< 1 Corinthians 4 >

1 Let men this wyse esteme vs eve as the ministers of Christ and disposers of ye secretes of God.
ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​သမ္မာ တ​ရား​တော်​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ ခ​ရစ် တော်​၏​အ​စေ​ခံ​များ​ဖြစ်​သည်​ဟု​သင်​တို့​မှတ် ယူ​သင့်​ကြ​၏။-
2 Furthermore it is requyred of the disposers that they be founde faithfull.
ယင်း​သို့​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​တွင်​ရှိ​ရ မည့်​အ​ရည်​အ​ချင်း​တစ်​ခု​ကား မိ​မိ​သ​ခင် ၏​ပေါ်​တွင်​သစ္စာ​စောင့်​ရန်​ပင်​ဖြစ်​ပေ​သည်။-
3 With me is it but a very smal thinge that I shuld be iudged of you ether of (mans daye) No I iudge not myn awne selfe.
ငါ့​အား​သင်​တို့​အား​ဖြင့်​ဖြစ်​စေ၊ လူ့​စံ​နှုန်း​အား ဖြင့်​ဖြစ်​စေ​အ​စစ်​ခံ​ရ​လျှင်​ငါ​သည်​အ​မှု မ​ထား။ ငါ​သည်​မိ​မိ​ကိုယ်​ကို​ပင်​လျှင်​မ​စစ် ကြော​မ​စီ​ရင်​ပြီ။-
4 I know nought by my selfe: yet am I not therby iustified. It is the Lorde that iudgeth me.
ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ကြည်​လင်​လျက်​ရှိ​၏။ ယင်း သို့​ဆို​သော်​ငါ​၌​အြုပစ်​မ​ရှိ​ဟု​မ​ဆို​လို။ ငါ့​ကို စစ်​ကြော​စီ​ရင်​သူ​ကား​သခင်​ဘု​ရား​ပေ​တည်း။-
5 Therfore iudge no thinge before the tyme vntill the Lorde come which will lighten thinges that are hyd in darcknes and ope the counsels of the hertes. And then shall every man have prayse of God.
သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။
6 These thinges brethre I have described in myn awne person and Apollos for youre sakes that ye myght learne by vs that no man coute of him selfe beyonde that which is above written: that one swell not agaynst another for eny mans cause.
ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။-
7 For who preferreth the? What hast thou that thou hast not receaved? Yf thou have receaved it why reioysest thou as though thou haddest not receaved it?
အ​ဘယ်​သူ​သည်​သင်​တို့​အား​သူ​တစ်​ပါး ထက်​ထူး​ကဲ​စေ​ပါ​သ​နည်း။ သင်​တို့​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင် ချ​ပေး​တော်​မူ​သော​အ​ရာ​များ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​ရ​ရှိ​ထား သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​မ​ဟုတ် သ​ကဲ့​သို့ သင်​တို့​အ​ဘယ်​ကြောင့်​ကြွား ဝါ​သ​နည်း။
8 Now ye are full: now ye are made rych: ye raygne as kinges with out vs: and I wold to god ye dyd raygne that we might raygne with you.
သင်​တို့​သည်​လို​လေ​သေး​မ​ရှိ​အောင်​ပြည့်​စုံ ကြ​ပြီ​လော။ ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ လော။ ငါ​တို့​ပင်​ဘု​ရင်​မ​ဖြစ်​ဘဲ​သင်​တို့​သည် ဘု​ရင်​ဖြစ်​ကြ​လေ​ပြီ​လော။ သင်​တို့​ဘု​ရင် ဖြစ်​မှ​သာ​လျှင်​ငါ​တို့​လည်း​သင်​တို့​နှင့် အ​တူ​နန်း​စံ​နိုင်​ကြ​မည်​ဖြစ်​၍ အ​ကယ်​ပင် သင်​တို့​ဘု​ရင်​ဖြစ်​ကြ​ပါ​စေ​ဟု​ငါ​သည် ဆန္ဒ​ပြု​၏။-
9 Me thinketh that God hath set forth vs which are Apostles for the lowest of all as it were me appoynted to deeth. For we are a gasyngestocke vnto the worlde and to ye angels and to men.
လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။-
10 We are foles for Christes sake and ye are wyse thorow Christ. We are weake and ye are stroge. Ye are honorable and we are despised.
၁၀ငါ​တို့​သည်​ခ​ရစ်​တော်​အ​တွက်​လူ​မိုက်​ဖြစ် ရ​၏။ သင်​တို့​ကား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​ပ​ညာ​ရှိ​များ​ဖြစ်​ကြ သည်။ ငါ​တို့​သည်​ချည့်​နဲ့​သူ၊ သင်​တို့​ကား စွမ်း​သန်​သူ၊ ငါ​တို့​သည်​အ​သ​ရေ​မဲ့​သူ၊ သင်​တို့​ကား​အ​သ​ရေ​ရှိ​သူ​များ​ဖြစ်​ကြ ပါ​သည်​တ​ကား။-
11 Eve vnto this daye we honger and thyrst and are naked and are boffetted wt fistes and have no certayne dwellinge place
၁၁ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။-
12 and laboure workinge with oure awne hondes. We are revysed and yet we blesse. We are persecuted and suffer it.
၁၂လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-
13 We are evyll spoken of and we praye. We are made as it were the filthynes of the worlde the ofscowringe of all thinges even vnto this tyme.
၁၃စော်​ကား​ခြင်း​ကို​ခံ​ရ​သော​အ​ခါ​မေတ္တာ​ပို့ ကြ​၏။ ငါ​တို့​ကား​ယ​ခု​တိုင်​အောင်​လော​က ၏​အ​ညစ်​အ​ကြေး၊ လူ​တ​ကာ​စွန့်​ပစ်​သည့် အ​မှိုက်​ကဲ့​သို့​ဖြစ်​ကြ​၏။
14 I write not these thinges to shame you: but as my beloved sonnes I warne you.
၁၄ဤ​သို့​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ​သင်​တို့​အား အ​ရှက်​ခွဲ​လို​၍​မ​ဟုတ်။ ငါ​ချစ်​သော​သား​သ​မီး များ​အ​နေ​ဖြင့်​သင်​တို့​အား​သွန်​သင်​လို​၍ ဖြစ်​၏။-
15 For though ye have ten thousande instructours in Christ: yet have ye not many fathers. In Christ Iesu I have begotten you thorowe ye gospell.
၁၅သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-
16 Wherfore I desyre you to folowe me.
၁၆ထို့​ကြောင့်​ငါ​၏​စံ​န​မူ​နာ​ကို​လိုက်​ကြ​ရန်​ငါ မေတ္တာ​ရပ်​ခံ​ပါ​၏။-
17 For this cause have I sent vnto you Timotheus which is my deare sonne and faithfull in the Lorde which shall put you in remembrauce of my wayes which I have in Christ eve as I teache every where in all congregacios.
၁၇ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ​မည်။ သူ​သည် ခ​ရစ်​ယာန်​သက်​တမ်း​၌ ငါ​ချစ်​မြတ်​နိုး​၍​သစ္စာ ရှိ​သော​သား​ဖြစ်​ပါ​၏။ သူ​သည်​ငါ​လိုက်​လျှောက် ကျင့်​သုံး​သော​အ​ရပ်​ရပ်​ရှိ​အ​သင်း​တော် အ​ပေါင်း​တို့​အား ငါ​ဟော​ပြော​သွန်​သင်​ခဲ့​သော၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော ဘ​ဝ​သစ်​လမ်း​စဉ်​ကို သင်​တို့​အား​ပြန်​လည် သ​တိ​ရ​စေ​ပါ​လိမ့်​မည်။
18 Some swell as though I wolde come no more at you.
၁၈သင်​တို့​ထံ​သို့​ငါ​လာ​ရောက်​တော့​မည်​မ​ဟုတ် ဟု​ထင်​မှတ်​ကာ သင်​တို့​အ​နက်​အ​ချို့​သော သူ​တို့​သည်​မာန​ထောင်​လွှား​လျက်​ရှိ​ကြ​၏။-
19 But I will come to you shortely yf God will: and will knowe not ye wordes of the which swell but ye power:
၁၉သို့​ရာ​တွင်​သ​ခင်​ဘု​ရား​အ​လို​တော်​ရှိ​ပါ​မူ ငါ​သည်​သင်​တို့​ထံ​သို့​မ​ကြာ​မီ​လာ​ခဲ့​ပါ မည်။ ထို​အ​ခါ​ယင်း​သို့​မာန်​မာ​န​ထောင်​လွှား သူ​တို့​၏​နှုတ်​သတ္တိ​ကို​သာ​မ​က သူ​တို့​၏ တန်​ခိုး​စွမ်း​ရည်​ကို​လည်း​ငါ​ကိုယ်​တိုင်​သိ​ရ လိမ့်​မည်။-
20 for ye kyngdome of God is not in wordes but in power.
၂၀ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​စ​ကား အား​ဖြင့်​မ​တည်။ တန်​ခိုး​၌​တည်​၏။-
21 What will ye? Shall I come vnto you with a rodde or els in love and in the sprete of mekenes?
၂၁ငါ​သည်​ကြိမ်​လုံး​ကို​ကိုင်​၍​သင်​တို့​ထံ​သို့ လာ​ရ​မည်​လော။ သို့​တည်း​မ​ဟုတ်​မေတ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့်​လည်း ကောင်း​လာ​ရ​မည်​လော။ သင်​တို့​အ​ဘယ်​သို့ အ​လို​ရှိ​ကြ​သ​နည်း။

< 1 Corinthians 4 >