< Psalms 130 >

1 A Song of Ascents. Out of the depths, have I cried unto thee, O Yahweh.
အိုထာဝရဘုရား ၊ နက်နဲ ရာထဲက ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။
2 O My Lord! hearken thou unto my voice, —Let thine ears be attentive to the voice of my supplications,
အို ထာဝရ ဘုရား၊ အကျွန်ုပ် ၏ စကား သံကို ကြား ၍၊ အကျွန်ုပ် ဆုတောင်း ပဌနာပြုသံ ကို နားညောင်း တော်မူပါ။
3 If, iniquities, thou shouldest mark, O Yah, O My Lord, who could stand?
အို ဘုရား ရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ် များကို မှတ် တော်မူလျှင် အဘယ်သူ သည် ခံရပ် နိုင်ပါမည်နည်း။
4 But, with thee, is forgiveness, that thou mayest be revered.
ကိုယ်တော် ကို ကြောက်ရွံ့ စရာအကြောင်း ရှိစေခြင်းငှါ၊ အပြစ် လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။
5 I have waited for Yahweh, My soul hath waited for his word;
ထာဝရဘုရား ကို ငါစောင့် လျက်နေ၏။ ငါ့ ဝိညာဉ် သည် စောင့် လျက်နေ၏။ နှုတ်ကပတ် တော်ကို ငါမြော်လင့် ၏။
6 I have hoped, O my soul, for My Lord, more than they who watch for the morning, who watch for the morning.
နံနက် ကို မြော်လင့် သောသူတို့ ထက်မက ၊ ငါ့ ဝိညာဉ် သည် ဘုရား ရှင်ကို မြော်လင့် လျက်နေ၏။
7 Wait, O Israel, for Yahweh, —for, with Yahweh, is lovingkindness, and there aboundeth with him—redemption.
ဣသရေလ အမျိုးသည် ထာဝရဘုရား ကို မြော်လင့် ပါစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၌ ကရုဏာ ရှိ၏။ များစွာ သော ရွေးနှုတ် ခြင်းကျေးဇူးရှိ၏။
8 He, therefore, will redeem Israel from all his iniquities.
ဣသရေလ အမျိုးကို ခပ်သိမ်း သောဒုစရိုက် အပြစ်တို့အထဲက ရွေးနှုတ် တော်မူလိမ့်မည်။

< Psalms 130 >