< Psalms 25 >

1 A psalm of David. To you, O Lord, I lift up my heart: all the day I wait for you.
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ၏။
2 In you I trust, put me not to shame; let not my foes exult over me.
အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက် ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကိုမခံပါစေနှင့်။
3 None will be shamed who wait for you, but shame will fall upon wanton traitors.
အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
4 Make me, O Lord, to know your ways: teach me your paths.
အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ။
5 In your faithfulness guide me and teach me, for you are my God and my saviour.
ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ၏။
6 Remember your pity, O Lord, and your kindness, for they have been ever of old.
အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ။
7 Do not remember the sins of my youth; remember me in kindness, because of your goodness, Lord.
အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှား မိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်။ ကောင်း မြတ်တော်မူသည်ဖြစ်၍။ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါထာဝရဘုရား။
8 Good is the Lord and upright, so he teaches sinners the way.
ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။
9 The humble he guides in the right, he teaches the humble his way.
နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။
10 All his ways are loving and loyal to those who observe his charges and covenant.
၁၀ထာဝရဘုရား၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြ သတည်း။
11 Be true to your name Lord, forgive my many sins.
၁၁အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။
12 Who then is the person who fears the Lord? He will teach them the way to choose.
၁၂အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့ တတ်၏။ ထိုသူအား နှစ်သက်ဘွယ်သောလမ်းကို ပြညွှန် တော်မူမည်။
13 They will live in prosperity, their children will inherit the land.
၁၃ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ် ၍၊ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေ ခံရလိမ့်မည်။
14 The Lord gives guidance to those who fear him, and with his covenant he makes them acquainted.
၁၄ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။
15 My eyes are ever toward the Lord, for out of the net he brings my foot.
၁၅အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည်။
16 Turn to me with your favour, for I am lonely and crushed
၁၆အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကို ခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။
17 In my heart are strain and storm; bring me out of my distresses.
၁၇အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး၍၊ အမှုများထဲက ကယ်နှုတ်တော်မူပါ။
18 Look on my misery and trouble, and pardon all my sins,
၁၈အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။
19 look on my foes oh, so many! And their cruel hatred towards me.
၁၉အကျွန်ုပ်၏ ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော် မူပါ။
20 Deliver me, keep me, and shame not one who takes refuge in you.
၂၀အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့်။
21 May integrity and innocence preserve me, for I wait for you, O Lord.
၂၁ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော။
22 Redeem Israel, O God, from all its distresses.
၂၂အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ။

< Psalms 25 >