< Isaiah 3 >

1 For lo! the Lord, Yahweh of hosts, removing from Jerusalem and from Judah, The stay and staff, —The whole stay of bread, And the whole stay of water:
အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ သခင် ၊ အရှင်ထာဝရ ဘုရားသည် မုန့် အထောက် အပင့်နှင့် ရေ အထောက် အပင့် ရှိသမျှ မှစ၍၊ ခပ်သိမ်း သော အထောက် အပင့်တို့ကို ယေရုရှလင် မြို့နှင့် ယုဒ ပြည်မှ ပယ်ရှား တော်မူ၏။
2 Man of might and man of war, —Judge and prophet And diviner and elder;
တန်ခိုး ကြီးသောသူ၊ စစ်တိုက် သောသူ ၊ တရားသူကြီး ၊ ပရောဖက် ၊ ဗေဒင် တတ်၊ အသက်ကြီး သူ၊
3 Captain of fifty, and favourite; And counsellor and skilled artificer, And master of magical formulas;
သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင် မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ် သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။
4 And I will appoint boys to be their princes, —And, petulant children, shall rule over them,
ထိုပြည် တွင် သူငယ် တို့ကို မင်း အရာ၌ ငါခန့် ထား ၍ နို့စို့သူငယ် တို့သည် အုပ်စိုး ကြလိမ့်မည်။
5 And the people will, tyrannise, Every man over his fellow-man, And every man over his friend, —And they will rage The boy against, the elder, And the despised, against, the honourable,
ပြည်သား တို့သည် တယောက် ကိုတယောက်၊ အိမ်နီးချင်း တယောက်ကိုတယောက်ညှဉ်းဆဲ ကြလိမ့်မည်။ သူငယ် သည် အသက်ကြီး သူကို ၎င်း ၊ လူယုတ် သည် လူမြတ် ကို ၎င်းစော်ကား လိမ့်မည်။
6 When a man shall lay hold, on his brother of the house of his father, [saying] —Clothing, hast thou, Become thou our, ruler, This downfall, be under thy hand,
ထိုကြောင့် ၊ လူ သည် ပေါက်ဘော် ချင်းညီအစ်ကို ကို ကိုင် ဆွဲ၍၊ သင် ၌ အဝတ် ရှိသေး၏။ လာပါ။ အကျွန်ုပ် တို့အပေါ်၌ မင်း ပြု ပါ။ အကျွန်ုပ် တို့ ပြိုပျက် ရာကိုလည်း ပြုပြင် ပါဟုဆိုလျှင်၊
7 He will swear, in that day, saying—I will take no control, When in mine own house, is neither food nor clothing, —Ye must not set me for a ruler of people!
သူကလည်း၊ ငါသည်ပြုပြင် နိုင်သော သူမ ဟုတ်။ ငါ့ အိမ် ၌ မုန့် လည်း မရှိ။ အဝတ် လည်း မရှိ။ငါ့ ကို ပြည်သား တို့ အပေါ်မှာမင်း မ ပြု စေနှင့်ဟု အတည့်အလင်းပြော ဆိုလိမ့်မည်။
8 For stumbled hath Jerusalem, and, Judah, hath fallen, —Because, their tongue and their doings, are against Yahweh, Provoking his glorious presence,
ယေရုရှလင် မြို့ပြိုလဲ လျက်၊ ယုဒပြည် ဆုံးရှုံး လျက် ရှိ၏။ အကြောင်း မူကား၊ သူ တို့စကား နှင့် သူ တို့အကျင့် တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ၊ ဘုန်း ကြီးသော မျက်စိ တော်တို့ကို ဆန့်ကျင် ဘက်ပြုကြ၏။
9 The show of their face, hath answered against them, And their sin—like Sodom, have they told, they have not concealed it. Alas for their souls! For they have requited to themselves, calamity.
သူ တို့မျက်နှာ အနေအထား သည် သူ တို့တဘက် ၌ သက်သေ ခံ၏။ မိမိ ဒုစရိုက် ကိုမ ဝှက် ၊ သောဒုံ မြို့သားကဲ့သို့ ထင်ရှားစွာ ပြု ကြ၏။ သူ တို့ဝိညာဉ် ၌ အမင်္ဂလာ ရှိ၏။ အကြောင်း မူကား၊ မကောင်းကျိုး ကို မိမိ တို့၌ ဆပ်ပေး ကြပြီ။
10 Say ye to the righteous It is well! For the fruit of their doings, shall they eat:
၁၀ဖြောင့်မတ် သောသူသည် မင်္ဂလာ ရှိ၏ဟု ထိုသူ အား ပြော လော့။ အကြောင်း မူကား၊ သူ သည် မိမိအကျင့် တို့၏အကျိုး ကို ခံစား ရလိမ့်မည်။
11 Alas! for the lawless, it is ill, For what his own hand hath matured, shall be done to him.
၁၁မတရား သောသူသည်အမင်္ဂလာ ရှိ၏။ မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်း မူကား၊ သူ ကျင့် သောအကျင့် တို့၏အပြစ် ကို သူ ၌ ဆပ် ပေးရလိမ့်မည်။
12 My people! children, are their tyrants, And, women, rule over them, —My people! they who should lead thee forward, are causing thee to stray, Thy pathways, have they destroyed,
၁၂ငါ ၏လူ များကိုကား၊ သူငယ် တို့သည် ညှဉ်းဆဲ ကြ ၏။ မိန်းမ တို့သည်လည်း အုပ်စိုး ကြ၏။ ငါ ၏လူ များတို့၊ သင် တို့အား လမ်းပြ သောသူတို့သည် လမ်းလွဲ စေကြ၏။ သင် တို့သွားသော လမ်း ခရီး ကိုလည်း ဖျက် ကြ၏။
13 Yahweh hath taken his station to plead, —And is standing to judge peoples:
၁၃ထာဝရဘုရား သည် မိမိအမှုကို စောင့် အံ့သောငှါ ထ တော်မူ၏။ မိမိလူ တို့ကို တရား စီရင်မည်ဟု အားထုတ် တော်မူ၏။
14 Yahweh, into judgment, will enter, With the elders of his people And their princes, —But ye, have consumed the vineyard, That which hath been robbed from the oppressed, is in your houses.
၁၄ထာဝရဘုရား သည် မိမိ လူ တို့တွင်၊ အသက်ကြီး သူတို့ကို ၎င်း၊ မင်း တို့ကို၎င်းတရား စီရင်ရာ၌ ဆီး ကြို တော်မူမည်။ သင် တို့သည် ငါ့ဥယျာဉ် တော်ကိုစား ကြပြီ။ ဆင်းရဲ သောသူတို့၏ ဥစ္စာ ကို လုယူ၍၊ မိမိ တို့အိမ် ၌ သိုထားကြပြီ။
15 What right have ye to crush my people, And the faces of the oppressed, to grind? Demandeth My Lord Yahweh of hosts—And Yahweh saith—
၁၅ငါ ၏လူ တို့ကို အဘယ်ကြောင့် နှိပ်စက် ကြသနည်း။ ဆင်းရဲ သားတို့၏မျက်နှာ ကို အဘယ်ကြောင့်ကြိတ် ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရ ဘုရား မိန့် တော်မူ၏။
16 Because haughty are the daughters of Zion, And they walk with neck thrown back, and wanton eyes, —Tripping along as they go, And with their feet, making, a tinkling sound,
၁၆တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် သတို့သမီး တို့သည် စိတ် မြင့်၍ ၊ မိမိလည်ပင်း ကို ပြ လျက်၊ မျက်စိ လော်လည် လျက်၊ ခြေချင်း တန်ဆာ မြည် လျက်၊ စိတ်စိတ်လှမ်း သွားတတ်သောကြောင့်၊
17 Therefore will My Lord, smite with leprosy the crown of hair of the daughters of Zion, —And, as for Yahweh, their shame, will he lay bare!
၁၇ဘုရား ရှင်သည် ဇိအုန် သတို့သမီး တို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရား သည် သူ တို့မှ အဝတ် ကိုပယ် ၍ အရှက်ခွဲတော်မူမည်။
18 In that day, will My Lord remove the finery—of the anklets, and the little suns and the little moons;
၁၈ထို ကာလ ၌ ဘုရား ရှင်သည် သူတို့ခြေချင်း ၊ ဈာဦးထုပ် ၊ လဆန်းရုပ်လည်ဆွဲ၊
19 the pendants and the bracelets and the veils;
၁၉နား သန်သီး၊ လက်ကောက် ၊ မျက်နှာဖုံး၊
20 the chaplets and the armlets and the girdles, and the scent-cases, and the amulets;
၂၀ပေါင်း သရဖူ၊ ရွှေခြေကြိုး ၊ ခါးပန်း၊ နှာခေါင်းဘူး၊
21 the rings and the nose-jewels;
၂၁လက်ဖွဲ့၊ လက်စွပ် ၊ နှာဆွဲ၊
22 the robes, and the over-tunics, and the cloaks and the purses;
၂၂ရွှေ ဈာအင်္ကျီ၊ တပက် ၊ ခေါင်း ခြုံ၊ လွယ်အိတ်၊
23 and the mirrors and the linen wraps, and the tiaras and the cloaks.
၂၃လွယ်မှန် ၊ အတွင်းအင်္ကျီ ၊ ဦးရစ် ၊ တင်းထိမ် တို့ကို ပယ်ရှင်း တော်မူမည်။
24 And it shall come to pass—That instead of fragrance, a putrid odour, shall be, And instead of a girdle, an encircling rope, And instead of braided hair, baldness, And instead of a festal robe, a girding of sackcloth, Branding instead of beauty:
၂၄မွှေး သော အနံ့အရာ ၌ ပုပ်စပ် သောအနံ့၊ ခါးစည်း အရာ ၌ ခါးကြိုး ၊ ကျစ်သောဆံပင် အရာ ၌ ခေါင်းထုံး ခြင်း၊ ရင်စည်း တန်ဆာအရာ ၌လျှောတေ ကြိုး၊ လှ သော အဆင်းအရာ၌ သံ ပူထိုးချက်ရာ ဖြစ် ရလိမ့်မည်။
25 Thy males, by the sword shall fall, —And, thy mighty men, by the war;
၂၅သင် ၏ လူ တို့သည် ထား လက်နက်ဖြင့် ၎င်း၊ သင် ၏သူရဲ တို့သည် စစ်တိုက် သဖြင့်၎င်း လဲ ၍ ဆုံးရှုံးကြ လိမ့်မည်။
26 And her gates shall mourn and lament, —And forsaken, on the ground, shall she sit.
၂၆သူ ၏တံခါး တို့သည် ငိုကြွေး မြည်တမ်း ၍ ၊ သူသည်လူ ဆိတ်ညံရာ မြေ ပေါ် မှာ ထိုင် ရလိမ့်မည်။

< Isaiah 3 >