< Acts 5 >

1 A certayne man named Ananias with Saphira his wyfe solde a possession
အာ​န​နိ​ဆို​သူ​နှင့်​သူ​၏​ဇ​နီး​ရှ​ဖိ​ရေ​တို့ သည် မိ​မိ​တို့​၏​မြေ​ကို​ရောင်း​ချ​ကြ​၏။-
2 and kepte awaye parte of the pryce (his wyfe also beynge of counsell) and brought a certayne parte and layde it doune at the Apostles fete.
သို့​သော်​အာ​န​နိ​သည်​ရောင်း​ရ​သော​ငွေ​အ​ချို့ အ​ဝက်​ကို ဇ​နီး​သည်​၏​သ​ဘော​တူ​ညီ​ချက် အ​ရ မိ​မိ​အ​ဖို့​ဖယ်​ထား​ပြီး​မှ​ကျန်​ငွေ​ကို တ​မန်​တော်​တို့​အား​ပေး​အပ်​လေ​သည်။-
3 Then sayde Peter: Ananias how is it that Satan hath filled thyne hert that thou shuldest lye vnto the holy goost and kepe awaye parte of the pryce of the lyvelod:
ပေ​တ​ရု​က ``အာ​န​နိ၊ သင်​သည်​လယ်​ရောင်း​ရ ငွေ​အ​ချို့​အ​ဝက်​ကို​မိ​မိ​အ​ဖို့​ဖယ်​ထား​ခြင်း အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လှည့် စား​လေ​ပြီ။ အ​ဘယ်​ကြောင့်​စာ​တန်​အား​သင် ၏​စိတ်​နှ​လုံး​ကို​စိုး​မိုး​ခွင့်​ပေး​ပါ​သ​နည်း။-
4 Pertayned it not vnto the only and after it was solde was not the pryce in thyne awne power? How is it that thou hast coceaved this thinge in thyne herte? Thou hast not lyed vnto men but vnto God.
သင်​သည်​ထို​လယ်​ကို​မ​ရောင်း​ချ​မီ​က​ပိုင်​ဆိုင် သည်​မ​ဟုတ်​လော။ ရောင်း​ချ​ပြီး​သော​အ​ခါ ၌​လည်း မြေ​ဖိုး​ငွေ​ကို​ပိုင်​သည်​မ​ဟုတ်​လော။ သို့ ပါ​လျက်​အ​ဘယ်​ကြောင့်​ဤ​သို့​သော​အ​ကြံ အ​စည်​ကို​ပြု​ပါ​သ​နည်း။ သင်​သည်​လူ​ကို လှည့်​စား​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို​လှည့် စား​လေ​ပြီ'' ဟု​ဆို​၏။-
5 When Ananias herde these wordes. he fell doune and gave vp the goost. And great feare came on all the that these thinges hearde.
ထို​စ​ကား​ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် အာ​န​နိ​သည်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ကြ​သူ အ​ပေါင်း​သည် လွန်​စွာ​ကြောက်​လန့်​ကြ​၏။-
6 And the yonge men roose vp and put him a parte and caryed him out and buryed him.
လူ​ငယ်​လူ​ရွယ်​များ​သည်​လာ​၍ အာ​န​နိ​၏ ရုပ်​အ​လောင်း​ကို​အ​ဝတ်​နှင့်​ပတ်​ပြီး​နောက် အ​ပြင်​သို့​ထုတ်​ယူ​သင်္ဂြိုဟ်​ကြ​၏။
7 And it fortuned as it were aboute the space of. iii. houres after that his wyfe came in ignoraunt of that which was done.
သုံး​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ အာ​န​နိ​၏ ဇ​နီး​ရောက်​လာ​၏။ သို့​ရာ​တွင်​သူ​သည်​ဖြစ် ပျက်​ခဲ့​သည့်​အ​ချင်း​အ​ရာ​ကို​မ​သိ။-
8 And Peter sayde vnto her: Tell me gave ye the londe for so moche? And she sayde: ye for so moche
ပေ​တ​ရု​က``သင်​တို့​သည်​လယ်​ကို​အ​ဖိုး ဤ​မျှ​ဖြင့်​ရောင်း​ပါ​သ​လော'' ဟု​မေး​၏။ ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏။ ဤ​မျှ​ဖြင့် ပင်​ရောင်း​ပါ​သည်'' ဟု​ဆို​၏။-
9 Then Peter sayde vnto her: why have ye agreed to gether to tept the sprete of the Lorde? Beholde the fete of them which have buryed thy husbande are at the dore and shall cary the out.
ပေ​တ​ရု​က ``သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော် ကို​သွေး​တိုး​စမ်း​ရန် အ​ဘယ်​ကြောင့်​သင်​တို့ သ​ဘော​တူ​ကြံ​စည်​ကြ​သ​နည်း။ ကြည့်​လော့။ သင်​၏​ခင်​ပွန်း​ကို​သင်္ဂြိုဟ်​ခဲ့​သူ​တို့​သည် ယ​ခု တံ​ခါး​ဝ​သို့​ပြန်​ရောက်​ပြီ။ သူ​တို့​သည်​သင့် ကို​လည်း​ဆောင်​ယူ​သွား​ကြ​လတ္တံ့' ဟု​ဆို​၏။-
10 Then she fell doune strayght waye at his fete and yelded vp the goost. And the yonge men came in and founde her ded and caryed her out and buryed her by her husbande.
၁၀ချက်​ချင်း​ပင်​ထို​အ​မျိုး​သ​မီး​သည် ပေ​တ​ရု ၏​ခြေ​ရင်း​တွင်​လဲ​ကျ​သေ​ဆုံး​လေ​၏။ လူ ငယ်​လူ​ရွယ်​တို့​ရောက်​လာ​ကြ​သော​အ​ခါ ထို​အ​မျိုး​သ​မီး​သေ​ဆုံး​နေ​သည်​ကို​တွေ့ ရ​၏။ ရုပ်​အ​လောင်း​ကို​ထုတ်​ယူ​ပြီး​လျှင် ခင်​ပွန်း​ဖြစ်​သူ​၏​အ​နီး​တွင်​သင်္ဂြိုဟ်​ကြ​၏။-
11 And great feare came on all the congregacion and on as many as hearde it.
၁၁အ​သင်း​တော်​တစ်​သင်း​လုံး​နှင့်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို ကြား​ကြ​သူ​အ​ပေါင်း သည်​လွန်​စွာ​ကြောက်​လန့်​ကြ​ကုန်​၏။
12 By the hondes of the Apostles were many signes and wondres shewed amoge the people. And they were all together with one acorde in Salomons porche.
၁၂တ​မန်​တော်​တို့​သည်​လူ​တို့​ရှေ့​တွင်​အံ့​သြ​ဖွယ် ရာ​အ​မှု​အ​ရာ​များ​နှင့် နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​ကြ​၏။ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​မုခ်​တွင်​စု​ဝေး​ကြ​၏။-
13 And of other durst no man ioyne him selfe to them: neverthelater the people magnyfied them.
၁၃လူ​တို့​သည်​ထို​သူ​တို့​အား​ချီး​ကူး​ပြော​ဆို ကြ​သော်​လည်း မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ သူ​တို့​နှင့်​မ​ပေါင်း​မ​သင်း​ဝံ့​ကြ။-
14 The noumbre of them that beleved in the Lorde bothe of men and wemen grewe moare and moare:
၁၄သို့​ရာ​တွင်​သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည် သူ အ​မျိုး​သား​အ​မျိုး​သ​မီး​အ​ရေ​အ​တွက် သည်​ပို​၍​ပို​၍​များ​လာ​၏။-
15 in so moche that they brought the sicke into the strettes and layde them on beddes and palettes that at the lest waye the shadowe of Peter when he came by myght shadowe some of them.
၁၅လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။-
16 There came also a multitude out of ye cities roud about vnto Ierusalem bringynge sicke folkes and them which were vexed with vnclene spretes. And they were healed every one.
၁၆ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​မြို့​ရွာ များ​မှ လူ​ပ​ရိ​သတ်​တို့​သည်​ဖျား​နာ​သူ​များ၊ နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​များ​ကို​ခေါ်​ဆောင်​လာ ကြ​၏။ ထို​သူ​နာ​အ​ပေါင်း​သည်​ရော​ဂါ​ပျောက် ကင်း​သွား​ကြ​၏။
17 Then ye chefe preste rose vp and all they that were with him (which is the secte of the Saduces) and were full of indignacion
၁၇ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​နောက် လိုက်​များ​ဖြစ်​သော ဒေ​သ​ဆိုင်​ရာ​ဇဒ္ဒု​ကဲ​ဂိုဏ်း ဝင်​များ​သည် တ​မန်​တော်​တို့​ကို​လွန်​စွာ​မ​နာ လို​ဝန်​တို​စိတ်​ရှိ​လာ​ကြ​သ​ဖြင့် သူ​တို့​ကို အ​ရေး​ယူ​ရန်​ဆုံး​ဖြတ်​ကြ​၏။-
18 and layde hondes on the Apostles and put them in the comen preson.
၁၈သူ​တို့​သည်​တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင် ထောင်​တွင်​အ​ကျဉ်း​ချ​ထား​ကြ​၏။-
19 But the angell of the Lorde by nyght openned the preson dores and brought them forthe and sayde:
၁၉သို့​သော်​ည​အ​ခါ​၌​သ​ခင်​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​များ ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​အ​ပြင်​သို့ ခေါ်​ထုတ်​ပြီး​လျှင်၊-
20 goo steppe forthe and speake in the temple to the people all the wordes of this lyfe.
၂၀``သင်​တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍ လူ​တို့ အား​ဘ​ဝ​သစ်​အ​ကြောင်း​အ​လုံး​စုံ​ကို ဟော​ပြော​ကြ​လော့'' ဟု​ဆို​၏။-
21 When they hearde that they entred into the temple erly in the morninge and taught. The chefe prest came and they that were with him and called a counsell to gedder and all the elders of the chyldren of Israel and sent to the preson to fet them.
၂၁တ​မန်​တော်​တို့​သည်​ကောင်း​ကင်​တ​မန်​၏​စ​ကား ကို​နာ​ခံ​၍ အ​ရုဏ်​တက်​ချိန်​၌​ဗိ​မာန်​တော်​ထဲ သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​အ​ပေါင်း​ဖော်​တို့ သည် တ​ရား​လွှတ်​တော်​အ​စည်း​အ​ဝေး​ကို​ပြု လုပ်​ရန် အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၏။ ထို​နောက်​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ လွှတ်​တော်​ရဲ​များ​ကို​အ​ကျဉ်း ထောင်​သို့​စေ​လွှတ်​ကြ​၏။-
22 When the ministres came and founde them not in the preson they returned and tolde
၂၂ထို​သူ​တို့​သည်​အ​ကျဉ်း​ထောင်​သို့​ရောက်​သော အ​ခါ တ​မန်​တော်​တို့​ကို​မ​တွေ့​ရ​ကြ။ သို့​ဖြစ် ၍​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​ထံ​သို့​ပြန် လာ​ပြီး​လျှင်၊-
23 sayinge: the preson founde we shut as sure as was possible and the kepers stondynge with out before ye dores. But whe we had opened we founde no man with in.
၂၃``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-
24 When the chefe prest of all and the ruler of the temple and the hye prestes hearde these thinges they douted of them whervnto this wolde growe.
၂၄ထို​စ​ကား​ကို​ကြား​လျှင်​ဗိ​မာန်​တော်​အ​စောင့် တပ်​မှူး​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ``ဤ အ​မှု​ကား​အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။-
25 Then came one and shewed them: beholde ye men yt ye put in preson stonde in the teple and teache the people.
၂၅ထို​အ​ခါ​လူ​တစ်​ယောက်​ရောက်​ရှိ​လာ​၍ ``အ​ရှင် တို့​အ​ကျဉ်း​ချ​ထား​ခဲ့​သော​သူ​များ​သည် ဗိ​မာန် တော်​ထဲ​တွင်​ရပ်​လျက်​လူ​တို့​အား​ဟော​ပြော သွန်​သင်​နေ​ပါ​သည်'' ဟု​လျှောက်​၏။-
26 Then went the ruler of the teple with ministers and brought the with out violence. For they feared the people lest they shuld have bene stoned.
၂၆ထို​အ​ခါ​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် မိ​မိ​၏​တပ်​သား​များ​နှင့်​သွား​ရောက်​၍ တ​မန် တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ တို့​အား​လူ​ထု​က​ခဲ​နှင့်​ပေါက်​မည်​ကို​စိုး​ရိမ် သ​ဖြင့် တ​မန်​တော်​တို့​အား​အ​ကြမ်း​ဖက်​မှု ကို​မ​ပြု​ကြ။
27 And when they had brought them they set them before the counsell. And ye chefe preste axed the
၂၇ဤ​သို့​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ပြီး လျှင် တ​ရား​လွှတ်​တော်​အ​ဖွဲ့​၏​ရှေ့​တွင်​ရပ်​စေ ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တ​မန်​တော်​တို့ ကို​စစ်​ဆေး​မေး​မြန်း​၏။-
28 sayinge: dyd not we straytely comaunde you that ye shuld not teache in this name? And beholde ye have filled Ierusalem with youre doctrine and ye intende to brynge this mans bloud vpon vs.
၂၈သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။
29 Peter and the other Apostles answered and sayde: We ought moare to obey God then men.
၂၉ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-
30 The God of oure fathers raysed vp Ie Iesus whom ye slewe and hanged on tre.
၃၀ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သင် တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင်​၍​သတ်​ခဲ့ သော​သ​ခင်​ယေ​ရှု​အား ရှင်​ပြန်​ထ​မြောက်​စေ တော်​မူ​ပြီ။-
31 Him hath god lifte vp with his right hand to be a ruler and a savioure for to geve repetauce to Israell and forgevenes of synnes.
၃၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ​ရ ၍ မိ​မိ​တို့​အ​ပြစ်​များ​မှ​ပြေ​လွတ်​စိမ့်​သော​ငှာ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​အား​မိ​မိ​၏ လက်​ယာ​တော်​ဘက်​တွင်​စံ​ပယ်​စေ​၍ ဦး​စီး ခေါင်း​ဆောင်​အ​ဖြစ်​နှင့်​ကယ်​တင်​ရှင်​အ​ဖြစ် ချီး​မြှင့်​တော်​မူ​၏။-
32 And we are his recordes concernynge these thinges and also the holy goost whom God hath geve to them yt obey him.
၃၂ဤ​အ​မှု​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ငါ​တို့ သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​အ​မိန့်​ကို​နာ​ခံ​သူ​တို့​အား​ချ​ပေး​တော်​မူ သည့်​ဆု​ကျေး​ဇူး​တည်း​ဟူ​သော ဝိ​ညာဉ်​တော် သည်​လည်း​အ​သိ​သက်​သေ​ဖြစ်​တော်​မူ​၏'' ဟု ပြန်​၍​ပြော​ကြား​ကြ​၏။
33 When they hearde yt they clave asunder: and sought meanes to slee them.
၃၃ဤ​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ပြင်း​စွာ​အ​မျက် ထွက်​ကြ​သ​ဖြင့် တ​မန်​တော်​တို့​အား​သေ​ဒဏ် ပေး​ရန်​တိုင်​ပင်​ကြ​၏။-
34 Then stode ther vp one in ye counsell a Pharisey named Gamaliel a doctoure of lawe had in auctorite amoge all the people and commaunded to put the Apostles a syde a lytell space
၃၄သို့​ရာ​တွင်​ဂါ​မ​လျေ​လ​နာ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​သည် တ​ရား​လွှတ်​တော်​တွင်​ထိုင်​ရာ မှ​ထ​၍ တ​မန်​တော်​တို့​အား​အ​ပြင်​သို့​ခေတ္တ ခေါ်​ထုတ်​သွား​ရန်​အ​မိန့်​ပေး​၏။ သူ​သည်​လူ အ​ပေါင်း​တို့​ရို​သေ​လေး​စား​သည့်​ကျမ်း​တတ် ဆ​ရာ​တစ်​ဦး​ဖြစ်​၏။-
35 and sayde vnto them: Men of Israel take hede to youre selves what ye entende to do as touchinge these men
၃၅ထို​သူ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ သူ​တို့​အား​သင်​တို့​ပြု​မည့်​အ​ရာ​ကို​သ​တိ နှင့်​ပြု​ကြ​လော့။-
36 Before these dayes rose vp one Theudas bostinge him selfe to whom resorted a nombre of men about a foure hondred which was slayn and they all which beleved him were scatred a broode and brought to nought.
၃၆လွန်​ခဲ့​သော​နှစ်​အ​နည်း​ငယ်​က​သု​ဒ​ဆို​သူ သည် မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​တစ်​ဦး​ဟု ဆို​ကာ​ပေါ်​ပေါက်​ခဲ့​၏။ သူ​သည်​နောက်​လိုက်​လူ လေး​ရာ​ခန့်​ရ​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သူ​အ​သတ် ခံ​ရ​ပြီး​နောက် သူ​၏​နောက်​လိုက်​များ​သည်​တစ် ကွဲ​တစ်​ပြား​ဖြစ်​လျက် သူ​ဦး​ဆောင်​ခဲ့​သော လှုပ်​ရှား​မှု​သည်​လည်း​ပျောက်​ပျက်​သွား​၏။-
37 After this man arose ther vp one Iudas of Galile in the tyme when tribute began and drewe awaye moche people after him. He also perisshed: and all even as many as harkened to him are scattered a brood.
၃၇ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ချိန်​၌ ဂါ​လိ​လဲ​ပြည်​သား​ယု​ဒ​ဆို​သူ​ပေါ်​ပေါက် လာ​ကာ လူ​တို့​ကို​ဆွဲ​ဆောင်​စည်း​ရုံး​ခဲ့​၏။ သူ သည်​လည်း​သေ​ကျေ​ပျက်​စီး​ရ​လျက် သူ​၏ နောက်​လိုက်​အ​ပေါင်း​သည်​ကွဲ​လွင့်​သွား​ကြ ကုန်​၏။-
38 And now I saye vnto you: refrayne youre selves from these men let them alone. For yf ye cousell or this worke be of men it will come to nought.
၃၈သို့​ဖြစ်​၍​ယ​ခု​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​ကို​အ​ရေး​မ​ယူ​ကြ​နှင့်။ သူ​တို့ ဘာ​သာ​နေ​ပါ​စေ။-
39 But and yf it be of God ye can not destroye it lest haply ye be founde to stryve agaynst God.
၃၉သူ​တို့​ကြံ​စည်​ပြု​လုပ်​သော​အ​မှု​ကိစ္စ​သည် လူ​မှ​ဖြစ်​ခဲ့​သော်​ထို​အ​ကြံ​အ​စည်​အ​မှု ကိစ္စ​သည်​ပျက်​ရ​မည်။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​မှ​ဖြစ်​ပါ​မူ ထို​သူ​တို့​ကို​မ​ဖျက် နိုင်​သည့်​ပြင်​ဘု​ရား​သ​ခင်​အား​သင်​တို့ ဆန့်​ကျင်​ရာ​ရောက်​အံ့'' ဟု​ဆို​၏။ ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ဂါ​မ​လျေ​လ​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ ပြီး​လျှင်၊-
40 And to him they agreed and called the Apostles and bet them and comaunded that they shuld not speake in ye name of Iesu and let them goo.
၄၀တ​မန်​တော်​တို့​ကို​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ တို့​အား​ကြိမ်​ဒဏ်​ခတ်​ကာ``ယေ​ရှု​၏​နာ​မ​ကို အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​ကို​နောက် တစ်​ဖန်​မ​ပြု​ရ'' ဟု​အ​မိန့်​ပေး​ပြီး​နောက် လွှတ်​လိုက်​ကြ​၏။-
41 And they departed from the counsell reioysynge yt they were counted worthy to soffre rebuke for his name.
၄၁တ​မန်​တော်​တို့​သည်​မိ​မိ​တို့​အား​သ​ခင်​ယေ​ရှု အ​တွက် အ​သ​ရေ​ပျက်​ခြင်း​ကို​ခံ​ထိုက်​သူ​များ အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​စွာ​ယု​ဒ​တ​ရား​လွှတ်​တော်​မှ​ထွက် သွား​ကြ​၏။-
42 And dayly in the teple and in every housse they ceased not teachinge and preachinge Iesus Christ.
၄၂နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​လည်း​ကောင်း၊ အိမ်​များ​တွင်​လည်း​ကောင်း​သ​ခင်​ယေ​ရှု​သည် မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို​ဆက်​လက်​၍ ဟော​ပြော​သွန်​သင်​ကြ​၏။

< Acts 5 >