< Romans 1 >
1 Paul the seruaut of Iesus Christ called to be an Apostle put a parte to preache the Gospell of God
၁သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
2 which he promysed afore by his Prophetes in the holy scriptures
၂ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။-
3 that make mension of his sonne the which was begotte of the seed of David as pertayninge to the flesshe:
၃ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
4 and declared to be the sonne of God with power of the holy goost that sanctifieth sence ye tyme that Iesus Christ oure Lorde rose agayne from deeth
၄ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
5 by whom we have receaved grace and apostleshyppe to bringe all maner hethe people vnto obedience of the fayth that is in his name:
၅ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
6 of the which hethen are ye a part also which are Iesus christes by vocacio.
၆ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။
7 To all you of Rome beloved of God and saynctes by callinge. Grace be with you and peace from God oure father and from the Lorde Iesus Christ.
၇ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။
8 Fyrst verely I thanke my God thorow Iesus Christ for you all because youre fayth is publisshed through out all the worlde.
၈သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
9 For God is my witnes whom I serve with my sprete in the Gospell of his sonne that with out ceasinge I make mencion of you alwayes in my prayers
၉သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
10 besechinge that at one tyme or another a prosperous iorney (by ye will of god) myght fortune me to come vnto you.
၁၀
11 For I longe to see you that I myght bestowe amoge you some spirituall gyfte to strength you with all:
၁၁သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
12 that is that I myght have consolacion together with you through the commen fayth which bothe ye and I have.
၁၂တစ်နည်းကားယင်းသို့တွေ့ဆုံမိကြသော အခါသင်တို့နှင့်ငါသည် မိမိတို့အသီး သီး၏ယုံကြည်ခြင်းကိုဝေမျှ၍အပြန် အလှန်အားပေးနိုင်လိမ့်မည်ဖြစ်သည်။
13 I wolde that ye shuld knowe brethre how that I have often tymes purposed to come vnto you (but have bene let hitherto) to have some frute amonge you as I have amonge other of ye Gentyls.
၁၃ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-
14 For I am detter both to the Grekes and to them which are no Grekes vnto the learned and also vnto the vnlearned.
၁၄လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊-
15 Lykewyse as moche as in me is I am redy to preache the Gospell to you of Rome also.
၁၅သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။
16 For I am not ashamed of the Gospell of Christ because it is ye power of God vnto salvacio to all yt beleve namely to the Iewe and also to ye getyle.
၁၆ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
17 For by it ye rightewesnes which cometh of god is opened fro fayth to fayth. As it is written: The iust shall live by fayth.
၁၇ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
18 For the wrath of God apereth from heven agaynst all vngodlynes and vnrightewesnes of me which withholde ye trueth in vnrightewesnes
၁၈အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-
19 seynge what maye be knowen of God that same is manifest amoge them. For God dyd shewe it vnto them.
၁၉ထိုသူတို့အားဘုရားသခင်ကိုယ်တော်တိုင် ရှင်းလင်းစွာဖော်ပြတော်မူသဖြင့် ကိုယ်တော် ၏အကြောင်းနှင့်ပတ်သက်၍သိနိုင်ခွင့်ရှိသမျှ သောအကြောင်းအရာတို့ကိုရှင်းလင်းစွာသိရ ကြ၏။ ဤအကြောင်းကြောင့်ဘုရားသခင် သည်သူတို့အားဒဏ်ခတ်တော်မူခြင်းဖြစ်၏။-
20 So that his invisible thinges: that is to saye his eternall power and godhed are vnderstonde and sene by the workes from the creacion of the worlde. So that they are without excuse (aïdios )
၂၀ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။- (aïdios )
21 in as moche as when they knewe god they glorified him not as God nether were thakfull but wexed full of vanities in their imaginacions and their folisshe hertes were blynded.
၂၁သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
22 When they couted them selves wyse they became foles
၂၂သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။-
23 and turned the glory of the immortall god vnto the similitude of the ymage of mortall man and of byrdes and foure foted beastes and of serpentes.
၂၃သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။
24 Wherfore god lykewyse gave the vp vnto their hertes lustes vnto vnclennes to defyle their awne boddyes bitwene them selves:
၂၄ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။-
25 which tourned his truthe vnto a lye and worshipped and served the creatures more then ye maker which is blessed for ever. Ame. (aiōn )
၂၅သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။ (aiōn )
26 For this cause god gave them vp vnto shamfull lustes. For even their wemen did chaunge the naturall vse vnto the vnnaturall.
၂၆သို့ဖြစ်၍ဘုရားသခင်သည်သူတို့အားရှက် ဖွယ်ကောင်းသည့် ကိလေသာလက်သို့အပ်လိုက် တော်မူ၏။ မိန်းမတို့ပင်လျှင်ဋ္ဌမ္မတာထုံးစံ အစားဆန့်ကျင်သောထုံးစံကိုကျင့်ကြ၏။-
27 And lyke wyse also the men lefte the naturall vse of the woma and bret in their lustes one on another. And man with man wrought filthynes and receaved in them selves the rewarde of their erroure as it was accordinge.
၂၇ထိုနည်းတူစွာယောကျာ်းတို့သည်လည်း မိန်းမ များနှင့်ဋ္ဌမ္မတာထုံးစံအတိုင်းဆက်ဆံမှုကို မပြုဘဲ ယောကျာ်းအချင်းချင်းရာဂမီးတောက် လောင်လျက်ရှိကြ၏။ ယောကျာ်းတို့သည်အချင်း ချင်းအားရှက်ကြောက်ဖွယ်သောအမှုတို့ကိုပြု ကြသဖြင့် မိမိတို့ဆိုးညစ်သောအကျင့် အတွက်ထိုက်သင့်သည့်အပြစ်ဒဏ်ကိုခံရ ကြ၏။
28 And as it semed not good vnto them to be aknowen of God even so God delivered them vp vnto a leawde mynd yt they shuld do tho thinges which were not comly
၂၈ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
29 beinge full of all vnrighteous doinge of fornicacio wickednes coveteousnes maliciousnes full of envie morther debate disseyte evill codicioned whisperers
၂၉သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။-
30 backbyters haters of God doers of wroge proude bosters bringers vp of evyll thinges disobedient to father and mother
၃၀သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။-
31 with out vnderstondinge covenaunte breakers vnlovinge trucebreakers and merciles.
၃၁သြတ္တပ္ပစိတ်မရှိကြ။ ကတိမတည်ကြ။ ကြင်နာသနားတတ်သည့်စိတ်လည်းမရှိ။-
32 Which me though they knew the rightewesnes of God how that they which soche thinges commyt are worthy of deeth yet not only do the same but also have pleasure in them that do them.
၃၂ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။