< Acts 9 >

1 And Saul yet brethynge oute threatnynges and slaughter agaynst ye disciples of the lorde went vnto ye hye preste
ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် သ​ခင် ဘု​ရား​၏​တ​ပည့်​တော်​တို့​အား​သတ်​ဖြတ်​ရန် ခြိမ်း​ခြောက်​လျက်​နေ​၏။ သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊-
2 and desyred of him letters to Damasco to ye synagoges: that yf he founde eny of this waye whether they were men or wemen he myght bringe them bounde vnto Ierusalem.
သ​ခင်​ဘု​ရား​၏​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သော​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​တွေ့ ရှိ​ပါ​က ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယေ​ရု​ရှ​လင် မြို့​သို့​ခေါ်​ဆောင်​လာ​နိုင်​ရန် မိ​မိ​အား​အာ​ဏာ အပ်​နှင်း​ကြောင်း​ဒ​မာ​သက်​မြို့​ရှိ​ဇ​ရပ်​များ သို့​အ​မှာ​စာ​များ​ရေး​ပေး​ပါ​ရန်​ပန်​ကြား လျှောက်​ထား​၏။
3 But as he went on his iorney it fortuned yt he drue nye to Damasco and sodenly ther shyned rounde about him a lyght fro heven.
သူ​သည်​ခ​ရီး​ပြု​၍​ဒ​မာ​သက်​မြို့​အ​နီး သို့​ရောက်​လာ​သော​အ​ခါ​၌ မိုး​ကောင်း​ကင်​မှ အ​လင်း​ရောင်​ခြည်​တစ်​ခု​သည်​သူ​၏​ပတ် လည်​တွင်​ရုတ်​တ​ရက်​ထွန်း​တောက်​လာ​၏။-
4 And he fell to ye erth and hearde a voyce sayinge to him: Saul Saul why persecutest thou me?
သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​သွား​ပြီး​နောက် ``ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သ​နည်း'' ဟု​မေး​မြန်း​သံ ကို​ကြား​ရ​၏။
5 And he sayde what arte thou lorde? And the lorde sayd I am Iesus whom thou persecutest it shalbe harde for ye to kycke agaynst ye pricke.
ရှော​လု​က ``အ​ရှင်၊ အ​ရှင်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ ထို​အ​သံ က ``ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​နေ​သူ ယေ​ရှု​ပင်​တည်း။-
6 And he bothe tremblynge and astonyed sayde: Lorde what wilt thou have me to do? And ye Lorde sayde vnto him: aryse and goo into the cite and it shalbe tolde the what thou shalt do.
သို့​သော်​သင်​သည်​ထ​၍​မြို့​ထဲ​သို့​ဝင်​လော့။ သင်​ပြု​ရ​မည့်​အ​မှု​ကို​ထို​အ​ရပ်​တွင်​သိ​ရှိ ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
7 The men which iornayed with him stode amased for they herde a voyce but sawe no man.
ရှော​လု​နှင့်​အ​တူ​ခ​ရီး​ပြု​လျက်​နေ​ကြ​သူ တို့​သည် ထို​အ​သံ​ကို​ကြား​ရ​သော်​လည်း လူ တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​တွေ့​မ​မြင်​ရ သ​ဖြင့်​ကြက်​သေ​သေ​လျက်​ရပ်​နေ​ကြ​၏။-
8 And Saul arose from the erth and opened his eyes but sawe no man. Then ledde they him by the honde and brought him into Damasco.
ရှော​လု​သည်​မြေ​ပေါ်​မှ​ထ​၍​မျက်​စိ​ကို​ဖွင့် လိုက်​သော​အ​ခါ အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ရ​တော့​ချေ။ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​သူ့ လက်​ကို​ဆွဲ​၍​ဒ​မာ​သက်​မြို့​ထဲ​သို့​ခေါ် ဆောင်​သွား​ကြ​၏။-
9 And he was. iii. dayes with out syght and nether ate nor dranke.
သူ​သည်​သုံး​ရက်​တိုင်​တိုင်​မျက်​စိ​အ​လင်း ကွယ်​လျက်​နေ​၏။ ထို​သုံး​ရက်​အ​တွင်း​မ​စား မ​သောက်​ဘဲ​နေ​၏။
10 And ther was a certayne disciple at Damasco named Ananias and to him sayde the lorde in a vision: Ananias. And the he sayde: beholde I am here lorde.
၁၀ဒ​မာ​သက်​မြို့​တွင်​အာ​န​နိ​နာ​မည်​ရှိ​သူ တ​ပည့်​တော်​တစ်​ယောက်​ရှိ​၏။ ဗျာ​ဒိတ်​ရူ​ပါ ရုံ​ထဲ​တွင်​သ​ခင်​ဘု​ရား​က​အာ​န​နိ​အား ``အာ​န​နိ'' ဟု​ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က ``ရှိ​ပါ​သည်​သ​ခင်​ဘု​ရား'' ဟု လျှောက်​၏။
11 And the lorde sayde to him: aryse and goo into the strete which is called strayght and seke in the housse of Iudas after one called Saul of Tharsus. For beholde he prayeth
၁၁သ​ခင်​ဘု​ရား​က​လည်း ``သင်​သည်​ထ​၍​လမ်း ဖြောင့်​အ​မည်​တွင်​သော​လမ်း​သို့​သွား​လော့။ တာ​ရှု မြို့​သား​ရှော​လု​ဆို​သူ​ကို ယု​ဒ​၏​အိမ်​တွင်​စုံ စမ်း​မေး​မြန်း​လော့။ သူ​သည်​ဆု​တောင်း​လျက် နေ​၏။-
12 and hath sene in a vision a man named Ananias comynge in to him and puttynge his hondes on him that he myght receave his syght.
၁၂သူ​သည်​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ​နိုင် ရန် အာ​န​နိ​ဆို​သူ​လာ​၍​မိ​မိ​အ​ပေါ်​မှာ လက်​တင်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင် ရ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
13 Then Ananias answered: Lorde I have hearde by many of this man how moche evell he hath done to thy sainctes at Ierusalem
၁၃အာ​န​နိ​က ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​ယေ​ရု ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​၏​လူ​စု​တော်​အား​မည် မျှ​ဒုက္ခ​ပေး​ခဲ့​သည်​ကို လူ​အ​မြောက်​မြား​ထံ မှ​အ​ကျွန်ုပ်​ကြား​သိ​ရ​ပါ​၏။-
14 and here he hath auctorite of the hye prestes to bynde all that call on thy name.
၁၄ထို့​ပြင်​ကိုယ်​တော်​အား​ပတ္ထနာ​ပြု​သူ​မှန်​သ​မျှ ကို​လည်း ဖမ်း​ဆီး​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့ ထံ​မှ​အ​ခွင့်​အာ​ဏာ​ရ​ရှိ​ထား​သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
15 The lorde sayde vnto him: Goo thy wayes: for he is a chosen vessell vnto me to beare my name before the gentyls and kynges and the chyldren of Israel.
၁၅သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။-
16 For I will shewe him how great thinges he must suffre for my names sake.
၁၆ငါ​၏​နာ​မ​တော်​အ​တွက်​ကြောင့်​သူ​ခံ​ရ​မည့် ဒုက္ခ​ဆင်း​ရဲ​အ​ကြောင်း​ကို သူ့​အား​ငါ​ကိုယ် တိုင်​ဖော်​ပြ​မည်'' ဟု​မိန့်​တော်​မူ​၏။
17 Ananias went his waye and entryd into ye housse and put his hondes on him and sayde: brother Saul the lorde that apperyd vnto the in the waye as thou camst hath sent me that thou myghtest receave thy syght and be filled with the holy goost.
၁၇ထို့​ကြောင့်​အာ​န​နိ​သည်​ရှော​လု​ရှိ​သည့်​အိမ် သို့​သွား​၍ ရှော​လု​၏​အ​ပေါ်​မှာ​လက်​ကို​တင် ပြီး​လျှင် ``ငါ့​ညီ၊ သင်​သည်​မျက်​စိ​အ​လင်း​ကို ပြန်​လည်​ရ​ရှိ​စေ​ရန်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လာ​စေ​ရန်​လည်း ကောင်း၊ လမ်း​ခ​ရီး​တွင်​သင့်​အား​ထင်​ရှား​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် ငါ့​အား​သင့်​ထံ​သို့ စေ​လွှတ်​တော်​မူ​လိုက်​၏'' ဟု​ဆို​၏။-
18 And immediatly ther fell from his eyes as it had bene scales and he receaved syght and arose and was baptised
၁၈ထို​အ​ခါ​ချက်​ချင်း​ပင်​ရှော​လု​သည်​မျက်​စိ​မှ အ​ကြေး​များ​ကွာ​ကျ​သ​ကဲ့​သို့​ဖြစ်​ပြီး​လျှင် မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​၏။ သူ​သည် ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လေ​သည်။-
19 and receaved meate and was comforted. Then was Saul a certayne daye wt the disciples which were at Damasco.
၁၉ထို​နောက်​အ​စား​အ​စာ​သုံး​ဆောင်​ပြီး​သော အ​ခါ​ခွန်​အား​ပြည့်​လာ​၏။ ရှော​လု​သည်​ဒ​မာ​သက်​မြို့​တွင် တ​ပည့်​တော် တို့​နှင့်​အ​တူ​ရက်​အ​နည်း​ငယ်​နေ​၏။-
20 And streyght waye he preached Christ in the synagoges how that he was the sonne of God.
၂၀တ​ရား​ဇ​ရပ်​များ​သို့​ချက်​ချင်း​သွား​ရောက် ၍ သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ဟော​ပြော​လေ​၏။
21 All that hearde him were amased and sayde: is not this he that spoyled the which called on this name in Ierusalem and came hyther for ye entent that he shuld bringe the bounde vnto the hye prestes?
၂၁သူ​၏​စ​ကား​ကို​ကြား​သူ​အ​ပေါင်း​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သူ​သည်​ထို သ​ခင်​ကို​ပတ္ထ​နာ​ပြု​သူ​ဟူ​သ​မျှ​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သတ်​ဖြတ်​ခဲ့​သူ​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​ထံ​ခေါ်​ဆောင်​သွား​ရန်​လာ​ရောက်​သူ မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။
22 But Saul encreased in stregth and confounded the Iewes which dwelte at Damasco affirminge that this was very Christ.
၂၂သို့​သော်​ရှော​လု​က​သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ဖြစ်​တော်​မူ​ကြောင်း​ကို ပိုင်​ပိုင်​နိုင်​နိုင်​သက်​သေ​ပြ ၍​ဟော​ပြော​ရာ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး သား​တို့​ပြန်​လည်​၍​မ​ချေ​ပ​နိုင်​ကြ​ပေ။
23 And after a good whyle ye Iewes toke counsell to gether to kyll him.
၂၃ထို​နောက်​ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်​ရှော​လု​ကို​သတ် ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-
24 But their layinge awayte was knowen of Saul. And they watched at the gates daye and nyght to kyll him.
၂၄သို့​ရာ​တွင်​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ရှော​လု သိ​သွား​၏။ သူ​တို့​သည်​ရှော​လု​ကို​သတ်​ရန် နေ့ ရော​ညဥ့်​ပါ​မြို့​တံ​ခါး​များ​တွင်​စောင့်​နေ ကြ​၏။-
25 Then ye disciples toke him by night and put him thorow the wall and let him doune in a basket.
၂၅သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။
26 And when Saul was come to Ierusalem he assayde to cople him silfe with ye discyples and they were all afrayde of hym and beleued not that he was a disciple.
၂၆သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​ပေါင်း​ဖော်​ရန်​ကြိုး​စား​၏။ သို့​သော်​လည်း​သူ​သည်​တ​ပည့်​တော်​တစ်​ဦး ဖြစ်​လာ​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့ သည်​မ​ယုံ​သ​ဖြင့်​သူ့​ကို​ကြောက်​ကြ​၏။-
27 But Bernabas toke hym and brought hym to ye apostles and declared to the how he had sene ye Lorde in ye waye and had spoke wyth hym: and how he had done boldely at damasco in the name of Iesu.
၂၇ထို​အ​ခါ​ဗာ​န​ဗ​သည်​ရှော​လု​ကို​တ​မန်​တော် တို့​ထံ​သို့​ခေါ်​ခဲ့​ပြီး​လျှင် လမ်း​ခ​ရီး​တွင်​သ​ခင် ဘု​ရား​အား​ရှော​လု​ဖူး​မြင်​ခဲ့​ရ​ပုံ​ကို​လည်း ကောင်း၊ သ​ခင်​ဘု​ရား​က​ရှော​လု​အား​မည်​သို့ အ​မိန့်​ရှိ​ခဲ့​ပုံ​ကို​လည်း​ကောင်း ဒ​မာ​သက်​မြို့ တွင်​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရှော​လု​ရဲ​ရင့်​စွာ​ဟော​ပြော​ခဲ့​ပုံ​ကို​လည်း ကောင်း​ပြော​ပြ​လေ​သည်။-
28 And he had his conuersacion with them at Ierusalem
၂၈ရှော​လု​သည်​လည်း​တ​မန်​တော်​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​တွင်​သွား​လာ​လှုပ်​ရှား​လျက် သ​ခင်​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​သည်။-
29 and quit hym silfe boldly in the name of the lorde Iesu. And he spake and disputed wyth the grekes: and they went aboute to slee hym.
၂၉သူ​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​ချေ​အ​တင် ဆွေး​နွေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ့ ကို​သတ်​ရန်​ကြံ​စည်​အား​ထုတ်​ကြ​၏။-
30 But when the brethren knew of that they brought hym to cesarea and sent hym forth to Tharsus.
၃၀ထို​အ​ကြောင်း​ကို​ညီ​အစ်​ကို​တို့​ကြား​သိ​သော အ​ခါ သူ့​ကို​ကဲ​သ​ရိ​မြို့​သို့​ပို့​ဆောင်​ပြီး​လျှင် ထို​မှ​တစ်​ဖန်​တာ​ရှု​မြို့​သို့​ထွက်​ခွာ​သွား​စေ ကြ​၏။
31 Then had ye congregacios rest thorowoute all Iewry and galile and Samary and were edified and walked in the feare of the lorde and multiplied by the comforte of the holy gost.
၃၁ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။
32 And it chaunsed yt as Peter walked throughoute all quarters he ca to ye saynctes which dwelt at Lydda
၃၂ပေ​တ​ရု​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​သွား လာ​၏။ အ​ခါ​တစ်​ပါး​၌​လုဒ္ဒ​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
33 and there he foude a certayne ma namyd Eneas whych had kepte hys bed viii. yere sicke of the palsie.
၃၃ထို​မြို့​တွင်​လေ​ဖြတ်​သ​ဖြင့်​ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​မှာ​တုံး​လုံး​လဲ​နေ​သူ​အဲ​နေ နာ​မည်​ရှိ​သော​လူ​တစ်​ယောက်​ကို​တွေ့​၏။-
34 Then sayde Peter vnto hym: Eneas Iesus Christ make ye whole. Aryse and make thy beed. And he arose immedyatly.
၃၄သူ့​အား​ပေ​တ​ရု​က ``အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီ။ ထ​၍​အိပ်​ရာ ကို​ပြင်​လော့'' ဟု​ဆို​၏။ အဲ​နေ​သည်​ချက်​ချင်း ပင်​ထ​၏။-
35 And all that dwelt at lydda and assaron sawe hym and tourned to the lorde.
၃၅လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​လွင်​ပြင်​တွင်​နေ​ထိုင်​သူ​လူ အ​ပေါင်း​တို့​သည်​သူ့​ကို​တွေ့​မြင်​၍ သ​ခင် ဘု​ရား​ထံ​တော်​သို့​ပြောင်း​လဲ​လာ​ကြ​၏။
36 Ther was at Ioppe a certayne woma (whiche was a disciple named Tabitha which by interpretacion is called dorcas) the same was full of good workes and almes dedes which she did.
၃၆ယုပ္ပေ​မြို့​တွင်​တ​ဗိ​သ​နာ​မည်​ရှိ​သော​တ​ပည့် တော်​မ​တစ်​ဦး​ရှိ​၏။ (သူ​၏​နာ​မည်​မှာ​ဂ​ရိ စ​ကား​အား​ဖြင့်​ဒေါ်​ကာ​ဖြစ်​၍ ``ဒ​ရယ်'' ဟု အ​နက်​ရ​လေ​သည်။) သူ​သည်​ကောင်း​မှု​နှင့် စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို​အ​စဉ်​သ​ဖြင့်​ပြု တတ်​၏။-
37 And it chaunsed in those dayes that she was sicke and dyed. When they had wesshed her and layd her in a chamber:
၃၇သူ​သည်​ဖျား​နာ​၍​သေ​လေ​၏။ သူ​၏​အ​လောင်း ကို​ရေ​ချိုး​ပေး​ကြ​ပြီး​သော်​အိမ်​၏​အ​ထက် ခန်း​တွင်​ပြင်​ထား​ကြ​၏။-
38 Because Lydda was nye to Ioppa and the disciples had hearde that Peter was there they sent vnto hym desyrynge him that he wolde not be greved to come vnto them.
၃၈လုဒ္ဒ​မြို့​သည်​ယုပ္ပေ​မြို့​အ​နီး​တွင်​ရှိ​သ​ဖြင့်​ထို မြို့​တွင်​ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား သိ​ကြ​သော​အ​ခါ ``အ​ကျွန်ုပ်​တို့​ထံ​သို့​အ​လျင် အ​မြန်​ကြွ​လာ​တော်​မူ​ပါ'' ဟူ​သော​ပန်​ကြား ချက်​ဖြင့်​လူ​နှစ်​ယောက်​ကို​ပေ​တ​ရု​ထံ​သို့​စေ လွှတ်​လိုက်​ကြ​၏။-
39 Peter arose and came with them and when he was come they brought him in to ye chamber. And all ye wydowes stode roude aboute hym wepynge and shewynge the cotes and garmentes which Dorcas made whill she was with the.
၃၉ထို့​ကြောင့်​ပေ​တ​ရု​သည်​ထို​သူ​နှစ်​ယောက်​နှင့် အ​တူ​လိုက်​ခဲ့​လေ​သည်။ ရောက်​သော​အ​ခါ​လူ တို့​သည်​သူ့​အား​အိမ်​အ​ထက်​ထပ်​ရှိ​အ​ခန်း သို့​ခေါ်​သွား​ကြ​၏။ မု​ဆိုး​မ​တို့​သည်​ပေ​တ​ရု ၏​အ​နီး​တွင်​ဝိုင်း​အုံ​လျက်​ငို​ယို​ကာ ဒေါ်​ကာ အ​သက်​ရှင်​စဉ်​အ​ခါ​က​ချုပ်​လုပ်​ထား​ခဲ့​သော အင်္ကျီ​များ​နှင့်​အ​တွင်း​ခံ​အင်္ကျီ​များ​ကို​ပြ ကြ​၏။-
40 And Peter put the all forth and kneled doune and prayde and turned him to ye body and sayde: Tabitha aryse. And she opened her eyes and whe she sawe Peter she sat vp.
၄၀ပေ​တ​ရု​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ပြင် သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။ ထို​နောက်​ရုပ်​အ​လောင်း​ဘက်​သို့ လှည့်​၍ ``တ​ဗိ​သ၊ ထ​လော့'' ဟု​ဆို​၏။ ဒေါ်​ကာ သည်​မျက်​စိ​ဖွင့်​၍​ပေ​တ​ရု​ကို​မြင်​သော အ​ခါ​ထ​ထိုင်​လေ​၏။-
41 And he gave her ye honde and lyft her up and called the sainctes and wydowes and shewed her alyve.
၄၁ပေ​တ​ရု​သည်​လက်​ကို​ကမ်း​ပေး​ပြီး​လျှင်​ထို အ​မျိုး​သ​မီး​ကို​ဆွဲ​ထူ​လိုက်​၏။ ထို​နောက် မု​ဆိုး​မ​များ​အ​ပါ​အ​ဝင်​ယုံ​ကြည်​သူ​များ ကို​ခေါ်​၍ အ​သက်​ရှင်​လျက်​ရှိ​သော​ဒေါ်​ကာ ကို​ပေး​အပ်​၏။-
42 And it was knowne throwout all Ioppa and many beleved on the Lorde.
၄၂ဤ​သ​တင်း​သည်​ယုပ္ပေ​တစ်​မြို့​လုံး​တွင်​ကျော် ကြား​သွား​သ​ဖြင့် လူ​အ​မြောက်​အ​မြား​ပင် သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည်​လာ ကြ​၏။-
43 And it fortuned that he taryed many dayes in Ioppa with one Simon a tanner.
၄၃ပေ​တ​ရု​သည်​ယုပ္ပေ​မြို့​တွင်​ရှိ​မုန်​နာ​မည်​ရှိ​သူ သား​ရေ​နယ်​သ​မား​နှင့်​အ​တူ​ရက်​ပေါင်း​များ စွာ​နေ​ထိုင်​လေ​သည်။

< Acts 9 >