< Psalms 48 >

1 A Song; a Psalm of the sons of Korah. Great is the LORD, and highly to be praised, in the city of our God, in his holy mountain.
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်း သော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော် တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက် တော်မူ၏။
2 Beautiful in elevation, the joy of the whole earth, is mount Zion, [on] the sides of the north, the city of the great King.
မြေကြီးတပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ် သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာ မင်းကြီး၏ မြို့တော်သည် တည်၏။
3 God hath made himself known in her palaces for a refuge.
ထိုမြို့၏ ဘုံဗိမာန်တို့တွင် ဘုရားသခင်၌ ခိုလှုံ ရသည်ကို သိရ၏။
4 For, lo, the kings assembled themselves, they passed by together.
ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူရှောက်သွား ကြ၏။
5 They saw it, then were they amazed; they were dismayed, they hasted away.
မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက် ပြေးကြ၏။
6 Trembling took hold of them there; pain, as of a woman in travail.
ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ ရောက်၍ သားဘွားသောမိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။
7 With the east wind thou breakest the ships of Tarshish.
တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ၏။
8 As we have heard, so have we seen in the city of the LORD of hosts, in the city of our God: God will establish it for ever. (Selah)
ငါတို့သည် ကြားဘူးသည်အတိုင်း၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏ မြို့တော်၌တွေ့မြင်ရကြ၏။ ဘုရားသခင်သည် မြို့တော် ကို အစဉ်အမြဲတည်စေတော်မူမည်။
9 We have thought on thy lovingkindness, O God, in the midst of thy temple.
အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော် ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။
10 As is thy name, O God, so is thy praise unto the ends of the earth: thy right hand is full of righteousness.
၁၀အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ၊ ဂုဏ်အသရေတော် လည်း နှံ့ပြားလျက်ရှိ၏။ လက်ျာလက်တော်သည် ဖြောင့် မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ၏။
11 Let mount Zion be glad, let the daughters of Judah rejoice, because of thy judgments.
၁၁တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။
12 Walk about Zion, and go round about her: tell the towers thereof.
၁၂သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်းမြို့ကိုပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။
13 Mark ye welt her bulwarks, consider her palaces; that ye may tell it to the generation following.
၁၃ရင်တားတို့ကို မှတ်၍ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။
14 For this God is our God for ever and ever: he will be our guide [even] unto death.
၁၄အကြောင်းမူကား၊ ထိုဘုရားသခင်သည် ကာလ အစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း။

< Psalms 48 >