< Nehemiah 10 >

1 Now, upon the sealed writings, were, —Nehemiah the governor, son of Hacaliah, and Zedekiah;
တံဆိပ်ခတ်သောသူ ဟူမူကား၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊
2 Seraiah, Azariah, Jeremiah;
စရာယ၊ အာဇရိ၊ ယေရမိ၊
3 Pashhur, Amariah, Malchijah;
ပါရှုရ၊ အာမရိ၊ မာလခိယ၊
4 Hattush, Shebaniah, Malluch;
ဟတ္တုတ်၊ ရှေဗနိ၊ မလ္လုတ်၊
5 Harim, Meremoth, Obadiah;
ဟာရိမ်၊ မေရမုတ်၊ ဩဗဒိ၊
6 Daniel, Ginnethon, Baruch;
ဒံယေလ၊ ဂိန္နေသုန်၊ ဗာရုတ်၊
7 Meshullam, Abijah, Mijamin;
မေရှုလံ၊ အဘိယ၊ မိယာမိန်၊
8 Maaziah, Bilgai, Shemaiah, —these, were, the priests.
မာဇိ၊ ဗိလဂဲ၊ ရှေမာယ၊
9 And, the Levites, —Jeshua, son of Azaniah, Binnui, of the sons of Henadad, Kadmiel;
လေဝိသားအာဇနိသား ယောရှုတပါး၊ ဟေနဒဒ် သား ဗိနွိတပါး၊ ကပ်မျေလတပါး၊
10 and, their brethren, —Shebaniah, Hodiah, Kelita, Pelaiah, Hanan;
၁၀သူတို့ညီရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာ ယ၊ ဟာနန်၊
11 Mica, Rehob, Hashabiah;
၁၁မိက္ခာ၊ ရေဟုပ်၊ ဟာရှဘိ၊-
12 Zaccur, Sherebiah, Shebaniah;
၁၂ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊
13 Hodiah, Bani, Beninu.
၁၃ဟောဒိယ၊ ဗာနိ၊ ဗေနိနု၊-
14 The heads of the people, —Parosh, Pahath-moab, Elam, Zattu, Bani;
၁၄လူတို့တွင် အကြီး အကဲဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇဿု၊ ဗာနိ၊
15 Bunni, Azgad, Bebai;
၁၅ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊
16 Adonijah, Bigvai, Adin;
၁၆အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊
17 Ater, Hezekiah, Azzur;
၁၇အာတာ၊ ဟိဇကိယ၊ အဇ္ဇုရ၊
18 Hodiah, Hashum, Bezai;
၁၈ဟောဒိယ၊ ဟရှုံ၊ ဗေဇဲ၊
19 Hariph, Anathoth, Nobai;
၁၉ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊
20 Magpiash, Meshullam, Hezir;
၂၀မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊
21 Meshezabel, Zadok, Jaddua;
၂၁မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊
22 Pelatiah, Hanan, Anaiah;
၂၂ပေလတိ၊ ဟာနန်၊ အနာယ၊
23 Hoshea, Hananiah, Hasshub;
၂၃ဟောရှေ၊ ဟာနနိ၊ ဟာရှုပ်၊
24 Hallohesh, Pilha, Shobek;
၂၄ဟာလောဟက်၊ ပိလဟ၊ ရှောဗက်၊
25 Rehum, Hashabnah, Maaseiah;
၂၅ရေဟုံ၊ ဟာရှဗန၊ မာသေယ၊
26 and Ahiah, Hanan, Anan;
၂၆အဟိယ၊ ဟာနန်၊ အာနန်၊-
27 Malluch, Harim, Baanah.
၂၇မလ္လုတ်၊ ဟာရိမ်၊ ဗာနာတည်း။
28 And, the rest of the people—the priests, the Levites, the doorkeepers, the singers, the Nethinim, and all who had separated themselves from the peoples of the lands unto the law of God, their wives, their sons and their daughters, —every one having knowledge and understanding,
၂၈ကြွင်းသောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ ဘုရားကျွန် အစရှိသော ဘုရားသခင်၏ တရားကိုစောင့်အံ့သောငှါ၊ ထိုပြည်သား တို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ်၍၊
29 were holding fast unto their distinguished brethren, and were entering into a curse and into an oath, to walk in the law of God, which was given through Moses the servant of God, —and to observe and do, all the commandments of Yahweh our Lord, and his regulations, and his statutes;
၂၉ညီအစ်ကိုမှူးမတ်တို့၌ မှီဝဲလျက်၊ ဘုရားသခင်၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင်၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ၍၎င်း၊ ငါတို့အရှင် ထာဝရဘုရား၏ ပညတ်တော်များ၊ စီရင်ထုံး ဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ၍၎င်း၊
30 and that we would not give our daughters unto the peoples of the land, —and, their daughters, would we not take for our sons;
၃၀ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေး စား၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်း မယူဘဲနေပါမည်ဟူ၍၎င်း၊
31 and, if the peoples of the land should be bringing in wares, or any corn on the sabbath day, to sell, we would not buy of them on the sabbath, or on a holy day, —and that we would remit the seventh year, and the loan of every hand.
၃၁ပြည်သားတို့သည် ဥပုသ်နေ့၌ ဥစ္စာ၊ စားစရာ ကိုရောင်းခြင်းငှါ ယူခဲ့လျှင်၊ ဥပုသ်နေ့ဖြစ်စေ၊ အခြား သော ဓမ္မနေ့ဖြစ်စေ မဝယ်၊ သတ္တမနှစ်တွင် လယ်လုပ် ခြင်းအမှုကိုမပြု၊ ကြွေးကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ၍၎င်း၊ ကျိန်ဆိုလျက် သစ္စာဂတိထားကြ၏။
32 And we laid on ourselves charges, appointing for ourselves the third of a shekel, yearly, —for the service of the house of our God:
၃၂ထိုမှတပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှု တည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော် မုန့်၊
33 for the bread to set in array, and the continual meal-offering, and for the continual ascending-sacrifice, of the sabbaths, of the new moons, for the appointed feasts, and for things hallowed, and for victims bearing sin, to put a propitiatory-covering over Israel, —and for all the work of the house of our God.
၃၃မြဲသောမီးရှို့ရာယဇ်၊ဓမ္မပွဲ၊ သန့်ရှင်းသောအသုံး အဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာ ယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအား လုံးစုံကို ဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ်လျှင် ငွေ တကျပ်သုံးစုတစုစီ ပေးရမည်အကြောင်း ကိုယ်အဘို့ စီရင်ထုံးဖွဲ့ကြ၏။
34 Also, lots, did we cast, concerning the offering of wood among the priests, the Levites, and the people, to bring it unto the house of our God, by our ancestral houses, at times arranged, year by year, —to burn upon the altar of Yahweh our God, as it is written in the law.
၃၄ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာထင်း ပူဇော်သက္ကာကို၊ တနှစ်တနှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ ဘုရားသခင်၏ အိမ်တော်သို့ဆောင်ခဲ့ရမည် အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသားပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။
35 And that we would bring in the firstfruits of our ground, and the firstfruit of all fruit of all trees, year by year, —unto the house of Yahweh;
၃၅အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုး ကို ဗိမာန်တော်သို့ နှစ်တိုင်း ဆောင်ခဲ့ရမည်အကြောင်း၊
36 also that, the firstborn of our sons, and of our cattle, as it is written in the law, —and the firstlings of our herds and of our flocks, we would bring in unto the house of our God, unto the priests who should be in attendance in the house of our God;
၃၆ပညတ္တိကျမ်းစာ၌ရေးထားသည်အတိုင်း၊ အဦး ဘွားသော သားယောက်ျားနှင့် အဦးဘွားသော သိုးနွား အစရှိသည်တို့ကို၊ ဗိမာန်တော်၌ အမှုစောင့်သော ယဇ် ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည် အကြောင်း၊
37 and, the first part of our meal and our heave-offerings and the fruit of all trees, new wine and oil, would we bring in unto the priests, into the chambers of the house of our God, and the tithe of our ground unto the Levites, —the Levites themselves, taking the tithes in all our cities of agriculture.
၃၇အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီး အမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့၎င်း၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။
38 And the priest the son of Aaron should be with the Levites, when the Levites should take the tithes, —and the Levites, should bring up the tithe of the tithe, unto the house of our God, into the chambers pertaining unto the treasure-house.
၃၈လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည်။
39 For, into the chambers, should the sons of Israel and the sons of Levi bring in the heave-offering of the corn, the new wine and the oil, since, there, are the utensils of the sanctuary, and the priests who are in attendance, and the doorkeepers, and the singers, —so would we not neglect the house of our God.
၃၉လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရော ဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။

< Nehemiah 10 >