< Job 21 >

1 Then Job answered and said,
ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 Hear diligently my speech; and let this be your consolations.
ငါ့ စကား ကိုစေ့စေ့နားထောင် ၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြု ကြလော့။
3 Suffer me, and I also will speak; and after that I have spoken, mock on.
ငါ ပြော ရသောအခွင့်ရှိစေခြင်းငှါသည်းခံ ကြလော့။ ငါပြော ပြီးမှ ပြက်ယယ် ပြုချင်လျှင် ပြုကြလော့။
4 As for me, is my complaint to man? and why should I not be impatient?
ငါ မြည်တမ်း သောအရာနှင့် လူ ဆိုင်သလော။ အဘယ်ကြောင့် စိတ် မ တို သင့်သနည်း။
5 Mark me, and be astonished, and lay your hand upon your mouth.
ငါ့ ကို ကြည့်ရှု လျက် မိန်းမော တွေဝေ၍ ၊ သင်တို့ပစပ် ကို သင်တို့လက် နှင့် ဖုံးအုပ် ကြလော။
6 Even when I remember I am troubled, and horror taketh hold on my flesh.
ငါသည်အောက်မေ့ သောအခါ ၊ မိန်းမော တွေဝေ၍ ၊ ကိုယ် အသားသည် တုန်လှုပ် လျက်ရှိ၏။
7 Wherefore do the wicked live, become old, yea, wax mighty in power?
လူဆိုး တို့သည် အသက် ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက် ကြီး၍ ဘုန်း စည်းစိမ်နှင့် ပြည့်စုံ ကြသနည်း။
8 Their seed is established with them in their sight, and their offspring before their eyes.
သူ တို့သား သမီးတို့သည် သူ တို့ပတ်ဝန်းကျင်အရပ်၌ ၎င်း၊ သူ တို့အမျိုးအနွယ် သည် သူ တို့ရှေ့မှောက် ၌၎င်း နေရာ ကျကြ၏။
9 Their houses are safe from fear, neither is the rod of God upon them.
သူ တို့အိမ် များသည်လည်း ဘေး နှင့်လွတ်၍ ငြိမ်ဝပ် ကြ၏။ ဘုရား သခင်ဒဏ်ခတ် တော်မူခြင်းနှင့် ကင်းလွတ် ကြ၏။
10 Their bull gendereth, and faileth not; their cow calveth, and casteth not her calf.
၁၀သူ တို့နွားလား သည် မ ချွတ်မလွှဲ အရွယ် လိုက်တတ်၏။ နွားမ သည်လည်း ဝမ်းပိုး မ ပျက်ဘွား တတ်၏။
11 They send forth their little ones like a flock, and their children dance.
၁၁သူ တို့သူငယ် များကို သိုးစု ကဲ့သို့ လွှတ် ၍ ၊ သား သမီးတို့သည် ကခုန် တတ်ကြ၏။
12 They sing to the timbrel and harp, and rejoice at the sound of the pipe.
၁၂သူတို့သည် ပတ်တာ နှင့် စောင်း ကို တီးလျက်၊ သီချင်းဆို၍ နှဲခရာ မှုတ်သံ နှင့် ဝမ်းမြောက် တတ်ကြ၏။
13 They spend their days in prosperity, and in a moment they go down to Sheol. (Sheol h7585)
၁၃ပျော်မွေ့လျက် အသက်ကာလ ကို လွန် စေ၍၊ ချက်ခြင်း သေမင်း နိုင်ငံသို့ ဆင်းသက် တတ်ကြ၏။ (Sheol h7585)
14 Yet they said unto God, Depart from us; for we desire not the knowledge of thy ways.
၁၄ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊
15 What is the Almighty, that we should serve him? and what profit should we have, if we pray unto him?
၁၅အနန္တ တန်ခိုးရှင်သည် အဘယ်သို့ သောသူဖြစ်၍ငါတို့သည် ဝတ်ပြု ရမည်နည်း။ သူ့ ကို ဆုတောင်း လျှင် အဘယ် ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
16 Lo, their prosperity is not in their hand: the counsel of the wicked is far from me.
၁၆သို့သော်လည်း သူတို့သည် ကိုယ် စည်းစိမ် ကို ကိုယ်မ ပိုင်ကြ။ မ တရားသောသူတို့၏ အကြံအစည် ကို ငါသည် ဝန်မခံ။
17 How oft is it that the lamp of the wicked is put out? that their calamity cometh upon them? that [God] distributeth sorrows in his anger?
၁၇မ တရားသောသူတို့၏ မီးခွက် သည် သေ ၍ ၊ သူ တို့ကို ဖျက်ဆီး ခြင်းငှါဘုရားသခင်သည် အမျက် တော် ထွက်သဖြင့်၊ ဘယ် နှစ်ကြိမ်ဘေးဥပဒ် တို့ကို စီရင် တော်မူဘူးသည်ကို၎င်း၊
18 That they are as stubble before the wind, and as chaff that the storm carrieth away?
၁၈သူတို့သည် လေ ရှေ့မှာအမှိုက် နှင့် မုန်တိုင်း တိုက် သွားသော ဖွဲ ကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ် ဘူးသည်ကို၎င်း၊
19 [Ye say], God layeth up his iniquity for his children. Let him recompense it unto himself, that he may know it.
၁၉ဘုရား သခင်သည် သူ ၏အပြစ် ကို သူ ၏သားသမီး တို့အဘို့ ဘယ်နှစ်ကြိမ်သိုထားတော်မူဘူးသည်ကို၎င်း၊ သူသည်ကိုယ်တိုင်သိ ၍၊
20 Let his own eyes see his destruction, and let him drink of the wrath of the Almighty.
၂၀ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။
21 For what pleasure hath he in his house after him, when the number of his months is cut off in the midst?
၂၁သူ နေရသောနှစ်လ စေ့သောအခါ ၊ သူ့ သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
22 Shall any teach God knowledge? seeing he judgeth those that are high.
၂၂မြင့် သောအရပ်၌နေသောသူတို့ကို အစိုးရ တော်မူသောဘုရား သခင်ကို အဘယ်သူ သွန်သင် လိမ့်မည်နည်း။
23 One dieth in his full strength, being wholly at ease and quiet:
၂၃တ ယောက်သောသူကား ခွန်အား နှင့် ပြည့်စုံ လျက် ၊ ငြိမ်ဝပ် ချမ်းသာ စွာ သေ တတ်၏။
24 His breasts are full of milk, and the marrow of his bones is moistened.
၂၄သူ ၏နံဖေး တို့သည် ဆူဖြိုး ၍၊ အရိုး တို့လည်း ခြင်ဆီ နှင့် စိုစွတ် ကြ၏။
25 And another dieth in bitterness of soul, and never tasteth of good.
၂၅တ ယောက်သောသူကား တခါမျှမ ပျော်မွေ့ ၊ စိတ် ညှိုးငယ် လျက် သေ တတ်၏။
26 They lie down alike in the dust, and the worm covereth them.
၂၆နှစ် ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့် ၌ အိပ် ၍ တီကောင် များ ဖုံးလွှမ်း ခြင်းကိုခံရကြ၏။
27 Behold, I know your thoughts, and the devices which ye wrongfully imagine against me.
၂၇သင် တို့သည် အောက်မေ့ သောအရာ၊ ငါ့ ကို မနာလို သောစိတ် နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏။
28 For ye say, Where is the house of the prince? and where is the tent wherein the wicked dwelt?
၂၈အာဏာ ထားတတ်သောသူ ၏အိမ် သည် အဘယ် မှာရှိသနည်း။ မ တရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ် မှာရှိသနည်းဟု သင်တို့သည် ဆို ကြလိမ့်မည်။
29 Have ye not asked them that go by the way? and do ye not know their tokens?
၂၉ခရီးသွား သောသူတို့ကို မ မေး ကြဘူးသလော။
30 That the evil man is reserved to the day of calamity? that they are led forth to the day of wrath?
၃၀ဖျက်ဆီး ရာနေ့ရက် ကာလဘို့ မ တရားသောသူတို့ သည် ယခုဘေးလွတ် လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက် ကာလဘို့ ယခုထွက်မြောက်လိမ့်မည်အကြောင်းတည်းဟူသောသူ တို့လက္ခဏာ သက်သေများကို မ သိ ကြသလော။
31 Who shall declare his way to his face? and who shall repay him what he hath done?
၃၁သူ ပြု သောအမှုကို သူ့ ရှေ့ မှာ အဘယ်သူ ဘော်ပြ လိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက်အဘယ် သူဆပ်ပေး လိမ့်မည်နည်း။
32 Yet shall he be borne to the grave, and shall keep watch over the tomb.
၃၂သူ သည် သင်္ဂြိုဟ် ခြင်းသို့ရောက်၍ ၊ သူ၏သင်္ချိုင်း ပုံကို အစောင့် ထားကြလိမ့်မည်။
33 The clods of the valley shall be sweet unto him, and all men shall draw after him, as there were innumerable before him.
၃၃သူသည် ချိုင့် မြေစိုင် တို့ကို ချိုနိုး ထင်လိမ့်မည်။ မ ရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ ရှေ့ ၌ သွားနှင့်သကဲ့သို့၊ သူသည် လူ ခပ်သိမ်း တို့ကို မိမိ နောက် ၌ သွေးဆောင်လိမ့်မည်။
34 How then comfort ye me in vain, seeing in your answers there remaineth only falsehood?
၃၄သို့ဖြစ်၍ သင် တို့ပြန် ပြောသော စကား၌ မုသာ ပါသောကြောင့်၊ အဘယ်သို့ ငါ့ ကို အချည်းနှီး နှစ်သိမ့် စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။

< Job 21 >