< Psalms 106 >

1 Praise ye the LORD. O give thanks unto the LORD; for he is good: for his mercy [endureth] for ever.
ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
2 Who can utter the mighty acts of the LORD, or shew forth all his praise?
ထာဝရဘုရား ၏ တန်ခိုး ကြီးခြင်း အရာတော် တို့ကို အဘယ်သူ ပြော နိုင်သနည်း။ ဂုဏ် ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြ နိုင်သနည်း။
3 Blessed are they that keep judgment, and he that doeth righteousness at all times.
ခပ်သိမ်း သော အခါ တို့၌ တရား ကို စောင့်ရှောက် ၍၊ ဖြောင့်မတ် စွာကျင့် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
4 Remember me, O LORD, with the favour that thou bearest unto thy people; O visit me with thy salvation:
အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသောသူတို့၏ကောင်းကျိုး ကို မြင် စေခြင်းငှါ ၎င်း၊ ကိုယ်တော် ၏လူမျိုး ဝမ်းမြောက် ခြင်း၌ ဝမ်းမြောက် ၍၊ ကိုယ်တော် ၏အမွေ ဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎င်း၊
5 That I may see the prosperity of thy chosen, that I may rejoice in the gladness of thy nation, that I may glory with thine inheritance.
ကိုယ်တော် ၏လူ တို့ခံရသောစေတနာ တော်နှင့်တကွ၊ အကျွန်ုပ် ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် ကိုအကြည့်အရှု ကြွလာ၍ ကယ်တင် တော်မူပါ။
6 We have sinned with our fathers, we have committed iniquity, we have done wickedly.
အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။
7 Our fathers understood not thy wonders in Egypt; they remembered not the multitude of thy mercies; but were rebellious at the sea, even at the Red Sea.
အဲဂုတ္တု ပြည်၌ ပြု တော်မူသောအံ့ဩဘွယ်တို့ကို ဘိုးဘေး တို့သည် နား မ လည်ကြ။ များစွာ သော ကရုဏာ တော်ကို မ အောက်မေ့ ကြ။ ပင်လယ် နား ၊ ဧဒုံ ပင်လယ် နား မှာ ပုန်ကန် ကြပါ၏။
8 Nevertheless he saved them for his name’s sake, that he might make his mighty power to be known.
သို့သော်လည်း ၊ မဟာတန်ခိုး တော်ကို ထင်ရှား စေခြင်းငှါ ၊ နာမ တော်၏အကြောင်း ကြောင့် သူ တို့ကို ကယ်တင် တော်မူ၏။
9 He rebuked the Red Sea also, and it was dried up: so he led them through the depths, as through a wilderness.
ဧဒုံ ပင်လယ် ကို ဆုံးမ တော်မူ၍ ၊ ပင်လယ်ရေ သည် ခန်းခြောက် လေ၏။ တော ၌ ပို့ဆောင်သကဲ့သို့ နက်နဲ ရာအရပ်၌ သူ တို့ကို ပို့ဆောင် တော်မူ၏။
10 And he saved them from the hand of him that hated them, and redeemed them from the hand of the enemy.
၁၀မုန်း သောသူ၏လက် မှ သူ တို့ကို ကယ်တင် ၍ ၊ ရန်သူ ၏လက် မှ ရွေးနှုတ် တော်မူ၏။
11 And the waters covered their adversaries: there was not one of them left.
၁၁ရန်သူ တစုံ တယောက်ကိုမျှ မ ကျန် ရစ်စေခြင်းငှါ၊ ရေ သည် လွှမ်းမိုး လေ၏။
12 Then believed they his words; they sang his praise.
၁၂ထိုအခါ စကား တော်ကို ယုံ ၍ ဂုဏ် ကျေးဇူးတော်ကို သီချင်း ဆိုကြ၏။
13 They soon forgat his works; they waited not for his counsel:
၁၃သို့သော်လည်း၊ အမှုတော် ကို အလျင် အမြန်မေ့လျော့ သည်ဖြစ်၍ ၊ အကြံအစည် တော်ကို မ ဆိုင်း မလင့်ဘဲ၊
14 But lusted exceedingly in the wilderness, and tempted God in the desert.
၁၄တော ၌ အလွန်တပ်မက် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ ဘုရား သခင်ကို စုံစမ်း ကြ၏။
15 And he gave them their request; but sent leanness into their soul.
၁၅သူ တို့တောင်း သော ဆုကို ပေး တော်မူ၏။ သို့သော်လည်း ၊ သူ တို့၌ ပိန်ကြုံ ခြင်းကို သွင်း ပေး တော်မူ၏။
16 They envied Moses also in the camp, [and] Aaron the saint of the LORD.
၁၆ထိုသူတို့သည်လည်း၊ တပ် ထဲ မှာ မောရှေ ကို ၎င်း၊ ထာဝရဘုရား ၏ သန့်ရှင်း သူအာရုန် ကို၎င်းငြူစူ ကြ၏။
17 The earth opened and swallowed up Dathan, and covered the company of Abiram.
၁၇မြေကြီး သည် ကွဲ လျက် ဒါသန် ကိုမျို ၍ ၊ အဘိရံ ၏ အသင်း အဝင်ကို ဖုံးအုပ်လေ၏။
18 And a fire was kindled in their company; the flame burned up the wicked.
၁၈သူ တို့အသင်း အဝင်ထဲမှာ မီး ရှို့ ၍ ၊ မ တရားသောသူတို့ ကို လောင် လေ၏။
19 They made a calf in Horeb, and worshipped a molten image.
၁၉သူတို့သည် ဟောရပ် တောင်နား မှာ နွားသငယ် ကို လုပ် ၍ ၊ အရည် သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ၏။
20 Thus they changed their glory for the likeness of an ox that eateth grass.
၂၀သူ တို့၏ဘုန်း ကိုလဲ ၍ မြက် ကိုစား သော နွား ၏ ပုံ သဏ္ဍာန်ကို ယူကြ၏။
21 They forgat God their saviour, which had done great things in Egypt;
၂၁အဲဂုတ္တု ပြည်၌ ကြီး သော အမှုတို့ကို၎င်း၊
22 Wondrous works in the land of Ham, [and] terrible things by the Red Sea.
၂၂ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သောအမှုတို့ကို၎င်း၊ ဧဒုံ ပင်လယ် နား မှာ ကြောက်မက် ဘွယ်သော အမှုတို့ ကို၎င်းပြု ၍၊ ကယ်တင် တော်မူသောအရှင်ဘုရား သခင်ကို မေ့လျော့ ကြ၏။
23 Therefore he said that he would destroy them, had not Moses his chosen stood before him in the breach, to turn away his wrath, lest he should destroy [them].
၂၃ထိုအခါ ရွေးကောက် တော်မူသောမောရှေ သည် အမျက် တော်ကို လွှဲ ၍၊ ထိုသူတို့ကို ဖျက်ဆီး တော်မမူစေခြင်းငှါ ၊ ဖျက်ဆီး ရာအရပ်၊ ရှေ့ တော်၌ မ ရပ် လျှင်၊ သူ တို့ကို ဖျက်ဆီး မည်ဟု အကြံ ရှိတော်မူ၏။
24 Yea, they despised the pleasant land, they believed not his word;
၂၄ထိုသူတို့သည်လည်း စကား တော်ကို မ ယုံ ၊ သာယာ သောပြည် ကို မထီမဲ့မြင် ပြုကြ၏။
25 But murmured in their tents, and hearkened not unto the voice of the LORD.
၂၅မိမိ တို့တဲ များ၌ ဆန့်ကျင် ဘက်ပြု၍ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နား မ ထောင်ဘဲနေကြ၏။
26 Therefore he lifted up his hand unto them, that he would overthrow them in the wilderness:
၂၆ထိုကြောင့် သူ တို့ကို တော ၌ လှဲ ခြင်းငှါ ၎င်း၊
27 And that he would overthrow their seed among the nations, and scatter them in the lands.
၂၇သူ တို့အမျိုးအနွယ် ကို တပါးအမျိုးသား တို့တွင် လှဲ ၍ ၊ အပြည်ပြည် အရပ်ရပ်သို့ ကွဲပြား စေခြင်းငှါ ၎င်း၊ သူ တို့တဘက်၌ ကျိန်ဆိုတော်မူ၏။
28 They joined themselves also unto Baal-peor, and ate the sacrifices of the dead.
၂၈ထိုသူတို့သည် ဗာလပေဂုရ ဘုရား၌ မှီဝဲ ၍ လူသေ ရှေ့မှာ ပူဇော်သောယဇ် ကောင်ကို စား ကြ၏။
29 Thus they provoked him to anger with their doings; and the plague brake in upon them.
၂၉ထိုသို့မိမိ တို့အမှု များအားဖြင့် အမျက် တော်ကို နှိုးဆော်၍ ၊ ကာလနာ သည် သူ တို့ကို လုယက် လေ၏။
30 Then stood up Phinehas, and executed judgment: and so the plague was stayed.
၃၀ထိုအခါ ဖိနဟတ် သည် ထ ၍ တရား စီရင်သဖြင့် ၊ ကာလနာ သည် ငြိမ်း လေ၏။
31 And that was counted unto him for righteousness, unto all generations for evermore.
၃၁ထိုအမှုကို သူ၏ဖြောင့်မတ် ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလ အစဉ်မပြတ် မှတ် ရ သတည်း။
32 They angered him also at the waters of Meribah, so that it went ill with Moses for their sakes:
၃၂တဖန် မေရိဘ ရေ အနား မှာ အမျက် တော်ကို နှိုးဆော်ကြသဖြင့် ၊ သူ တို့အတွက် ကြောင့် မောရှေ ၌ အ မင်္ဂလာဖြစ်လေ၏။
33 Because they were rebellious against his spirit, and he spake unadvisedly with his lips.
၃၃သူ ၏စိတ် ကို ချုပ်ချယ် နှောင့်ရှက်ကြသဖြင့် ၊ သူသည် အမှတ်တမဲ့မြွက်ဆို ၏။
34 They did not destroy the peoples, as the LORD commanded them;
၃၄ထာဝရဘုရား မိန့် တော်မူသည် အတိုင်း မပြု၊ တပါး အမျိုးသားတို့ကို မ ဖျက်ဆီး ဘဲ နေကြ၏။
35 But mingled themselves with the nations, and learned their works:
၃၅သူ တို့နှင့် ရောနှော ၍ သူ တို့၏ ဘာသာ ဓလေ့ကို သင် ကြ၏။
36 And they served their idols; which became a snare unto them:
၃၆သူ တို့၏ရုပ်တု များကို ဝတ်ပြု ၍ ကျော့ကွင်း ၌ ကျော့မိ ကြ၏။
37 Yea, they sacrificed their sons and their daughters unto demons,
၃၇ကိုယ် သား သမီး တို့ကို နတ်ဆိုး တို့အား ယဇ် ပူဇော်ကြ၏။
38 And shed innocent blood, even the blood of their sons and of their daughters, whom they sacrificed unto the idols of Canaan; and the land was polluted with blood.
၃၈ထိုသို့ အပြစ် မရှိသောသူတို့ ၏ အသွေး ၊ ခါနာန် ရုပ်တု တို့ရှေ့မှာ ယဇ် ပူဇော်သော ကိုယ် သား သမီး တို့၏ အသွေး ကို သွန် ကြ၍ ၊ ထိုမြေ သည် အသွေး နှင့် ညစ်ညူး လေ၏။
39 Thus were they defiled with their works, and went a whoring in their doings.
၃၉သူတို့သည် ကိုယ် အကျင့် အားဖြင့် ကိုယ်ကို ညစ်ညူး စေ၍ ၊ ကိုယ် အမှု တို့တွင် မှားယွင်း ကြ၏။
40 Therefore was the wrath of the LORD kindled against his people, and he abhorred his inheritance.
၄၀ထိုကြောင့် ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက် ၍ ၊ မိမိ အမွေ တော်ကို ရွံရှာ တော်မူ၏။
41 And he gave them into the hand of the nations; and they that hated them ruled over them.
၄၁သူ တို့ကို တပါးအမျိုးသား တို့လက် သို့ အပ် တော်မူသဖြင့် ၊ မုန်း သောသူတို့သည် အုပ်စိုး ရကြ၏။
42 Their enemies also oppressed them, and they were brought into subjection under their hand.
၄၂ရန်သူ တို့သည် ညှဉ်းဆဲ ၍ ၊ သူ တို့သည် ရန်သူတို့ အောက် မှာ နှိမ့်ချ ခြင်းကိုခံရကြ၏။
43 Many times did he deliver them; but they were rebellious in their counsel, and were brought low in their iniquity.
၄၃သူ တို့ကို ကြိမ်ဖန် များစွာ ကယ်နှုတ် တော်မူသော်လည်း ၊ ပုန်ကန် သော အကြံ ကိုသာ ကြံ၍ ၊ မိမိ တို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက် ခြင်းကိုခံရကြ၏။
44 Nevertheless he regarded their distress, when he heard their cry:
၄၄တဖန်သူ တို့ အော်ဟစ် ခြင်းကို ကြား တော်မူလျှင် ၊ သူ တို့၌ ဆင်းရဲ ဒုက္ခကို ကြည့်ရှု သဖြင့်၊
45 And he remembered for them his covenant, and repented according to the multitude of his mercies.
၄၅ဝန်ခံ ခြင်းဂတိတော်ကို သူ တို့အဘို့ အောက်မေ့ ၍ ၊ ကရုဏာ တော် များပြား သည်အတိုင်း နောင်တ ရတော်မူ ၏။
46 He made them also to be pitied of all those that carried them captives.
၄၆သူ တို့ကို ချုပ်ထား သိမ်းသွားသော သူအပေါင်း တို့သည် သနား ရကြမည်အကြောင်း ပြု တော်မူ၏။
47 Save us, O LORD our God, and gather us from among the nations, to give thanks unto thy holy name, and to triumph in thy praise.
၄၇အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ သန့်ရှင်း သော နာမ တော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍၊ ကိုယ်တော် ကို ချီးမွမ်း ခြင်း၌ ဝါကြွား ဝမ်းမြောက်မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ကယ်တင် လျက် ၊ တပါးအမျိုးသား တို့အထဲ က နှုတ်ယူ၍ စုသိမ်း တော်မူပါ။
48 Blessed be the LORD, the God or Israel, from everlasting even to everlasting. And let all the people say, Amen. Praise ye the LORD.
၄၈ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ လူ ခပ်သိမ်း တို့သည် အာမင် ဟု ဝန်ခံ ကြစေ။ ဟာလေလုယ။

< Psalms 106 >