< Matthew 25 >

1 Then ye kyngdome of heven shalbe lykened vnto. x. virgins which toke their lampes and wet to mete the brydgrome:
``ထို​ကာ​လ​၌​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မီး​ခွက် များ​ကို​ယူ​၍ မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​ကြို​ဆို ရန်​ထွက်​သွား​သည့်​အ​ပျို​ရံ​ဆယ်​ယောက်​တို့​တွေ့ ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။-
2 fyve of them were folysshe and fyve were wyse.
သူ​တို့​အ​နက်​ငါး​ယောက်​သည်​ပ​ညာ​သ​တိ ရှိ​၏။ ငါး​ယောက်​မူ​ကား​ပ​ညာ​သ​တိ​မ​ရှိ။-
3 The folysshe toke their lampes but toke none oyle wt the.
ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ မီး​ခွက်​များ​ကို​ယူ​ခဲ့​သော်​လည်း​ဆီ​ပို​ကို မူ​မ​ယူ​ခဲ့​ကြ။-
4 But ye wyse tooke oyle wt the in their vesselles wt their lampes also.
ပ​ညာ​သ​တိ​ရှိ​သူ​များ​မူ​ကား​မိ​မိ​တို့​၏ မီး​ခွက်​များ​သာ​မ​က​ဆီ​ပို​ကို​လည်း​ဘူး တွင်​ထည့်​၍​ယူ​ခဲ့​ကြ​၏။-
5 Whill the brydgrome taryed all slombred and slepte.
မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက်​လာ​ရန် ကြန့်​ကြာ​၍​နေ​သ​ဖြင့်​သူ​တို့​အား​လုံး​ငိုက် မျဉ်း​အိပ်​ပျော်​ကုန်​ကြ​၏။
6 And even at mydnyght there was a crye made: beholde the brydgrome cometh goo out against him.
``သန်း​ခေါင်​ယံ​၌`မင်္ဂ​လာ​ဆောင်​သ​တို့​သား​ရောက် လာ​ပြီ။ သွား​၍​ကြို​ဆို​ကြ​လော့' ဟူ​သော​ကြွေး ကြော်​သံ​ကို​ကြား​ရ​ကြ​၏။-
7 Then all those virgins arose and prepared their lampes.
ထို​အ​ခါ​အ​ပျို​ရံ​အား​လုံး​တို့​သည်​ထ​၍​မိ​မိ ၏​မီး​ခွက်​များ​ကို​အ​သင့်​ပြင်​ကြ​၏။-
8 And ye folysshe sayde to ye wyse: geve vs of youre oyle for our lampes goo out?
ပ​ညာ​သ​တိ​မ​ရှိ​သူ​များ​က `ငါ​တို့​မီး​ငြိမ်း တော့​မည်​ဖြစ်​၍​ငါ​တို့​ကို​ဆီ​အ​နည်း​ငယ်​ပေး ပါ' ဟု​ပ​ညာ​သ​တိ​ရှိ​သူ​တို့​ထံ​တောင်း​ကြ​၏။-
9 but ye wyse answered sayinge. Not so lest ther be not ynough for vs and you: but goo rather to them yt sell and by for youre selves.
ပညာ​သ​တိ​ရှိ​သူ​များ​က `သင်​တို့​အ​ဖို့​နှင့်​ငါ​တို့ အ​ဖို့​ပါ​ဆို​လျှင်​ဆီ​လောက်​မည်​မ​ဟုတ်​သ​ဖြင့် ဆီ​ရောင်း​သူ​ထံ​သို့​သွား​၍​သင်​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ' ဟု​ပြန်​ပြော​ကြ​၏။-
10 And whill they went to bye ye brydgrome came: and they yt were redy went in with him to ye weddinge and the gate was shett vp:
၁၀ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​ဆီ​ဝယ်​ရန်​ထွက်​သွား နေ​ခိုက်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက် လာ​၏။ အ​သင့်​ရှိ​နေ​ကြ​သော​အ​ပျို​ရံ​တို့ သည်​လည်း​သူ​နှင့်​အ​တူ​မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဝင်​ပြီး​လျှင်​တံ​ခါး​ကို​ပိတ်​ထား​လိုက်​၏။
11 Afterwardes came also ye other virgins sayinge: master master open to vs.
၁၁``ပ​ညာ​သ​တိ​မ​ရှိ​သော​အ​ပျို​ရံ​များ​သည် လည်း​ပြန်​ရောက်​လာ​၍ `အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့ အား​တံ​ခါး​ဖွင့်​ပေး​ပါ' ဟု​ဆို​ကြ​၏။-
12 But he answered and sayde: verely I saye vnto you: I knowe not you.
၁၂သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​က `မ​ဖွင့် ပေး​နိုင်​ပါ။ သင်​တို့​ကို​ငါ​မ​သိ' ဟု​ပြန်​ပြော​၏။
13 Watche therefore: for ye knowe nether the daye nor yet the houre when the sonne of man shall come.
၁၃``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။
14 Lykwyse as a certeyne ma redy to take his iorney to a straunge coutre called his servautes and delivered to them his gooddes.
၁၄``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ခ​ရီး​ပြု​ရန် မိ​မိ​အိမ် မှ​ထွက်​မည့်​ဆဲ​ဆဲ​ရှိ​သူ လူ​တစ်​ယောက်​ကြုံ​တွေ့​ရ သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။ သူ​သည်​မိ​မိ ၏​ကျွန်​များ​ကို​ခေါ်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​အပ်​၏။-
15 And vnto one he gave. v. talentes to another. ii. and to another one: to every man after his abilite and streyght waye departed.
၁၅တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-
16 Then he that had receaved the fyve talentes went and bestowed them and wanne other fyve talentes.
၁၆ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။-
17 Lykwyse he that receaved. ii. gayned other. ii.
၁၇ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။-
18 But he yt receaved ye one went and digged a pit in the erth and hyd his masters money.
၁၈ရွှေ​တစ်​ပိဿာ​ရ​သူ​မူ​ကား​နေ​ရာ​တစ်​ခု​သို့​သွား ၍​မိ​မိ​သ​ခင်​၏​ရွှေ​ကို​မြေ​တွင်​မြှုပ်​ထား​လေ​၏။
19 After a longe season ye lorde of those servauntes came and rekened with the.
၁၉``ကာ​လ​အ​တော်​ကြာ​သော်​ထို​ကျွန်​တို့​၏​အ​ရှင် သည်​ပြန်​လာ​၍​သူ​တို့​နှင့်​စာ​ရင်း​ရှင်း​၏။-
20 Then came he yt had receaved fyve talentes and brought other fyve talentes sayinge: master thou deliveredst vnto one fyve talentes: beholde I have gayned wt the fyve talentes moo.
၂၀ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​အ​ပို​ရွှေ​ငါး​ပိ​ဿာ​ကို​ယူ ဆောင်​လာ​ပြီး​လျှင်`အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင်​ရွှေ ငါး​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ် သည်​ရွှေ​ငါး​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု​လျှောက်​၏။-
21 The his master sayde vnto him: well good servaut and faithfull. Thou hast bene faithfull in lytell I will make the ruler over moche: entre in into thy masters ioye.
၂၁သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။
22 Also he that receaved. ii. talentes came and sayde: master thou deliveredest vnto me. ii. talentes: beholde I have wone. ii. other talentes with them.
၂၂``ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း​လာ​၍`အ​ရှင်၊ အ​ကျွန်ုပ် အား အ​ရှင်​ရွှေ​နှစ်​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် ရွှေ​နှစ်​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု လျှောက်​ထား​၏။-
23 And his master sayde vnto him well good servaunt and faithfull. Thou hast bene faithfull in lytell I wyll make the ruler over moche: go in into thy masters ioye.
၂၃သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။
24 Then he which had receaved ye one talent came and sayd: master I considered yt thou wast an harde man which repest where thou sowedst not and gadderest where thou strawedst not
၂၄``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။-
25 and was therfore afrayde and went and hyd thy talent in ye erth: Beholde thou hast thyn awne.
၂၅အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။''
26 His master answered and sayde vnto him: thou evyll servaut and slewthfull thou knewest yt I repe where I sowed not and gaddre where I strawed not:
၂၆``သ​ခင်​က​လည်း `အ​ချင်း​ဆိုး​ညစ်​သည့်​ကျွန်​ပျင်း၊ ငါ​သည်​မိ​မိ​မ​စိုက်​မ​ပျိုး​သည့်​အ​ရပ်​တွင်​ရိတ်​သိမ်း ၍​မ​ကြဲ​မ​ဖြန့်​သည့်​အ​ရပ်​တွင်​စု​သိမ်း​တတ်​သည် ကို​သင်​သိ​သည်​မှန်​လျှင်၊-
27 thou oughtest therfore to have had my money to ye chaugers and then at my comynge shulde I have receaved myne awne with vauntage.
၂၇ငါ​၏​ရွှေ​ကို​ဘဏ်​တွင်​အပ်​ထား​သင့်​၏။ သို့​မှ​သာ လျှင်​ငါ​ပြန်​လာ​ချိန်​၌​အ​တိုး​နှင့်​အ​တူ​ပြန် လည်​ရ​ရှိ​နိုင်​၏။-
28 Take therfore the talent from him and geve it vnto him which hath. x. talentes.
၂၈ထို​သူ​၏​ထံ​မှ​ရွှေ​တစ်​ပိဿာ​ကို​ယူ​၍​ဆယ်​ပိ​ဿာ ရှိ​သူ​အား​ပေး​ကြ။-
29 For vnto every man that hath shalbe geven and he shall have aboundance: and from him that hath not shalbe taken awaye even that he hath.
၂၉ကြွယ်​ဝ​ချမ်း​သာ​သော​သူ​သည်​ထပ်​၍​ရ​ရှိ​သ​ဖြင့် သူ​၌​ပို​လျှံ​၍​နေ​လိမ့်​မည်။ သို့​ရာ​တွင်​ဆင်း​ရဲ သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။-
30 And cast yt vnprofitable servaunt into vtter dercknes: there shalbe wepynge and gnasshinge of teeth.
၃၀အ​သုံး​မ​ကျ​သည့်​ဤ​ကျွန်​ကို​အ​ပြင်​အ​မှောင်​ထဲ သို့​ထုတ်​လိုက်​ကြ။ သူ​သည်​ထို​အ​ရပ်​တွင်​ငို​ကြွေး မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ​လိမ့် မည်' ဟု​ဆို​၏။''
31 When the sonne of ma cometh in his glorie and all the holy angels wt him then shall he syt vpon the seate of his glorie
၃၁``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-
32 and before him shalbe Gaddred all nacions. And he shall seperate the one from a nother as a shepherde deuideth the shepe from the gootes.
၃၂ထို​အ​ခါ​လူ​မျိုး​အ​ပေါင်း​တို့​သည်​ရှေ့​တော်​တွင် စု​ရုံး​ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​နှင့်​ဆိတ် တို့​ကို​တ​ခြား​စီ​ခွဲ​ထုတ်​သ​ကဲ့​သို့​လူ​သား​သည် လည်း​လူ​တို့​အား​နှစ်​စု​ခွဲ​ထုတ်​တော်​မူ​ပြီး​လျှင်၊-
33 And he shall set the shepe on his right honde and the gotes on the lyfte.
၃၃သူ​တော်​ကောင်း​များ​ကို​လက်​ယာ​တော်​ဘက်၊ သူ​ယုတ်​မာ​များ​ကို​လက်​ဝဲ​တော်​ဘက်​တွင် ထား​တော်​မူ​လိမ့်​မည်။-
34 Then shall the kynge saye to them on his right honde: Come ye blessed chyldren of my father inheret ye the kyngdo prepared for you from the beginninge of the worlde.
၃၄ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။-
35 For I was anhongred and ye gave me meate. I thursted and ye gave me drinke. I was herbourlesse and ye lodged me.
၃၅သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။-
36 I was naked and ye clothed me. I was sicke and ye visited me. I was in preson and ye came vnto me.
၃၆ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စဉ်​အ​ခါ​က အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​ကြ​၏။ ငါ​ဖျား​နာ​စဉ် အ​ခါ​က​ပြု​စု​ကြ​၏။ ငါ​ထောင်​ကျ​စဉ်​အ​ခါ က​ငါ့​ထံ​လာ​ရောက်​ကြ​၏' ဟု​မိန့်​တော်​မူ​၏။''
37 Then shall ye righteous answere him sayinge master whe sawe we ye anhongred and feed the? or a thurst and gave ye drinke?
၃၇ထို​အ​ခါ​သူ​တော်​ကောင်း​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ​၌​မြင်​၍​အ​ကျွန်ုပ်​တို့​ကျွေး​မွေး ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​သောက်​ရေ​ကို​ပေး​ပါ​သ​နည်း။-
38 when sawe we ye herbourlesse and lodged the? or naked and clothed the?
၃၈ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ်​အ​ခါ​၌ မြင်​၍​အ​ကျွန်ုပ်​တို့​ဧည့်​သည်​ဝတ်​ကို​ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​အ​ဝတ်​ဝတ်​ဆင်​ပေး​ပါ​သ​နည်း။-
39 or when sawe we the sicke or in preson and came vnto the?
၃၉ဖျား​နာ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ တော်​မူ​သည်​ကို​လည်း​ကောင်း​အ​ဘယ်​အ​ခါ​၌ အ​ကျွန်ုပ်​တို့​မြင်​၍​အ​ထံ​တော်​သို့​လာ​ကြ​ပါ သ​နည်း' ဟု​ပြန်​၍​လျှောက်​ထား​ကြ​၏။-
40 And ye kynge shall answere and saye vnto them: verely I saye vnto you: in as moche as ye have done it vnto one of ye leest of these my brethren ye have done it to me.
၄၀ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။
41 Then shall the kynge saye vnto them that shalbe on the lyfte hande: departe from me ye coursed into everlastinge fire which is prepared for the devyll and his angels. (aiōnios g166)
၄၁``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။- (aiōnios g166)
42 For I was an hungred and ye gave me no meate. I thursted and ye gave me no drinke.
၄၂ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က​သင်​တို့​သည် ငါ့​ကို​မ​ကျွေး​မ​မွေး​ကြ။ ငါ​ရေ​ငတ်​စဉ်​အ​ခါ က​သောက်​ရေ​ကို​မ​ပေး​ကြ။-
43 I was herbourlesse and ye lodged me not. I was naked and ye clothed me not. I was sicke and in preson and ye visited me not.
၄၃ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ်​အ​ခါ​က​ဧည့်​သည်​ဝတ် ကို​မ​ပြု​ကြ။ ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စဉ်​အ​ခါ​က​အ​ဝတ်​ဝတ်​ဆင်​မ​ပေး​ကြ။ ငါ​ဖျား နာ​စဉ်​အ​ခါ​က​လည်း​ကောင်း၊ ထောင်​ကျ​စဉ်​အ​ခါ က​လည်း​ကောင်း​သင်​တို့​သည်​ငါ့​ထံ​ကို​မ​လာ​ကြ' ဟု​မိန့်​တော်​မူ​၏။
44 Then shall they also answere him sayinge: master when sawe we the an hungred or a thurst or herbourlesse or naked or sicke or in preson and did not ministre vnto the?
၄၄``ထို​သူ​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည် ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော် မူ​ခြင်း၊ ဖျား​နာ​တော်​မူ​ခြင်း၊ ထောင်​ကျ​တော်​မူ​ခြင်း တို့​ကို​အ​ဘယ်​အ​ခါ​၌​အ​ကျွန်ုပ်​တို့​မြင်​ရ​ပါ​လျက် ကိုယ်​တော်​အား​မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ​နေ​ခဲ့​ပါ သ​နည်း' ဟု​လျှောက်​ထား​ကြ​ပေ​အံ့။-
45 Then shall he answere the and saye: Verely I saye vnto you in as moche as ye did it not to one of ye leest of these ye did it not to me.
၄၅ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သိမ်​ငယ်​သည့် ဤ​သူ​များ​အ​နက်​က​တစ်​စုံ​တစ်​ယောက်​သော သူ​ကို​သင်​တို့​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​ခြင်း​ပင်​မည်​၏' ဟု မိန့်​တော်​မူ​လိမ့်​မည်။-
46 And these shall go into everlastinge payne: And the righteous into lyfe eternall. (aiōnios g166)
၄၆ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ (aiōnios g166)

< Matthew 25 >