< John 15 >

1 I am the true vyne and my father ys an husbande man.
ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။
2 Every braunche that beareth not frute in me he will take awaye. And every braunche that beareth frute will he pourge yt it maye bringe moare frute.
ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။
3 Now are ye cleane thorow ye wordes which I have spoke vnto you.
သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။
4 Byde in me and let me byde in you. As ye braunche canot beare frute of it sylfe excepte it byde in the vyne: no more can ye excepte ye abyde in me.
ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
5 I am the vyne and ye are the braunches. He that abydeth in me and I in him the same bringeth forth moche frute. For with out me can ye do nothinge.
ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။
6 Yf a man byde not in me he ys cast forthe as a braunche and is wyddered: and men gadder it and cast it into the fyre and it burneth.
ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။
7 Yf ye byde in me and my wordes also byde in you: axe what ye will and it shalbe done to you.
သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း ၍ရကြလိမ့်မည်။
8 Heare in is my father glorified that ye beare moche frute and be made my disciples.
သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။
9 As the father hath loved me eve so have I leved you. Continue in my love.
ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေ ကြလော့။
10 Yf ye shall kepe my comaudemetes ye shall byde in my love eve as I have kept my fathers comaundementes and byde in his love.
၁၀ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။
11 These thinges have I spoken vnto you yt my ioye myght remayne in you and that youre ioye might be full.
၁၁သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။
12 This is my commaundement that ye love togedder as I have loved you.
၁၂ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။
13 Gretter love then this hath no man then that a man bestowe his lyfe for his frendes.
၁၃ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။
14 Ye are my fredes yf ye do whatsoever I commaunde you.
၁၄သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။
15 Hence forth call I you not servauntes: for the servaunt knoweth not what his Lorde doeth. But you have I called frendes: for all thinges that I have hearde of my father I have opened to you.
၁၅ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင် တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့ အား ငါပြသ၏။
16 Ye have not chosen me but I have chosen you and ordeyned you that ye go and bringe forthe frute and that youre frute remayne that whatsoever ye shall axe of the father in my name he shulde geve it you.
၁၆သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
17 This comaunde I you that ye love to gedder.
၁၇သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။
18 Yf ye worlde hate you ye knowe that he hated me before he hated you.
၁၈လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။
19 Yf ye were of the worlde ye worlde wolde love his awne. How be it because ye are not of ye worlde but I have chosen you out of the worlde therfore hateth you the worlde.
၁၉သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။
20 Remember the sayinge that I sayde vnto you: the servaute is not greater then his lorde. Yf they have persecuted me so will they persecute you Yf they have kept my sayinge so will they kepe youres.
၂၀ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြ လော့။ သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏ စကားကို နားထောင်ကြလိမ့်မည်။
21 But all these thinges will they do vnto you for my names sake because they have not knowen him that sent me.
၂၁ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထို အမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။
22 If I had not come and spoken vnto them they shulde not have had synne: but now have they nothinge to cloke their synne with all.
၂၂ငါသည် လာ၍ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက် ၍ မထားနိုင်ကြ။
23 He that hateth me hateth my father.
၂၃ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။
24 If I had not done workes amoge the which none other ma dyd they had not had synne. But now have they sene and yet have hated bothe me and my father:
၂၄ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ၏။
25 eve that the sayinge myght be fulfilled that is written in theyr lawe: they hated me wtout a cause.
၂၅သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
26 But when the comforter is come whom I will sende vnto you fro the father which is the sprete of truthe which proceadeth of the father he shall testifie of me.
၂၆ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံ လိမ့်မည်။
27 And ye shall beare witnes also because ye have bene with me from the begynninge.
၂၇သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။

< John 15 >