< John 13 >
1 Before the feast of ester whe Iesus knewe that his houre was come that he shuld departe out of this worlde vnto the father. When he loved his which were in the worlde vnto the ende he loved the.
၁အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
2 And when supper was ended after that the devyll had put in the hert of Iudas Iscariot Simos sonne to betraye him:
၂သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
3 Iesus knowinge that the father had geve all thinges into his hondes. And that he was come from God and went to God
၃သခင်ယေရှုသည်မိမိအားခမည်းတော်က အာဏာကုန်လွှဲအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာ ၍ ဘုရားသခင်ထံတော်သို့ပြန်တော့မည်ကို လည်းကောင်းသိတော်မူ၏။-
4 he rose from supper and layde a syde his vpper garmentes and toke a towell and gyrd him selfe.
၄သို့ဖြစ်၍စားပွဲမှထ၍ဝတ်လုံတော်ကို ချွတ်တော်မူပြီးလျှင်ပဝါကိုယူ၍ခါး ကိုစည်းတော်မူ၏။-
5 After that poured he water into a basyn and beganne to wash his disciples fete and to wype them with the towell wherwith he was gyrde.
၅ထိုနောက်ဇလုံတွင်ရေထည့်၍တပည့်တော်တို့ ၏ခြေကိုဆေးပြီးလျှင် ခါးတွင်စည်းထားသော ပဝါနှင့်သုတ်တော်မူ၏။-
6 Then came he to Simon Peter. And Peter sayde to him: Lorde shalt thou wesshe my fete?
၆ရှိမုန်ပေတရုထံသို့ရောက်တော်မူလျှင် ပေတရုက ``သခင်၊ ကိုယ်တော်သည်အကျွန်ုပ် ၏ခြေကိုဆေးတော်မူမည်လော'' ဟုမေး လျှောက်၏။
7 Iesus answered and sayde vnto him: what I do thou wotest not now but thou shalt knowe herafter.
၇သခင်ယေရှုက ``ငါပြုသောအမှုကိုယခု သင်မသိ။ နောင်အခါမှသိရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
8 Peter sayd vnto him: thou shalt not wesshe my fete whill ye worlde stondeth. Iesus answered him: yf I wasshe ye not thou shalt have no part with me. (aiōn )
၈ပေတရုက ``ကိုယ်တော်သည်အကျွန်ုပ်၏ခြေ ကိုအဘယ်အခါမျှမဆေးရ'' ဟုဆို၏။ သခင်ယေရှုက ``သင့်ခြေကိုငါမဆေးရ လျှင် သင်သည်ငါ၏တပည့်မဟုတ်တော့ပြီ'' ဟုမိန့်တော်မူ၏။ (aiōn )
9 Simon Peter sayde vnto him: Lorde not my fete only: but also my handes and my heed.
၉ပေတရုက ``သခင်၊ အကျွန်ုပ်၏ခြေကို သာမကလက်နှင့်ဦးခေါင်းကိုလည်းဆေး တော်မူပါ'' ဟုလျှောက်၏။
10 Iesus sayde to him: he that is wesshed nedeth not save to wesshe his fete and is clene every whit. And ye are clene: but not all.
၁၀သခင်ယေရှုက ``ရေချိုးပြီးသူသည်တစ်ကိုယ် လုံးစင်ကြယ်ပြီးဖြစ်၍ခြေကိုသာဆေးရန် လို၏။ သင်တို့သည်စင်ကြယ်ပြီးဖြစ်၏။ သို့ရာ တွင်လူတိုင်းစင်ကြယ်သည်မဟုတ်'' ဟုမိန့် တော်မူ၏။-
11 For he knewe his betrayer. Therfore sayde he: ye are not all clene.
၁၁(မိမိအားရန်သူ့လက်သို့အပ်နှံမည့်သူကိုသိ တော်မူသောကြောင့် ကိုယ်တော်ကလူတိုင်းစင် ကြယ်သည်မဟုတ်ဟုမိန့်တော်မူသတည်း။)
12 After he had wesshed their fete and receaved his clothes and was set doune agayne he sayde vnto them? wot ye what I have done to you?
၁၂ကိုယ်တော်သည်တပည့်တော်တို့၏ခြေကိုဆေး ပြီးနောက် ဝတ်လုံတော်ကိုပြန်၍ဝတ်ပြီးလျှင် ထိုင်တော်မူ၏။ ကိုယ်တော်က ``သင်တို့အတွက် ငါပြုခဲ့သောအမှုအရာကိုနားလည်ကြ သလော။-
13 Ye call me master and Lorde and ye saye well for so am I.
၁၃သင်တို့သည်ငါ့ကိုဆရာတော်ဟူ၍လည်း ကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်းခေါ် တတ်ကြ၏။ ဤအတိုင်းလည်းဟုတ်မှန်သဖြင့် သင်တို့ခေါ်သည်မှာလျောက်ပတ်ပေ၏။-
14 If I then youre Lorde and master have wesshed youre fete ye also ought to wesshe one anothers fete.
၁၄ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။-
15 For I have geven you an ensample that ye shuld do as I have done to you.
၁၅သင်တို့အားငါပြုသကဲ့သို့ သင်တို့အချင်း ချင်းသည်လည်းပြုကြစိမ့်သောငှာစံနမူနာ ကိုငါပြခဲ့ပြီ။-
16 Verely verely I saye vnto you the servaunt is not greater then his master nether the messenger greater then he that sent him.
၁၆အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။-
17 If ye vnderstonde these thinges happy are ye yf ye do them.
၁၇ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
18 I speake not of you all I knowe whom I have chosen. But that ye scripture be fulfilled: he that eateth breed wt me hath lyfte vp his hele agaynste me.
၁၈``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-
19 Now tell I you before it come: that when it is come to passe ye might beleve that I am he.
၁၉ထိုသို့ဖြစ်ပျက်လာသောအခါ `ငါသည်ငါ ဖြစ်သည်အတိုင်းငါဖြစ်သည်ကို' သင်တို့ ယုံကြည်လာကြစေရန်ယခုကပင်ကြို တင်၍သင်တို့အားငါပြောနှင့်ပြီ။-
20 Verely verely I saye vnto you. He that receaveth who soever I sende receaveth me. And he that receaveth me receaveth him that sent me.
၂၀အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါစေလွှတ်သောသူကိုလက်ခံသူသည်ငါ့ ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် လည်းငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လက်ခံ၏'' ဟုမိန့်တော်မူ၏။
21 When Iesus had thus sayd he was troubled in the sprete and testified sayinge: verely verely I saye vnto you that one of you shall betraye me.
၂၁ဤသို့မိန့်တော်မူပြီးသောအခါသခင်ယေရှု သည်ပြင်းစွာစိတ်ဒုက္ခရောက်တော်မူ၍ ``အမှန် အကန်သင်တို့အားငါဆိုသည်ကား၊ သင်တို့ အနက်တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့ လက်သို့အပ်နှံလိမ့်မည်'' ဟုပွင့်လင်းစွာမိန့် တော်မူ၏။
22 And then the disciples loked one on another doutinge of who he spake.
၂၂အဘယ်သူကိုရည်ဆောင်၍မိန့်တော်မူသည် ကိုတပည့်တော်တို့တွေး၍မရနိုင်ကြသဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့် ကြ၏။-
23 Ther was one of his disciples which leaned on Iesus bosome whom Iesus loved.
၂၃ထိုအခါသခင်ယေရှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏လက်ယာတော် ဘက်တွင်ထိုင်လျက်နေ၏။-
24 To him beckened Simo Peter that he shuld axe who it was of whom he spake.
၂၄ရှိမုန်ပေတရုက ``ကိုယ်တော်သည်မည်သူ့ကို ဆိုလိုတော်မူပါသနည်း'' ဟုမေးလျှောက် ရန်ထိုတပည့်အားမျက်ရိပ်ပြ၍ခိုင်း၏။
25 He then as he leaned on Iesus brest sayde vnto him: Lorde who ys it?
၂၅ထိုတပည့်တော်သည် သခင်ယေရှု၏အနီး သို့ကပ်ပြီးလျှင် ``သခင်၊ ထိုသူသည်မည်သူ ဖြစ်ပါသနည်း'' ဟုလျှောက်၏။
26 Iesus answered he yt ys to whom I geve a soppe when I have dept it. And he wet a soppe and gave it to Iudas Iscarioth Simons sonne.
၂၆သခင်ယေရှုက ``ဤမုန့်တစ်ဖဲ့ကိုဟင်းပန်း ကန်တွင်နှစ်၍ငါပေးသူသည်ထိုသူပင်ဖြစ် ၏'' ဟုမိန့်တော်မူ၏။ ထိုနောက်မုန့်တစ်ဖဲ့ကို ဟင်းပန်းကန်တွင်နှစ်ပြီးလျှင် ရှိမုန်ရှကာရုတ် ၏သားယုဒအားပေးတော်မူ၏။-
27 And after the soppe Satan entred into him. Then sayd Iesus vnto him: that thou dost do quickly.
၂၇ထိုမုန့်ကိုယုဒစားလိုက်သည်နှင့်တစ်ပြိုင် နက်စာတန်သည်သူ၏အထဲသို့ဝင်လေ၏။ သခင်ယေရှုက ``သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့'' ဟုမိန့်တော်မူ၏။-
28 That wist no ma at the table for what intent he spake vnto him.
၂၈ယုဒအားအဘယ်ကြောင့်ထိုသို့မိန့်တော်မူ သည်ကို စားပွဲတွင်ထိုင်နေသူတစ်ယောက်မျှ မသိ။-
29 Some of the thought because Iudas had the bagge that Iesus had sayd vnto him bye those thinges that we have nede af agaynst ye feast: or that he shulde geve some thinge to the poore.
၂၉ယုဒသည်ငွေအိတ်ကိုကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက်လိုအပ်သည်များကိုဝယ်ယူ ရန်ဖြစ်စေ၊ ဆင်းရဲသူတို့အားပေးကမ်းရန် ဖြစ်စေသခင်ယေရှုမှာကြားတော်မူသည် ဟု အချို့သောတပည့်တော်တို့ကထင်မှတ် ကြ၏။
30 Assone then as he had receaved the soppe he wet immediatly out. And it was night.
၃၀ယုဒရှကာရုတ်သည်မုန့်တစ်ဖဲ့ကိုခံယူ ပြီးလျှင်ချက်ချင်းထွက်ခွာသွားလေသည်။ ထိုအချိန်ကားညအချိန်ဖြစ်သတည်း။
31 Whe he was gone out Iesus sayde: now is the sonne of man glorified. And God is glorified by him.
၃၁ယုဒထွက်သွားပြီးနောက်သခင်ယေရှုက ``ယခု လူသားသည်ဘုန်းအသရေထွန်းတော်မူလေ ပြီ၊ ဘုရားသခင်သည်လည်းလူသားအားဖြင့် ဘုန်းအသရေထွန်းတောက်တော်မူပြီ။-
32 Yf God be glorified by him God shall also glorify him in him selfe: and shall strayght waye glorify him.
၃၂ဘုရားသခင်သည်လူသားအားဖြင့်ဘုန်း အသရေထွန်းတောက်တော်မူလျှင် ဘုရား သခင်ကိုယ်တော်တိုင်အားဖြင့် လူသားအား ဘုန်းအသရေထွန်းတောက်စေတော်မူလိမ့် မည်။-
33 Deare chyldren yet a lytell whyle am I with you. Ye shall seke me and as I sayde vnto the Iewes whither I goo thither can ye not come. Also to you saye I nowe.
၃၃ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏမျှ သာနေရပေတော့အံ့။ သင်တို့သည်ငါ့ကိုရှာ ကြလိမ့်မည်။ `ငါသွားရာသို့သင်တို့မလိုက် နိုင်ကြ' ဟုယုဒအာဏာပိုင်တို့အားပြောခဲ့ သည်အတိုင်းသင်တို့အားလည်းယခုငါ ပြော၏။-
34 A newe commaundment geve I vnto you that ye love to gedder as I have loved you that even so ye love one another
၃၄အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။-
35 By this shall all me knowe yt ye are my disciples yf ye shall have love one to another.
၃၅သင်တို့အချင်းချင်းချစ်ကြလျှင်လူအပေါင်း တို့သည် ထိုမေတ္တာကိုထောက်၍သင်တို့သည်ငါ ၏တပည့်များဖြစ်ကြောင်းကိုသိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
36 Simon Peter sayd vnto him: Lorde whither goest thou? Iesus answered him: whither I goo thou canst not folowe me now but thou shalt folowe me afterwardes.
၃၆ရှိမုန်ပေတရုက ``သခင်၊ အဘယ်အရပ်သို့ ကြွတော်မူပါမည်နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``ငါသွားရာကိုသင်ယခု မလိုက်နိုင်။ နောင်အခါမှလိုက်ရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
37 Peter sayd vnto him: Lorde why canot I folowe the now? I will geve my lyfe for thy sake?
၃၇ပေတရုက ``သခင်၊ အဘယ်ကြောင့်ယခု အကျွန်ုပ်မလိုက်နိုင်ပါသနည်း။ ကိုယ်တော် ၏အတွက်အကျွန်ုပ်သည်အသက်ကိုပင်စွန့် ပါမည်'' ဟုလျှောက်၏။
38 Iesus answered him: wilt thou geve thy lyfe for my sake? Verely verely I saye vnto the the cocke shall not crowe tyll thou have denyed me thryse.
၃၈သခင်ယေရှုက ``သင်သည်ငါ့အတွက်အသက် စွန့်မည်လော။ အမှန်အကန်သင့်အားငါဆိုသည် ကား ကြက်မတွန်မီသင်သည်ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင်ငြင်းဆိုလိမ့်မည်'' ဟုမိန့် တော်မူ၏။