< Jeremiah 13 >

1 Yahweh said this to me, “Go and buy a linen undergarment and put it on around your waist, but do not put it in water first.”
တဖန် ထာဝရဘုရား က၊ သင်သည် ချည် ခါးပန်း ကို သွား ၍ ယူ ပြီးလျှင် ခါး ၌ စည်း လော့။ ရေ နှင့် မ လျှော် ရ ဟု ငါ့ အား မိန့် တော်မူသောစကားတော်အတိုင်း ၊
2 So I bought an undergarment as Yahweh directed, and I put in on around my waist.
ငါသည် ခါးပန်း ကိုယူ ၍ ခါး ၌ စည်း လေ၏။
3 Then the word of Yahweh came to me a second time, saying,
ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် လျှင် ၊
4 “Take the undergarment that you purchased that is around your waist, get up and go now to Perath. Hide it there in a rock crevice.”
သင် သည် ခါး ၌စည်းသော ခါးပန်း ကို ယူ ပြီး လျှင်၊ ဥဖရတ် မြစ်သို့ ထ သွား ၍ ၊ ကျောက် တွင်း ၌ ဝှက် ထားလော့ဟု၊
5 So I went and hid it in Perath, just as Yahweh had commanded me.
မိန့် တော်မူသည်အတိုင်း ၊ ငါသည်သွား ၍ ဥဖရတ် မြစ်နား မှာ ဝှက် ထား၏။
6 After many days, Yahweh said to me, “Get up and go back to Perath. Take from there the undergarment that I had told you to hide.”
ထို နောက်၊ ကာလ အင်တန်ကြာ ပြီးမှ ၊ ထာဝရဘုရား က၊ သင်သည် ထ ၍ ဥဖရတ် မြစ်သို့ သွား လော့။ ထို မြစ်နား မှာ ငါ့အမိန့် တော်နှင့် ဝှက် ထားခဲ့ပြီးသော ခါးပန်း ကိုထုတ် လော့ဟု မိန့် တော်မူ၏။
7 So I went back to Perath and dug out the undergarment where I had hid it, and behold, it was destroyed and completely useless.
ငါသည်လည်း ဥဖရတ် မြစ်နား သို့ သွား ပြီးလျှင် ၊ ဝှက် ထားရာအရပ် ၌ တူး ၍ ခါးပန်း ကို ထုတ် သောအခါ၊ ခါးပန်း သည် ဆွေးမြေ့ ၍ အသုံး မ ရဖြစ်၏။
8 Then the word of Yahweh came to me, saying,
ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍ မိန့် တော်မူသည်ကား၊
9 “Yahweh says this: In the same way I will destroy the great arrogance of Judah and Jerusalem.
ထိုနည်းတူ ၊ ယုဒ ပြည်၏ ထောင်လွှား ခြင်းကို ငါရှုတ်ချ မည်။ ယေရုရှလင် မြို့၏ ထောင်လွှား ခြင်းကို အလွန် ရှုတ်ချမည်။
10 This wicked people who refuses to listen to my word, who walk in the hardness of their heart, who go after other gods to worship them and bow down to them—they will be like this undergarment that is good for nothing.
၁၀ငါ့ စကား ကို နား မထောင်၊ မိမိ စိတ် နှလုံးခိုင်မာ သော သဘောအတိုင်း ကျင့် ၍၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ခြင်းငှါ လိုက်သွား သော ဤ လူ ဆိုး မျိုးသည်၊ အသုံး မ ရသော ဤ ခါးပန်း ကဲ့သို့ ဖြစ် လိမ့်မည်။
11 For just as an undergarment clings to someone's hips, so I have made all the house of Israel and all the house of Judah cling to me—this is Yahweh's declaration—to be my people, to bring me fame, praise, and honor. But they would not listen to me.
၁၁ခါးပန်း သည် လူ ၏ခါး ၌ မှီဝဲ သကဲ့သို့ ၊ ဣသရေလ အမျိုး ရှိသမျှ တို့နှင့် ယုဒ အမျိုး အပေါင်း တို့သည် ငါ ၏ လူမျိုး ၊ ဘွဲ့ နာမ၊ ဘုန်း အသရေ ဖြစ် စေခြင်းငှါ ၊ ငါ ၌ မှီဝဲ စေသော်လည်း ၊ သူတို့သည်နား မ ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
12 So you must speak this word to them, 'Yahweh, the God of Israel, says this: Every jar will be filled with wine.' They will say to you, 'Do we not indeed know that every jar will be filled with wine?'
၁၂တဖန် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ သားရေ ဘူးရှိသမျှ တို့သည် စပျစ်ရည် နှင့် ပြည့် ကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ၊ သင် သည် သူ တို့အား ပြော လော့။ သူတို့ကလည်း၊ သားရေ ဘူး ရှိသမျှ တို့ သည် စပျစ်ရည် နှင့်ပြည့် ကြလိမ့်မည်အကြောင်း ကို၊ ငါတို့မ သိ သလောဟု ပြန်ပြော ကြလျှင်၊
13 So say to them, 'Yahweh says this: See, I am about to fill with drunkenness every inhabitant of this land, the kings who sit on David's throne, the priests, prophets, and all the inhabitants of Jerusalem.
၁၃သင်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဒါဝိဒ် မင်းကြီး ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် သော ရှင်ဘုရင်မှစ၍ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယေရုရှလင် မြို့သား ရှိသမျှ တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့ကို ယစ်မူး ခြင်းနှင့် ငါပြည့် စေမည်။
14 Then I will smash each man against the other, fathers and children together—this is Yahweh's declaration—I will not pity them or have compassion, and I will not spare them from destruction.'”
၁၄ညီအစ်ကိုချင်း၊ သား အဘ ချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာ မ ရှိ၊ မ နှမြော ၊ မ ကယ်မ ဘဲ၊ ထိုသူ တို့ကို ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 Listen and pay attention. Do not be arrogant, for Yahweh had spoken.
၁၅သင်တို့သည် နားထောင် နာယူ ကြလော့။ ထောင်လွှား သောစိတ် မ ရှိကြနှင့်။ ထာဝရဘုရား အမိန့် တော် ရှိ၏။
16 Give honor to Yahweh your God before he brings darkness, and before he causes your feet to stumble on the mountains at twilight. For you are hoping for light, but he will turn the place into a deep darkness, into a dark cloud.
၁၆မိုဃ်းမချုပ်မှီ၊ မိုက် သောတောင် ပေါ် မှာ သင် တို့သည် ထိခိုက် ၍ မ လဲမှီ၊ အလင်း ကို မြော်လင့် သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ် သော မှောင်မိုက်ကို ဖြစ် စေတော်မမူမှီ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။
17 So if you will not listen, I will weep alone because of your arrogance. My eyes will certainly weep and flow with tears, for Yahweh's flock has been taken captive.
၁၇သင်တို့သည် နား မ ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။
18 “Say to the king and to the queen mother, 'Come down from your thrones, for your splendid crowns have fallen from your heads.'
၁၈ကိုယ်ကိုကိုယ်နှိမ့်ချ ၍ ထိုင် ကြလော့။ သင် တို့၌ ဘုန်းကြီး သော သရဖူ သည် သင် တို့၏ ခေါင်း ပေါ်မှ ဆင်း ရလိမ့်မည်ဟု၊ ရှင်ဘုရင် နှင့် မိဖုရား တို့အား ပြော လော့။
19 The cities in the Negev will be shut up, with no one to open them. All Judah will be taken captive, completely taken captive.
၁၉တောင် ဘက် မြို့ တို့ကို ပိတ် ထား၍ အဘယ်သူ မျှ မဖွင့် ရ။ ယုဒ ပြည်သူပြည်သားအပေါင်း တို့ကို သိမ်းသွား ကြပြီ။ အကုန် အစင်သိမ်းသွား ကြပြီ။
20 Lift up your eyes and look at the ones coming from the north. Where is the flock he gave to you, the flock that was so beautiful to you?
၂၀မြောက် မျက်နှာက လာ သောသူတို့ ကို မျှော် ၍ ကြည့် လော့။ သင့် အား ငါပေး သော သိုးစု ၊ လှ သောသိုးစု သည် အဘယ် မှာရှိသနည်း။
21 What will you say when God sets over you those you had trained to be your special allies? Are these not the beginnings of the labor pains that will seize you just like a woman in childbirth?
၂၁သင် သည် ဆုံးမ တော်မူခြင်းကို ခံရသောအခါ ၊ အဘယ်သို့ ပြော လိမ့်မည်နည်း။ သူ တို့သည် သင့် ကို အစိုး တရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံ ပေးပြီး။ သားဘွား သော မိန်းမ ခံရသောဝေဒနာ ကို သင် ခံရ လိမ့်မည်မ ဟုတ်လော။
22 Then you might say in your heart, 'Why are these things happening to me?' It will be for the multitude of your iniquities that your skirts are raised up and you have been violated.
၂၂သင်ကလည်း၊ အဘယ် အကြောင်းကြောင့် ဤ အမှုရောက် သနည်းဟုစိတ် ထဲ၌ အောက်မေ့ လျှင် ၊ သင် ၏အပြစ် များ သောကြောင့် ၊ သင့် အဝတ် ကို ချွတ် ရ၏။ ခြေနင်း ကိုလည်းမ စီးရ။
23 Can the people of Cush change their skin color, or a leopard change its spots? If so, then you yourself, although accustomed to wickedness, would be able to do good.
၂၃အဲသယောပိ လူသည် မိမိ အရေ ၏ အဆင်းကို၎င်း၊ ကျားသစ် သည် မိမိ အကွက် အကျားတို့ကို၎င်းပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက် ကို ပြုလေ့ရှိသောသူတို့ သည်၊ သုစရိုက် ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
24 So I will scatter them like chaff that perishes in the desert wind.
၂၄ထိုကြောင့် ၊ ဖွဲ ကို လေ ပြင်းတိုက် လွှင့်သကဲ့သို့ ၊ ထိုသူ တို့ကို ငါလွင့် စေမည်။
25 This is what I have given to you, the portion I have decreed for you—this is Yahweh's declaration— because you have forgotten me and trusted in deceit.
၂၅သင်သည်ငါ့ ကို မေ့လျော့ ၍ ၊ မုသာ ၌ မှီဝဲ ဆည်းကပ်သောကြောင့် ၊ သင့် အဘို့ ငါတိုင်းထွာ ၍ ပေး လတံ့သော အငန်းအတာ ကား ဤ သို့တည်း။
26 So also I myself will strip your skirts off you, and your private parts will be seen.
၂၆ထိုသို့ နှင့်အညီသင် ရှက် စရာအကြောင်းကို ထင်ရှား စေခြင်းငှါ ၊ သင် ၏ အဝတ် ကို ငါ ဖွင့်လှစ် ၍ ပြ မည်။
27 I have seen your adultery and neighing, the wickedness of your prostitution on the hills and in the fields, and I have seen these detestable things! Woe to you, Jerusalem! How long until you are made clean again?”
၂၇သင် ၏ မျောက်မထား ခြင်း၊ ဟီ မြည်ခြင်း၊ မတရား သောမေထုန် ၏ညစ်ညူး ခြင်း၊ တောင် ပေါ်၌၎င်း ၊ လယ်ပြင် ၌ ၎င်း ပြုသောစက်ဆုပ် ရွံရှာဘွယ်တို့ကို ငါ သိ မြင်၏။ အိုယေရုရှလင် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ သန့်ရှင်း ခြင်းသို့ မ ရောက်ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

< Jeremiah 13 >