< Hebrews 8 >

1 Of the thynges which we have spoke this is the pyth: that we have soche an hye preste that is sitten on ye right honde of the seate of maieste in heven
ယ​ခု​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ တွင် အ​ရေး​ကြီး​သည့်​အ​ချက်​မှာ ငါ​တို့​တွင်​ထို​သို့ သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​ခြင်း​ပင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဘုန်း​တန်​ခိုး​ရှင် ၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​နေ​တော်​မူ​၏။-
2 and is a minister of holy thynges and of the very tabernacle which God pyght and not ma.
ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် တည်း​ဟူ​သော​တဲ​တော်​စစ်​၌ အ​မှု​တော်​ဆောင် လျက်​နေ​တော်​မူ​၏။ ထို​တဲ​တော်​စစ်​ကား​လူ​တို့ တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်၊ ဘု​ရား​ရှင် တည်​ဆောက်​တော်​မူ​သော​တဲ​တော်​ဖြစ်​သ​တည်း။
3 For every hye prest is ordeyned to offer gyftes and sacryfises wherfore it is of necessitie that this man have somewhat also to offer.
ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ပူ​ဇော်​သ​ကာ ဆက်​သ​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​ခန့်​ထား​ခြင်း​ခံ ရ​သူ​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​၏​ယဇ်​ပု​ရော ဟိတ်​မင်း​မှာ​လည်း​ဆက်​သ​ပူ​ဇော်​ရန် ပူ​ဇော် သ​ကာ​တစ်​စုံ​တစ်​ရာ​ရှိ​ရ​ပေ​မည်။-
4 For he were not a preste yf he were on ye erth where are prestes that acordynge to ye lawe
ကိုယ်​တော်​သည်​လော​က​တွင်​ရှိ​နေ​တော်​မူ​မည် ဆို​ပါ​လျှင် ယဇ်​ပု​ရော​ဟိတ်​လုံး​ဝ​ဖြစ်​နိုင်​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ပညတ်​တ​ရား အ​ရ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​သူ​ယဇ် ပု​ရော​ဟိတ်​များ​ရှိ​သော​ကြောင့်​ပင်​ဖြစ်​၏။-
5 offer giftes which prestes serve vnto ye ensample and shadowe of hevenly thynges: even as the answer of God was geven vnto Moses when he was about to fynnishe the tabernacle: Take hede (sayde he) that thou make all thynges accordynge to the patrone shewed to the in the mount.
ယဇ်​ပု​ရော​ဟိတ်​များ​ပြု​သော​အ​မှု​အ​ရာ​များ သည် ကောင်း​ကင်​ဘုံ​ရှိ​အ​မှု​အ​ရာ​များ​၏​ပုံ​တူ နှင့်​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ပေ​သည်။ မော​ရှေ ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​သည်​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ပ​ဋိ​ညာဉ်​တဲ​တော်​ကို​တည်​ဆောက်​မည်​ပြု သော​အ​ခါ ဘု​ရား​သ​ခင်​က``တောင်​ပေါ်​တွင် သင့်​အား​ငါ​ပြ​ခဲ့​သည့်​ပုံ​စံ​နှင့်​အ​ညီ အ​လုံး စုံ​တို့​ကို​ပြု​လုပ်​ရန်​သ​တိ​မ​မေ့​နှင့်'' ဟု ညွှန်​ကြား​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။-
6 Now hath he obtayned a more excellent office in as moche as he is the mediator of a better testament which was made for better promyses.
သို့​ရာ​တွင်​ဘု​ရား​နှင့်​လူ​အ​ကြား​တွင်​သ​ခင် ယေ​ရှု​စီ​စဉ်​ပေး​သည့်​ပ​ဋိ​ညာဉ်​တ​ရား​တော် သည် ပို​၍​ကောင်း​မွန်​သော​အ​ရာ​များ​ဆိုင်​ရာ က​တိ​တော်​များ​အ​ပေါ်​တွင်​အ​ခြေ​ခံ​သ​ဖြင့် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ထက်​ပို​မို​ကောင်း​မြတ် သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​ထမ်း​ဆောင်​ရ​သည့်​ယဇ် ပု​ရော​ဟိတ်​တာ​ဝန်​ဝတ္တ​ရား​များ​သည်​လည်း ထို ယဇ်​ပု​ရော​ဟိတ်​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ ထက်​သာ​လွန်​ကြီး​မြတ်​ပေ​သည်။
7 For yf that fyrst testament had bene fautelesse: then shuld no place have bene sought for the seconde.
အ​ကယ်​၍​ပ​ထ​မ​ပ​ဋိ​ညာဉ်​တော်​တွင်​အ​ပြစ် ဆို​စ​ရာ​ရှိ​ပါ​မူ၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တော်​ကို ပြု​တော်​မူ​ရန်​လို​မည်​မ​ဟုတ်။-
8 For in rebukynge the he sayth: Beholde the dayes will come (sayth the lorde) and I will fynnyshe apon the housse of Israhel and apon the housse of Iuda
သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု တော်​အား​အ​ပြစ်​တင်​တော်​မူ​လျက်၊ ``ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ပ​ဋိ​ညာဉ်​သစ်​ကို​ငါ​ပြု​ရန်​အ​ချိန်​ကျ​ရောက် လိမ့်​မည်။
9 a newe testament: not lyke the testament that I made with their fathers at that tyme whe I toke them by the hondes to lede them oute of the londe of Egipte for they continued not in my testament and I regarded them not sayth the lorde.
ဤ​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား လက်​ဆွဲ​၍ အီ​ဂျစ်​ပြည်​မှ၊ငါ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​နှင့်​တူ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ခါ​က​ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို သူ​တို့​ချိုး​ဖောက်​ကြ​သ​ဖြင့်၊ငါ​သည်​သူ​တို့​အား ဂ​ရု​မ​စိုက်​ဘဲ​နေ​ခဲ့​၏။
10 For this is the testament that I will make with the housse of Israhell: After those dayes sayth the lorde: I will put my lawes in their myndes and in their hertes I will wryte the and I wilbe their God and they shalbe my people.
၁၀နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။
11 And they shall not teache every man his neghboure and every man his brother sayinge: knowe the lorde: For they shall knowe me from the lest to the moste of them:
၁၁အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မျိုး​သား​ချင်း ကို​သော်​လည်း​ကောင်း၊ မိ​မိ​၏​ညီ​အစ်​ကို​အ​ချင်း​ချင်း​ကို​သော်​လည်း ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​သိ​လော့​ဟု​သွန်​သင်​ပေး​ရန် လို​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် အ​ငယ်​ဆုံး​မှ​အ​ကြီး​ဆုံး​တိုင်​အောင်​ငါ့​ကို သိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။
12 For I wilbe mercifull over their vnrightwesnes and on their synnes and on their iniquiries.
၁၂ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ကူး​လွန်​မှု​များ​ကို သိ​မှတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
13 In yt he sayth a new testament he hath abrogat the olde. Now that which is disanulled and wexed olde is redy to vannysshe awaye.
၁၃ကိုယ်​တော်​သည်​ယင်း​သို့​ပ​ဋိ​ညာဉ်​သစ်​အ​ကြောင်း ကို​မိန့်​တော်​မူ​သော​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ် ကို​ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ဟောင်း​နွမ်း​လာ​သော အ​ရာ​သည်​လည်း​မ​ကြာ​မီ​ပျောက်​ကွယ်​သွား လိမ့်​မည်။

< Hebrews 8 >