< Psalms 77 >

1 I cry out to God; I cry aloud to him, and he hears me.
ငါ သည် ဘုရား သခင့်ထံသို့ အသံ ကို လွှင့်၍ အော်ဟစ် ၏။ ဘုရား သခင့်ထံသို့ အသံ ကိုလွှင့်၍ ဘုရားသခင်သည် ငါ့ စကားကို နားထောင် တော်မူလိမ့်မည်။
2 Whenever have trouble, I pray to the Lord; all during the night I lift up my hands while I pray, [but] nothing causes me to be comforted.
ဘေး ရောက်သည်ကာလ ၌ ငါ သည် ထာဝရ ဘုရား ကို ရှာ ရ၏။ ညဉ့် အချိန်၌ ပင်လက် ကို ဆန့် လျက် နေရ၏။ ငါ့ ဝိညာဉ် သည် သက်သာ ခြင်းကို ငြင်းပယ် ၏။
3 When I think about God, I (despair/think that he will never help me); when I meditate about him, I am discouraged.
ဘုရား သခင်ကို အောက်မေ့ ၍ စိတ်ပူပန် ခြင်းရှိ၏။ ဆင်ခြင် ၍ စိတ် ပျက် ခြင်းသို့ ရောက်တတ်၏။
4 [All during the night] he prevents me from sleeping; I am very worried, with the result that I do not know what to say.
မျက်စိ မှိတ် ၍ မပျော်နိုင်။ လှုပ်ရှား ခြင်းရှိသောကြောင့် နှုတ် မ မြွက်နိုင်။
5 I think about days that have passed; I remember [what happened in] previous years.
လွန် လေပြီးသော နေ့ရက် ကို၎င်း၊ ရှေး ကာလ ကို ၎င်းအောက်မေ့ ၏။
6 I spend the whole night thinking [about things]; I meditate, and this is what I ask myself:
ညဉ့် အခါ၌ လည်း ငါသည် ကိုယ် သီချင်း ကို ဆင်ခြင် ၍ ၊ ကိုယ် စိတ် နှလုံး နှင့် ဆွေးနွေး သဖြင့်၊ ငါ့ ဝိညာဉ် သည် စစ်ဆေး ခြင်းကို ပြု၏။
7 “Will the Lord always reject us? Will he never again be pleased with us?
ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မူမည် လော ။ နောက် တဖန် ကျေးဇူး အလျှင်းမ ပြုဘဲ နေတော်မူ မည်လော။
8 Has he stopped faithfully loving us? Will he not do for us what he promised to do?
ကရုဏာ တော်သည် အစဉ် ကုန် ပြီလော။ ဂတိ တော် လည်း ကာလ အစဉ်အဆက်ပျက် လိမ့်မည်လော။
9 God promised to be merciful to us; has he forgotten that? Because he is angry [with us], has he decided to not be kind to us?”
ဘုရား သခင်သည် သနား ခြင်းငှါမေ့လျော့ တော်မူသလော။ အမျက် ထွက်သဖြင့် စုံစမ်းခြင်းကရုဏာ တော် ကို ချုပ်တည်း တော်မူသလော။
10 Then I said, “What causes me to be [very] sad is that [it seems that] God, who is greater than any other god, is no longer powerful.”
၁၀ထိုသို့ ဆိုသော်ငါသည် ကိုယ် မိုက် ကြောင်းကို ဝန်ခံ ရ၏။ ဤ အမှုကား၊ အမြင့်ဆုံး သော ဘုရား၏ လက်ျာ လက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။
11 [But then], Yahweh, I recall/remember your great deeds; I remember the wonderful things that you did in the past.
၁၁ထာဝရ ဘုရား၏ အမှုတော်တို့ကို အောက်မေ့ ပါမည်။ ရှေး ကာလ၌ ကိုယ်တော် ပြုဘူးသော အံ့ဩ ဘွယ် တို့ကို အောက်မေ့ ပါမည်။
12 I meditate on all that you have done, and I think about your mighty acts.
၁၂ပြု တော်မူသမျှ တို့ကို ဆင်ခြင် ၍ စီရင် တော်မူသော အရာတို့ကို မြွက် ဆိုပါမည်။
13 God, everything that you do is holy; there is certainly no god [RHQ] who is great like you are!
၁၃အိုဘုရား သခင်၊ ကိုယ်တော် ၏ လမ်း သည် သန့်ရှင်း ခြင်းနှင့် ယှဉ်ပါ၏။ ဘုရား သခင်ကဲ့သို့ အဘယ် မည်သော ဘုရား သည် ကြီးမြတ် သနည်း။
14 You are God, the one who performs miracles; you showed to people of many people-groups that you are powerful.
၁၄ကိုယ်တော် သည် အံ့ဘွယ် သော အမှုတို့ကို ပြု တတ်သော ဘုရား ဖြစ်တော်မူ၏။ လူမျိုး တို့တွင် တန်ခိုး တော်ကို ပြ တော်မူပြီ။
15 By your power [MTY] you rescued your people [from Egypt]; you saved those who were descendants of Jacob and [his son] Joseph.
၁၅ကိုယ်တော် ၏ လူ တည်းဟူသောယာကုပ် နှင့် ယောသပ် ၏အမျိုး ကို လက်ရုံး တော်နှင့် ကယ်နှုတ် တော်မူပြီ။
16 [It was as though] the waters [of the Red Sea] saw you and became very afraid, and even the deepest part of the water shook.
၁၆အို ဘုရား သခင်၊ ရေ တို့သည် ကိုယ်တော် ကို မြင် ကြပါ၏။ ရေ တို့သည် ကိုယ်တော် ကို မြင် ၍ ကြောက်ရွံ့ ကြပါ၏။ ရေနက်နဲ ရာအရပ်တို့လည်း လှုပ်ရှား ကြပါ၏။
17 Rain poured down from the clouds [PRS]; it thundered [very loudly] [PRS], and lightning flashed in all directions.
၁၇မိုဃ်းတိမ် တို့သည် ရေ ကို သွန်းလောင်း ၍၊ မိုဃ်း ကောင်းကင်တို့လည်း အသံ ဗလံပြု ကြပါ၏။ ကိုယ်တော် ၏ မြှား တို့သည် အရပ်ရပ်သို့ ရောက် ကြပါ၏။
18 Thunder crashed in the whirlwind, and lightning (lit up/flashed across) the entire sky [HYP]; the earth shook violently [DOU].
၁၈ကိုယ်တော် ၏ မိုဃ်းကြိုး သံ သည် လေဘွေ ၌ ပါ၍၊ လျှပ်စစ် ပြက်သဖြင့်၊ လောက ကို လင်း စေပါ၏။ မြေကြီး သည်လည်း တုန် လှုပ် ပါ၏။
19 [Then] you walked through the sea on a path that you made through the deep water, but your footprints could not be seen.
၁၉ကိုယ်တော် သည် သမုဒ္ဒရာ ၌ ကြွ တော်မူ၍ ၊ လမ်း ခရီးတော်သည် ကျယ်ဝန်း သော ရေ တွင် ရှိသဖြင့် ၊ ခြေ တော်ရာတို့သည် မ ထင်ရှား ကြပါ။
20 You led your people like [a shepherd leads his] flock [of sheep], while Moses and Aaron were the leaders [of your people].
၂၀မောရှေ နှင့် အာရုန် တို့လက် ဖြင့် ကိုယ်တော် ၏ လူ များတို့ကို သိုးစု ကဲ့သို့ ပို့ဆောင် တော်မူ၏။

< Psalms 77 >