< Isaiah 65 >
1 [This is what Yahweh said]: “I was ready to reply [to my people], but no one requested me [to help them]. I was ready to help [even] those who did not call out to me. I continued to say, ‘I am here [to help you]!’
၁ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်၏ဆုတောင်းပတ္ထနာများကိုနားညောင်း ရန်အသင့်ရှိသော်လည်း သူတို့သည်ဆုတောင်း ပတ္ထနာမပြုကြ။ ငါသည်သူတို့ရှာလျှင် တွေ့မြင်နိုင်ရန်အသင့်စောင့်၍နေသော်လည်း သူတို့သည်ငါ့ကိုရှာရန်ပင်မကြိုးစားကြ။ ငါသည်ဤအရပ်တွင်ရှိ၏။ ငါသည်ကူမမည် ဟုဖြေကြားရန်အသင့်ရှိသော်လည်း၊ ဣသ ရေလအမျိုးသားတို့သည်ငါ့ထံသို့ဆု တောင်းပတ္ထနာမပြုကြ။-
2 [It is as though] I have continually held out my arms [to show that I am ready to help] my people who rebel [against me], and who [continually] do the evil things that they want to do.
၂ခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။-
3 They boldly continue to do things that cause me to be angry: They offer sacrifices [to their idols] in their gardens, and they burn incense [to them] on [altars made of] bricks.
၃သို့ရာတွင်သူတို့သည်အရှက်မရှိ။ ငါ၏ အမျက်တော်ကိုလှုံ့ဆော်ကြ၏။ သူတို့သည် မြေသြဇာနတ်ဘုရားတို့ကိုဥယျာဉ်များ တွင်ယဇ်ပူဇော်ကြ၏။ ရုပ်တုကိုးကွယ်ရာ ယဇ်ပလ္လင်များတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်ကြ၏။-
4 They secretly remain awake at night in burial caves, [talking with the spirits of] ([dead people/their ancestors]). They eat the meat of pigs, and their pots are full of [other] meat that is [also] unacceptable to me.
၄ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။-
5 [Then] they say [to others], ‘Stay away from me; do not come near me, because I am very holy, [with the result that you should not touch me].’ People like that are [like] [MET] smoke in my nose [from] a fire that burns continually.
၅ထိုနောက်သူတို့ကမိမိတို့သည်အလွန်ပင် မြင့်မြတ်သန့်ရှင်းလှသည်၊ အခြားသူတို့နှင့် မထိမတွေ့အပ်ဟုဆိုကာ အဘယ်သူကိုမျှ မိမိတို့အနီးသို့မချဉ်းမကပ်စေကြ။ ငါ သည်ဤသို့သောလူတို့ကိုသည်းမခံနိုင်။ ထိုသူတို့အပေါ်သို့သက်ရောက်သည့်ငါ၏ အမျက်ဒေါသသည်အစဉ်တောက်လောင် လျက်နေသည့်မီးနှင့်တူ၏။
6 I have written [a record of all the evil things that they have done]. And I will not do nothing about all those things; I will certainly punish them
၆``သူတို့အားအဘယ်သို့အပြစ်ဒဏ်ခတ်မည် ကိုငါဆုံးဖြတ်ပြီးလေပြီ။ သူတို့အတွက် စီရင်ချက်ကိုလည်းရေးမှတ်၍ထား၏။ ငါ သည်သူတို့ပြုခဲ့သည့်အမှုတို့ကိုလျစ် လူရှုလိမ့်မည်မဟုတ်။-
7 for the sins that they and their ancestors have committed. They have mocked/insulted me by burning incense [to their idols] on the hilltops. So I will punish them like they deserve for doing those things.”
၇သူတို့၏အပြစ်ကြွေးများကိုလည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အပြစ်ကြွေးများကို လည်းကောင်းငါဆပ်စေမည်။ သူတို့သည်တောင် ပေါ်ရှိရုပ်တုကိုးကွယ်ရာဌာနများတွင်နံ့ သာပေါင်းကိုမီးရှို့ပူဇော်ကာ ငါ့ကိုကဲ့ရဲ့ ကြလေပြီ။ သို့ဖြစ်၍သူတို့အားထိုက် လျောက်ရာအပြစ်ဒဏ်ကိုငါပေးမည်'' ဟု မိန့်တော်မူ၏။
8 This is [also] what Yahweh said: “When there is a cluster of nice grapes on a vine, people do not throw them away, because they know that there is good juice in those grapes. Similarly, because there are some people [in Judah] who faithfully serve/worship me, I will not get rid of all of them.
၈ထာဝရဘုရားက``စပျစ်သီးကောင်းများ ကို အဘယ်သူမျှမဖျက်ဆီးတတ်။ နယ်၍ စပျစ်ရည်လုပ်တတ်ကြ၏။ ငါသည်လည်း ငါ၏လူအပေါင်းကိုသုတ်သင်ဖျက်ဆီး ပစ်လိမ့်မည်မဟုတ်။-
9 I will spare some of the descendants of Jacob who are living on the hills of Judah. I have chosen them, and they will possess that land; they will worship/serve me, and they will live there.
၉ငါ့အားဝတ်ပြုကိုးကွယ်သူကိုငါကယ်တင် မည်။ ယုဒအနွယ်ဝင်တို့ကိုကောင်းချီးပေး မည်။ ယုဒ၏သားမြေးများသည်တောင်ပေါ် ဒေသများဖြစ်သော ငါ၏ပြည်တော်ကို အပိုင်ရရှိကြလိမ့်မည်။ ငါ၏ကျွန်ငါ ၏လူမျိုးတော်သည်ထိုပြည်တွင်နေထိုင်၍ အမွေခံရကြလိမ့်မည်။-
10 [Then all the land from the] Sharon [Plain near the Mediterranean Sea] and [as far east as] Achor Valley [near Jericho] will become pastureland where their cattle and sheep will rest.
၁၀သူတို့သည်ငါ့ကိုရှိခိုးဝတ်ပြုကာမိမိတို့ ၏သိုးနှင့်ကျွဲနွားများကိုအနောက်ဘက်ရှိ ရှာရုန်လွင်ပြင်တွင်လည်းကောင်း၊ အရှေ့ဘက် ရှိအာခေါ်ချိုင့်စားကျက်များတွင်လည်း ကောင်း နားနေစရာအဖြစ်ကျောင်းကြ လိမ့်မည်။
11 But [it will be different] for you who have abandoned me, you who do not worship me on [Zion], my sacred hill, you who worship Gad and Meni, [the gods who you think will bring you] good luck and good fortune.
၁၁``သို့ရာတွင်ငါ့ကိုစွန့်ပစ်သူငါ၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင်ကိုဂရုမစိုက်ဘဲ ကံကြမ္မာဘုရား၊ ဂါဒနှင့်မေနိတို့ကိုဝတ် ပြုကိုးကွယ်သူသင်တို့အဖို့မှာမူကား၊-
12 [It is I, not Meni, who will decide/say what will happen to you]; you will all [be slaughtered by] swords. [That will happen] because you did not answer when I called out to you. I spoke to you, but you did not pay attention. Instead, you did things that I said are evil; you chose to do things that do not please me.
၁၂ဋ္ဌားနှင့်အသေသတ်ခြင်းခံရလိမ့်မည်။ သင် တို့သည်ငါခေါ်သောအခါမထူးကြ။ ငါ ပြောသောအခါနားမထောင်ကြ။ သင်တို့ သည်ငါ၏ရှေ့တွင်ဒုစရိုက်ပြုလျက် ငါမ နှစ်သက်သောအရာကိုလုပ်ဆောင်ကြ၏။-
13 I, Yahweh the Lord, will give to those who worship and obey me things to eat and drink, and they will be happy; but [all] you evil people will be hungry and thirsty, and you will be [sad and] disgraced.
၁၃ထို့ကြောင့်ငါ့စကားကိုနားထောင်ရန်ငါ့ကို ဝတ်ပြုသူတို့သည်ဖောဖောသီသီစားသောက် ရကြလျက် သင်တို့မူကားဆာငတ်မွတ်သိပ် လျက်ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့ သည်ပျော်ရွှင်ကြလျက် သင်တို့မူကားအရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်းသင်တို့အား ငါ ထာဝရအရှင်ဘုရားသခင်ပြောကြား၏။-
14 Those who worship and obey me will sing joyfully, but you [evil people] will wail loudly because you will be suffering in your inner beings.
၁၄ငါ၏ကျွန်တို့သည်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုရကြလျက် သင်တို့မူကားစိတ် နှလုံးကြေကွဲကျိုးပဲ့လျက်ငိုကြွေးရ ကြလိမ့်မည်။-
15 Those whom I have chosen will use your names when they curse people; [I], Yahweh the Lord, will get rid of you. But I will give to those who worship and obey me a new name [that they will use when they bless people].
၁၅ငါ၏ရွေးချယ်တော်ခံလူမျိုးတော်သည် သင်တို့နာမည်ကိုကျိန်စာအဖြစ်အသုံး ပြုကြလိမ့်မည်။ ငါထာဝရအရှင်ဘုရားသခင်သည်လည်းသင်တို့အားကွပ်မျက်တော် မူမည်။ သို့ရာတွင်ငါ၏စကားကိုနားထောင် သူတို့အားငါသည်နာမည်သစ်ကိုပေး တော်မူမည်။-
16 The people in this land have had many troubles, but I will cause those troubles to occur no more. Therefore those who ask me to bless them and those who solemnly promise to do something should never forget that I am God, who faithfully [do what I promise to do].”
၁၆ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
17 “Note this: [Some day] I will create a new heaven and a new earth. [They will be very wonderful, with the result that] you will no longer think about all [the troubles] you had previously.
၁၇ထာဝရဘုရားက``ငါသည်ကမ္ဘာမြေကြီး သစ်နှင့်မိုးကောင်းကင်သစ်ကိုဖန်ဆင်းမည်။ အတိတ်ကအဖြစ်အပျက်များသည်လုံးဝ မေ့ပျောက်၍သွားလိမ့်မည်။-
18 Be glad and always rejoice because of what I will do: Jerusalem will be a place where [people] rejoice; the people who live there will always be happy.
၁၈ငါဖန်ဆင်းတော်မူသည့်အမှု၌ထာဝစဉ် အားရဝမ်းမြောက်ကြလော့။ ငါဖန်ဆင်းတော် မူသည့်ယေရုရှလင်မြို့သစ်သည်နှစ်ထောင်း အားရဖွယ်ကောင်း၍၊ ထိုမြို့မှလူတို့သည် လည်းဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။-
19 I will rejoice about Jerusalem, and I will be delighted with my people. [People] will no longer weep or cry because of being distressed.
၁၉ငါကိုယ်တိုင်ပင်လျှင်ယေရုရှလင်မြို့အတွက် ကြောင့်လည်းကောင်း၊ ထိုမြို့ရှိမြို့သူမြို့သား တို့၏အတွက်ကြောင့်လည်းကောင်းဝမ်းမြောက် ရွှင်လန်းရလိမ့်မည်။ ထိုမြို့တွင်ငိုကြွေးမှုနှင့် ကူပါကယ်ပါဟုဆိုသောသူများရှိလိမ့် မည်မဟုတ်။-
20 No child will die when it is still an infant; all people will live until they are very old. [People will consider that] anyone who is 100 years old is still young; [they will consider that] anyone who dies who is younger than that has been cursed.
၂၀နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။-
21 My people will build houses and [then] live in them. They will plant vineyards and then eat grapes from those vineyards.
၂၁လူတို့သည်အိမ်များကိုတည်ဆောက်၍မိမိ တို့ကိုယ်တိုင်နေထိုင်ရကြလိမ့်မည်။ ထိုအိမ် များတွင်မဆိုင်သူများနေရမည်မဟုတ် ပေ။ လူတို့သည်စပျစ်ဥယျာဉ်များကိုစိုက် ပျိုး၍စပျစ်သီးများကိုစားရကြလိမ့် မည်။-
22 As for the houses that they build, no one will [take those houses away from them and] live in them. No one will take a vineyard away from its owner. My chosen people will live a long time, like trees do, and they will enjoy what they have accomplished— [the houses that they have built and the crops that they have planted].
၂၂စပျစ်ရည်ကိုလည်းအခြားသူများသောက် ရကြမည်မဟုတ်။ သစ်ပင်များသဖွယ်ငါ ၏လူမျိုးတော်သည်အသက်ရှည်ကြလိမ့် မည်။ သူတို့သည်မိမိတို့လုပ်အား၏အကျိုး ကျေးဇူးကိုအပြည့်အဝခံစားရကြ လိမ့်မည်။-
23 They will not work hard in vain, and their children will not die from some (calamity/terrible thing happening to them). I will [certainly] bless their children and their grandchildren.
၂၃သူတို့ဆောင်ရွက်သည့်အလုပ်သည်အောင်မြင် ၍သူတို့၏သားသမီးများသည်ဘေးအန္တ ရာယ်ရောက်ရကြလိမ့်မည်မဟုတ်။ ငါသည် သူတို့နှင့်သူတို့သားမြေးများအားလာ လတ္တံ့ကာလအစဉ်အဆက်ကောင်းချီးပေး မည်။-
24 Before they call to me [to help them], I will answer; I will answer their prayers while they are still praying [for me to do something for them].
၂၄သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။-
25 No one will be harmed or injured anywhere on [Zion], my sacred hill: Wolves and lambs will eat grass together [peacefully]; lions will eat hay like oxen do, [and they will not attack people]. Snakes will [not hurt anyone; they will lie on the ground and] eat [only] dirt. [That is surely what it will be like because I], Yahweh, have said it.”
၂၅ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။