< Romans 16 >
1 I commede vnto you Phebe oure sister (which is a minister of the congregacion of Chenchrea)
၁ကင်ခြေမြို့အသင်းတော်တွင်ကူညီမစသူ၊ ငါ တို့၏ညီမဖြစ်သူဖိဗေ၏အကြောင်းကိုငါ ထောက်ခံပြောဆိုလို၏။-
2 that ye receave her in the Lorde as it becommeth saynctes and that ye assist her in whatsoever busynes she neadeth of youre ayde. For she hath suckered many and myne awne selfe also.
၂သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင် အချင်းချင်းအားလက်ခံသင့်သည်အတိုင်းသခင် ဘုရားကိုထောက်၍သူ့အားလက်ခံကြလော့။ အကူအညီလိုအပ်သည့်အမှုကိစ္စ၌သူ့အား ကူညီမစကြလော့။ သူသည်လူအမြောက်အမြား ကိုကူညီမစခဲ့သူဖြစ်ပေသည်။ ငါ့ကိုလည်း ကူညီမစခဲ့၏။
3 Grete Prisca and Aquila my helpers in Christ Iesu
၃ခရစ်တော်ယေရှု၏အမှုတော်ကိုဆောင်ရွက်ရာတွင် ငါ၏လုပ်ဖော်ဆောင်ဘက်ဖြစ်သူပြစ်ကိလနှင့် အာကုလတို့အားနှုတ်ဆက်ကြလော့။-
4 which have for my lyfe layde doune their awne neckes. Vnto which not I only geve thankes but also the congregacion of the getyls.
၄သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။-
5 Lyke wyse grete all the copany that is in thy housse. Salute my welbeloved Epenetos which is the fyrst frute amoge them of Achaia.
၅သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။ အာရှပြည်တွင်ပထမဆုံးခရစ်တော်ကိုယုံကြည် လက်ခံလာသူ ငါ၏ရင်းနှီးသောမိတ်ဆွေဧပဲနက် ကိုနှုတ်ဆက်ကြလော့။-
6 Grete Mary which bestowed moche labour on vs.
၆သင်တို့အတွက်အလုပ်ကိုကြိုးစားလုပ်ဆောင်သူ မာရိကိုနှုတ်ဆက်ကြလော့။-
7 Salute Andronicus and Iunia my cosyns which were presoners with me also which are wele taken amoge the Apostles and were in Christ before me.
၇အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။
8 Grete Amplias my beloved in ye Lorde.
၈သခင်ဘုရား၌ငါ၏ရင်းနှီးသောမိတ်ဆွေ၊ အမ္ပလိ ကိုနှုတ်ဆက်ကြလော့။-
9 Salute Vrban oure helper in Christ and Stachys my beloved.
၉ခရစ်တော်၏အမှုတော်ကိုဆောင်ရွက်ရာတွင်ငါ၏ လုပ်ဖော်ဆောင်ဘက်ဖြစ်သူဥရဗန်နှင့်ငါ၏ရင်းနှီး သောမိတ်ဆွေ သတာခုကိုနှုတ်ဆက်ကြလော့။-
10 Salute Appelles approved in Christ. Salute them which are of Aristobolus housholde.
၁၀အပေလေကိုနှုတ်ဆက်ကြလော့။ သူသည်ခရစ် တော်အားသစ္စာရှိသူဖြစ်ပေသည်။ အာရိတ္တောဗုလု ၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက်ကြလော့။-
11 Salute Herodion my kynsma. Grete them of the housholde of Narcissus which are in the Lorde.
၁၁ယုဒအမျိုးသားချင်းဖြစ်သူဟေရောဒျုန်ကို နှုတ်ဆက်ကြလော့။ ညီအစ်ကိုများဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက် ကြလော့။
12 Salute Triphena and Triphosa which wemen dyd labour in ye Lorde. Salute ye beloved Persis which laboured in the Lorde.
၁၂သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သူ တရုဖဲနနှင့်တရုဖောသကိုနှုတ်ဆက်လိုက်၏။ ငါ၏ရင်းနှီးသောမိတ်ဆွေပေရသိကိုနှုတ်ဆက် ကြလော့။ သူသည်သခင်ဘုရား၏အမှုတော်ကို အလွန်ကြိုးစားဆောင်ရွက်သူဖြစ်ပေသည်။-
13 Salute Rufus chosen tn the Lorde and his mother and myne.
၁၃သခင်ဘုရား၏အမှုတော်ကိုထူးချွန်စွာ ဆောင်ရွက်သူရုဖုနှင့် ငါ၏အမိသဖွယ် ဖြစ်သောသူ၏အမိကိုနှုတ်ဆက်လိုက်၏။-
14 Grete Asincritus Phlegon Herman Patrobas Hermen and the brethren which are wt them.
၁၄အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍သူတို့နှင့်ပေါင်းဖော်ကြသော ညီအစ်ကိုအပေါင်းတို့ကိုနှုတ်ဆက်ကြလော့။-
15 Salute Philologus and Iulia Nereus and his sister and Olimpha and all the saynctes which are with them.
၁၅ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမသြလုမ္ပမှ စ၍သူတို့နှင့်ပေါင်းဖော်သောဘုရားသခင်၏ လူစုတော်ဝင်အပေါင်းတို့ကိုနှုတ်ဆက်လိုက်သည်။
16 Salute one another with an holy kysse. The congregacions of Christ salute you.
၁၆သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။ ခရစ်တော်အသင်းတော်အပေါင်းကသင်တို့ အားနှုတ်ဆက်လိုက်၏။
17 I beseche you brethre marke them which cause division and geve occasions of evyll contrary to the doctrine which ye have learned: and avoyde them.
၁၇ညီအစ်ကိုတို့၊ သင်တို့ခံယူရရှိသည့်သြဝါဒ များကိုဆန့်ကျင်လျက်လူတို့အားစိတ်ဝမ်းကွဲ စေခြင်း၊ လူတို့၏ယုံကြည်ခြင်းကိုမှောက်မှား လမ်းလွဲစေခြင်းကိုပြုသောသူတို့အားသတိ ပြုကြလော့။ ထိုသူတို့ကိုရှောင်ရှားကြလော့။-
18 For they yt are suche serve not ye Lorde Iesus Christ: but their awne bellyes and with swete preachinges and flatteringe wordes deceave the hertes of the innocetes.
၁၈သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။-
19 For youre obedience extendeth to all men. I am glad no dout of you. But yet I wolde have you wyse vnto yt which is good and to be innocetes concerninge evyll.
၁၉သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။-
20 The God of peace treade Satan vnder youre fete shortly. The grace of oure Lorde Iesu Christ be with you.
၂၀ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
21 Thimotheus my worke felow and Lucius and Iason and Sopater my kynsmen salute you.
၂၁ငါ၏လုပ်ဖော်ဆောင်ဘက်တိမောသေနှင့်ယုဒ အမျိုးသားဖြစ်ကြသူလုကိ၊ ယာသုန်နှင့်သော သိပတရုတို့ကသင်တို့အားနှုတ်ဆက်လိုက် ကြ၏။
22 I Tertius salute you which wrote this epistle in the Lorde.
၂၂ကျွန်ုပ်တေရတိသည်ဤစာကိုနှုတ်တိုက်လိုက်၍ ရေးသားခဲ့ပါ၏။ ကျွန်ုပ်ကလည်းခရစ်တော်အား ဖြင့်သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
23 Gaius myne hoste and the hoste of all the congregacions saluteth you. Erastus the chamberlayne of ye cite saluteth you. And Quartus a brother saluteth you.
၂၃ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
24 The grace of oure Lorde Iesu Christ be wt you all. Ame
၂၄ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်ကို သင်တို့အားလုံးခံစားကြရပါစေသော။ အာမင်။
25 To him that is of power to stablisshe you accordinge to my gospell and preachinge of Iesus Christ in vtteringe of the mistery which was kept secret sence the worlde begane (aiōnios )
၂၅ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။- (aiōnios )
26 but now is opened by ye scriptures of prophesie at the commaundement of the everlastinge god to stere vp obedience to the faith publisshed amonge all nacions: (aiōnios )
၂၆သို့ရာတွင်ယခုအခါ၌ထိုလျှို့ဝှက်သည့်သစ္စာ တရားသည်ပရောဖက်ကျမ်းများအားဖြင့်ပေါ် လွင်ထင်ရှားလာလေပြီ။ လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကိုယုံကြည်ကာကိုယ်တော်၏စကား တော်ကိုနာခံလာကြစေရန် နိစ္စထာဝရအသက် ရှင်တော်မူသောဘုရား၏အမိန့်တော်အရထို သစ္စာတရားကိုကြေညာလေပြီ။ (aiōnios )
27 To the same God which alone is wyse be prayse thorowe Iesus Christ for ever. Amen. (aiōn )
၂၇တစ်ဆူတည်းသာလျှင် ဉာဏ်တော်အနန္တနှင့်ပြည့်စုံ တော်မူသောဘုရားသခင်သည်ယေရှုခရစ်အား ဖြင့် ထာဝစဉ်ဘုန်းအသရေထွန်းတောက်တော်မူ ပါစေသတည်း။ အာမင်။ ရောမသြဝါဒစာပြီး၏။ (aiōn )