< Mark 16 >

1 And when ye saboth daye was past Mary Magdalen and Mary Iacobi and Salome bought odures that they myght come and anoynt him.
ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊
2 And erly in the morninge the nexte daye after the saboth day they came vnto the sepulcre when the sunne was rysen.
ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။
3 And they sayd one to another: who shall rolle vs awaye the stone from the dore of the sepulcre?
ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။
4 And when they looked they sawe how the stone was rolled awaye: for it was a very greate one.
ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း။
5 And they went into the sepulcre and sawe a yonge man syttinge on the ryght syde cloothed in a longe whyte garmet and they were abasshed.
မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ် လျက်လက်ျာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။
6 And he sayd vnto the be not afrayed: ye seke Iesus of Nazareth which was crucified. He is rysen he is not here. Beholde the place where they put him.
ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့။
7 But go youre waye and tell his disciples and namely Peter: he will goo before you into Galile: there shall ye se him as he sayde vnto you.
သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြ လော့။ အထက်ကမိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ဟု ပြော ဆို၏။
8 And they went oute quickly and fleed from the sepulcre. For they trembled and were amased. Nether sayd they eny thinge to eny man for they were afrayed.
ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆိုကြ။
9 (note: The most reliable and earliest manuscripts do not include Mark 16:9-20.) When Iesus was rysen the morow after ye saboth daye he appered fyrst to Mary Magdalen oute of whom he cast seven devyls.
(note: The most reliable and earliest manuscripts do not include Mark 16:9-20.) ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ၏။
10 And she wet and toolde them that were with him as they morned and weapte.
၁၀မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊ သူတို့အားထိုသိတင်းကို ကြားပြောလေ၏။
11 And when they herde that he was alyve and he had appered to hyr they beleved it not.
၁၁ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို၎င်း၊ မာရိသည် ကိုယ်တော်ကိုမြင်ရသည်ကို၎င်း၊ သူတို့ သည်ကြားလျှင် မယုံကြ။
12 After that he appered vnto two of them in a straunge figure as they walked and went into the country.
၁၂ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည်ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။
13 And they went and toolde it to the remnaunt. And they beleved them nether.
၁၃သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။
14 After that he appered vnto the eleve as they sate at meate: and cast in their tethe their vnbelefe and hardnes of herte: be cause they beleued not them which had sene him after his resurreccio.
၁၄ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထ မြောက်လျက်ရှိသော ကိုယ်တော်ကိုမြက်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊
15 And he sayd vnto them: Goo ye in to all the worlde and preache the glad tyges to all creatures
၁၅သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့။
16 he that beleueth and is baptised shall be saved. But he that beleveth not shalbe dampned.
၁၆ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။
17 And these signes shall folowe them that beleve: In my name they shall cast oute devyls and shall speake with newe tonges
၁၇ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။
18 and shall kyll serpentes. And yf they drinke eny dedly thinge yt shall not hurte the. They shall laye their hondes on ye sicke and they shall recover.
၁၈မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ ၏။
19 So then when the lorde had spoken vnto them he was receaued into heauen and is set doune on the ryght honde of God.
၁၉ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။
20 And they went forth and preached every where. And the Lorde wrought with them and confirmed the worde with miracles that folowed.
၂၀တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ၏။

< Mark 16 >