်း၊
26 There will be men fainting from fear and from expectation of the things which are coming upon the world. For the powers of the heavens will be shaken.
၂၆မြေကြီး ပေါ်မှာဖြစ် လတံ့သော ဘေး များကိုမြော် ၍ ကြောက်လန့် သဖြင့် ၊ လူ များတို့၏ အသက် ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။
27 Then they will see the Son of Man coming in a cloud with power and great glory.
၂၇ထိုအခါ လူ သား သည် ကြီးစွာ သောဘုန်း တန်ခိုးအာနုဘော် ကို ဆောင်လျက် ၊ မိုဃ်းတိမ် ကို စီး လျက် ကြွလာ သည်ကို မြင် ရကြလိမ့်မည်။
28 But when these things begin to happen, stand up and lift up your heads, because your deliverance is coming near.”
၂၈ထို အမှုအရာတို့သည် ဖြစ် စရှိ သောအခါ၊ သင် တို့ကို ရွေးနှုတ် သောအချိန်ကာလရောက် လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ၍ ခေါင်း ကိုကြွ ကြလော့ ဟု မိန့်တော်မူ၏။
29 Jesus told them a parable, “Look at the fig tree, and all the trees.
၂၉တဖန် ထပ်၍မိန့် တော်မူသောဥပမာ ကား၊ သင်္ဘောသဖန်း ပင်မှစ၍ သစ်ပင် များ ကို မှတ် ကြလော့။
30 When they sprout buds, you see for yourselves and know that summer is already near.
၃၀အရွက် ပေါက်သောအခါ နွေ ကာလနီး သည်ကို သင် တို့သည် အလိုအလျောက် သိ မြင် ကြ၏။
31 So also, when you see these things happening, you know that the kingdom of God is near.
၃၁ထိုနည်းတူ ထိုအကြောင်း အရာများဖြစ် သည်ကို မြင် ရလျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော် တည်လုနီး သည် ကို သိမှတ် ကြလော့။
32 Truly I say to you, this generation will not pass away until all these things take place.
၃၂ငါ အမှန် ဆိုသည်ကား ၊ ယခု ဖြစ်သောလူ များ မ ကုန် မှီ ထိုအကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။
33 Heaven and earth will pass away, but my words will never pass away.
၃၃ကောင်းကင် နှင့် မြေကြီး မ တည် သော်လည်း ငါ့ စကား တည် လိမ့်မည်။
34 But pay attention to yourselves, so that your hearts are not burdened with the effects of drinking and intoxication, and the worries of life, and then that day will close on you suddenly like a trap.
၃၄သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။
35 For it will come upon everyone living on the face of the whole earth.
၃၅ထိုနေ့ရက်သည် ပိုက်ကွန် ကဲ့သို့ မြေ တပြင်လုံး ၌ နေ သော လူအပေါင်း တို့ကို အုပ်မိ လိမ့်မည်။
36 But be alert at all times, praying that you may be strong enough to escape all these things that will take place, and to stand before the Son of Man.”
၃၆ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။
37 So during the days he was teaching in the temple, and at night he went out and stayed on the Mount of Olives.
၃၇ထိုသို့ ကိုယ်တော်သည် နေ့ရက် အစဉ်အတိုင်းဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ည အချိန် ရောက်လျှင် သံလွင် အမည် ရှိသော တောင် သို့ သွား ၍ ညဉ့်ကို လွန် စေတော်မူ၏။
38 All of the people came early in the morning to hear him in the temple.
၃၈နံနက် စောစော လူ များအပေါင်း တို့သည် ဗိမာန် တော်သို့ သွား၍ အထံ တော်၌ ဒေသနာတော်ကို နားထောင် ကြ၏။

< Luke 21 >