< 2 Corinthians 7 >

1 My friends, whom I love, because [God] has promised [to accept us(inc) as his children], we [(inc)] must stop doing anything that is sinful. We must not do sinful things with our bodies, and we must not [think] sinful thoughts. [Because] we greatly revere God, we must strive to [live] a completely pure life. By doing that we will become the kind of people that he wants us to be.
ချစ်​မိတ်​ဆွေ​တို့၊ ဤ​က​တိ​တော်​များ​ကား​ငါ တို့​၏​အ​တွက်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​ကာ​ယ​အ​ညစ်​အ​ကြေး​နှင့်​ဝိ​ညာဉ် အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​နှင့်​ကင်း​စင်​စေ​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​အား ဖြင့် မိ​မိ​တို့​ကိုယ်​ကို​လုံး​ဝ​ဖြူ​စင်​သန့်​ရှင်း​စေ ကြ​ကုန်​အံ့။
2 So, as I just wrote, I want you to love me (OR, us [IDM] [who are true apostles of Christ]). I/we [(exc)] have never done anything wrong to any of you. I/we have not done anything to harm any one of you spiritually or financially. And I/we have not tried to get money from [you] (for myself/for ourselves).
ငါ​တို့​အား​သင်​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​ထား​ကြ လော့။ ငါ​တို့​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​ပြစ်​မှား​ခဲ့။ မည်​သူ့​ကို​မျှ​အ​ကျိုး​နည်း​အောင်​မ​ပြု​ခဲ့။ မည်​သူ့​အ​ပေါ်​တွင်​မျှ​အ​ခွင့်​ကောင်း​ကို​မ​ယူ​ခဲ့။-
3 [It is true that some people among you have said that I have done such things. Nevertheless], I am not trying to make you all feel ashamed because, as I wrote before, I will continue to love you all very much [IDM], whether I live with you or die with you. I am very confident about you.
ဤ​သို့​ဆို​ရာ​၌​သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ လို​၍​မ​ဟုတ်။ ယ​ခင်​က​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း ငါ​တို့​သည်​သင်​တို့​နှင့်​သေ​အ​တူ​ရှင်​မ​ကွဲ ဖြစ်​လို​သည်​တိုင်​အောင် သင်​တို့​အား​ချစ်​သော ကြောင့်​ဖြစ်​၏။-
4 I am very pleased with you. You have greatly encouraged me, so that I am now very joyful in spite of all the hardships that I have endured.
ငါ​သည်​သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၏။ သင် တို့​အ​တွက်​များ​စွာ​ဂုဏ်​ယူ​ဝါ​ကြွား​၏။ အ​မျိုး မျိုး​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​တို့​ခံ​ရ​သော် လည်း ငါ​သည်​အား​တက်​လျက်​အ​တိုင်း​ထက် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။
5 Now [I will write more about what I was saying about Titus]. When I [left Troas and] came [here to] Macedonia [province], I still did not get any rest. Everywhere we [(exc)] went, [people were constantly] causing us trouble. [And not only were] people [constantly causing us] trouble, but I was greatly concerned [about you all].
မာ​ကေ​ဒေါ​နိ​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ​၌ ပင်​လျှင် ငါ​တို့​သည်​စိတ်​သက်​သာ​မှု​ကို​မ​ရ​ကြ။ အ​ရပ်​ရပ်​တွင်​အ​ခက်​အ​ခဲ​များ​ရှိ​၏။ အ​ငြင်း ပွား​မှု​များ​ရှိ​၏။ ငါ​တို့​၌​လည်း​ကြောက်​စိတ်​ရှိ​၏။-
6 But God, who always encourages his people when they are discouraged, encouraged us by [sending] Titus back to us.
သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။-
7 I was encouraged by [seeing] Titus, [but when I heard how] you had encouraged him, that encouraged me even more. He told me how much you wanted [to see me. He told me] that you were very sorry [that you had made me so unhappy. He also told me] that you are very eager for me [to continue to serve as your apostle. When Titus told me those things], I was very, very happy.
တိ​တု​က​သင်​တို့​သည်​ငါ့​ကို​အ​လွန်​တွေ့​လို​ကြ ကြောင်း၊ အ​လွန်​ဝမ်း​နည်း​လျက်​ရှိ​ကြ​ကြောင်း​တို့ ကို​ပြော​ပြ​သ​ဖြင့်​ငါ​သည်​ပို​၍​ပင်​ဝမ်း​မြောက်​၏။
8 Even though what [I wrote] in my letter (distressed you/made you sad), I am not sorry [that I wrote it]. For a while I was sorry that I had written it, [because I knew that it would distress you]. Now [Titus has also told] me that it did distress you [when you read it], but you were distressed only for a short time.
အ​ကယ်​၍​ငါ​၏​စာ​သည်​သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​ဖြစ်​စေ​ခဲ့​လျှင် ထို​စာ​ကို​ရေး​မိ​သည့်​အ​တွက် ယ​ခု​ငါ​ဝမ်း​မ​နည်း။ ထို​စာ​ကြောင့်​ခေတ္တ​မျှ​သင် တို့​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ​သည်​ကို​တွေ့​စဉ် အ​ခါ​က​ငါ​ဝမ်း​နည်း​မိ​ခဲ့​လျှင်​လည်း၊-
9 [So now] I am happy [that I wrote it]. I am not happy that you were distressed {that [I] distressed you}, but [I am happy] because, when you became distressed, you felt sorry for what you had done and [you asked God to forgive you. What I mean is that you felt sorry in the way that God wanted you to feel sorry, so my making] you feel sorry did not harm you at all.
ယ​ခု​ဝမ်း​မြောက်​၏။ သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​အောင်​ပြု​ခဲ့​သည့်​အ​တွက်​ကြောင့်​မ​ဟုတ်။ စိတ်​မ​ချမ်း​မ​သာ​မှု​က​သင်​တို့​အား​နောင်​တ တ​ရား​ရ​စေ​သည့်​အ​တွက်​ကြောင့်​ဝမ်း​မြောက် ရ​ခြင်း​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​သည်​ထို စိတ်​မ​ချမ်း​မ​သာ​မှု​ကို​အ​သုံး​ပြု​တော်​မူ သည်​ဖြစ်​ရာ​ငါ​တို့​သည်​သင်​တို့​ကို​အ​ဘယ် သို့​မျှ​မ​နစ်​နာ​စေ​ခဲ့။-
10 [The fact is that] when God causes [us to feel] truly sorry for having sinned and we turn from our sinful behavior, then God saves us [and will not punish us for the sinful things that we have done]. And no one is ever sorry about that. [However], the people who do not trust [in God] [MTY] may be sorry [for the sinful things that they have done]. But [if they do not turn from their sinful behavior and ask God to forgive them], they will remain separated from him forever.
၁၀ဘု​ရား​သ​ခင်​အ​သုံး​ပြု​တော်​မူ​သည့်​ဝမ်း​နည်း ခြင်း​သည်​ကယ်​တင်​ခြင်း​ကို​ရ​စေ​သည့်​နောင်​တ စိတ်​ကို​ဖြစ်​ပေါ်​စေ​တတ်​၏။ ထို့​ကြောင့်​ဝမ်း​နည်း မိ​သည့်​အ​တွက်​စိတ်​မ​ကောင်း​မ​ဖြစ်​သင့်။ သို့ ရာ​တွင်​လူ့​ဝမ်း​နည်း​ခြင်း​၏​အ​ကျိုး​ကား​သေ ခြင်း​ပေ​တည်း။-
11 But [think about what happened when you read my letter]: God caused you to be truly sorry [for what you had done]. You eagerly [wanted to do what was right], and you wanted to show [God] (OR, [me]) that you had done the right thing. You were angry [about what had happened], and you were worried [that God would punish you if the situation continued]. You also wanted me [to visit you to encourage and help you]. You wanted me to know [that you really do accept me as your apostle, and that you punished the man who had sinned, as I told you to do. By doing] all of those things, you have shown [me] that you have done what is right in this matter.
၁၁ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​ဝမ်း​နည်း​မှု​ကို​မည် သို့​အ​သုံး​ပြု​တော်​မူ​သည်​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည်​စိတ်​ထက်​သန်​၍​လာ​ကြ​လေ​ပြီ။ မိ​မိ​တို့​၌​အ​ပြစ်​ကင်း​ကြောင်း​ဖော်​ပြ​ရန်​အ​လွန် လို​လား​ကြ​လေ​ပြီ။ လွန်​စွာ​ဒေါ​သ​ထွက်​ကြ လေ​ပြီ။ လွန်​စွာ​စိုး​ရိမ်​ကြ​လေ​ပြီ။ လွန်​စွာ​တမ်း တ​ကြ​လေ​ပြီ။ လွန်​စွာ​စေ​တ​နာ​ထက်​သန် ကြ​လေ​ပြီ။ အ​ပြစ်​ရှိ​သူ​ကို​ဒဏ်​ပေး​ရန် လို​လား​ကြ​လေ​ပြီ။ သင်​တို့​သည်​ဤ​အ​မှု တွင်​မိ​မိ​တို့​အ​ပြစ်​ကင်း​ကြောင်း​ကို​ထင်​ရှား စေ​ကြ​လေ​ပြီ။
12 So, even though I wrote that [severe] letter to you, I did not [write it just] so that [you would punish] the man who had done what was wrong. Also, I [did not write it] for the benefit of the person whom [he] had wronged. Instead, [I wrote it] so that, when you [read the letter], God would enable you to realize how much you really do respect [my authority].
၁၂သို့​ဖြစ်​၍​ယ​ခင်​က​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​ခဲ့​ရ ခြင်း​မှာ​ပြစ်​မှား​သော​သူ​၏​ကိစ္စ​ကြောင့်​မ​ဟုတ်။ ပြစ် မှား​ခြင်း​ကို​ခံ​ရ​သူ​၏​ကိစ္စ​ကြောင့်​လည်း​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ငါ​တို့​အား​သင်​တို့ အ​ဘယ်​မျှ​ချစ်​ခင်​စွဲ​လန်း​ကြ​သည်​ကို​ကောင်း စွာ​သိ​သာ​ထင်​ရှား​စေ​လို​၍​ရေး​ခဲ့​ခြင်း​ဖြစ်​၏။-
13 So, [because you listened to me and did what I asked you to do], (I was/we [(exc)] were all) encouraged. Not only (was I/were we) encouraged, but (I was/we [(exc)] were) [also] very happy to see how happy Titus was [when he arrived here. He told me/us that] he did not need to worry any more, because [he saw] that you all [had a good attitude toward me].
၁၃ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​အား​တက်​ကြ​၏။ ငါ​တို့​သည်​အား​တက်​ရုံ​သာ​မ​က၊ အ​လွန်​လည်း ဝမ်း​မြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​တိ​တု​အား​ရွှင်​လန်း​စေ​သ​ဖြင့်​သူ​သည် အ​လွန်​ဝမ်း​မြောက်​လျက်​ရှိ​သည်​ကို​ငါ​တို့​တွေ့​ရ သော​ကြောင့်​ဖြစ်​ပေ​သည်။-
14 I had told Titus that I was pleased about you. And I did not need to be ashamed [for feeling that way about you, because you did what I knew that you would do]. Just like everything that I have taught you [and written to you] has been the truth, the good things that I told Titus about you were also true.
၁၄ငါ​သည်​တိ​တု​အား​သင်​တို့​အ​ကြောင်း​ကို​ကြွား ဝါ​ခဲ့​၏။ ယင်း​သို့​ကြွား​ဝါ​သည့်​အ​တိုင်း​ဟုတ်​မှန် ကြောင်း​ကို​သင်​တို့​ပြ​သ​လိုက်​ပေ​ပြီ။ ငါ​တို့ သည်​သင်​တို့​အား​ဟုတ်​မှန်​ရာ​ကို​သာ​လျှင် အ​စဉ်​ပြော​ကြား​ခဲ့​၏။ တိ​တု​အား​ငါ​တို့ ကြွား​ဝါ​ပြော​ဆို​ခဲ့​သော​အ​ရာ​များ​သည် လည်း​ဟုတ်​မှန်​လျက်​နေ​ပေ​ပြီ။-
15 Now he happily remembers how you all [were willing to] do [what I asked you to do]. He is [also happy about the way you] treated him with great respect. [When he thinks about those things], [it makes] him love you even more [than he did when he was with you].
၁၅သူ​၏​စ​ကား​ကို​သင်​တို့​လိုက်​နာ​ရန်​အ​သင့် ရှိ​ကြ​သည်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​တုန် လှုပ်​လျက်​သူ့​အား​ကြို​ဆို​လက်​ခံ​ကြ​သည် ကို​လည်း​ကောင်း​သူ​သည်​သ​တိ​ရ​သ​ဖြင့် သင်​တို့​အား​ပို​၍​ပင်​ချစ်​ခင်​မြတ်​နိုး​လာ ပေ​သည်။-
16 [As for me], I am very happy [because now] I am certain that I can depend on you [to do what you know God wants you to do].
၁၆ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လုံး​ဝ​စိတ်​ချ နိုင်​သ​ဖြင့်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။

< 2 Corinthians 7 >