< Micah 7 >

1 Woe, woe is me, for I have become like a field after harvest, like a vineyard after gathering; not a cluster of grapes to eat, not a fig that anyone desires.
ငါ သည် အ မင်္ဂလာရှိ၏။ နွေ ကာလ၌ ဆွတ် သော သင်္ဘောသဖန်းသီးကဲ့သို့ ၎င်း ၊ လိုက်၍ ကောက် သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎င်း ငါဖြစ် ၏။ စား စရာဘို့ စပျစ်သီးပြွတ် မ ရှိ။ အဦး မှည့်သော သင်္ဘောသဖန်းသီး ကို ငါ တောင့်တ ရ၏။
2 The honest have perished from the land, of the upright among people there is none. All of them lie in wait to shed blood. They hunt one another with the net.
ကောင်း သော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက် ကြပြီ။ ဖြောင့်မတ် သော သူတယောက် မျှမရှိ။ ခပ်သိမ်း သော သူ တို့ သည် လူအသက်ကို သတ် ခြင်းငှါ ချောင်း ၍ ကြည့်တတ် ကြ၏။ အချင်းချင်း တယောက် ကို တယောက် ကျော့ကွင်း နှင့်ဘမ်း တတ်ကြ၏။
3 Their hands know well how to do evil, the officer and judge demands a bribe, the high official decides as he pleases and they conspire to pervert justice.
ဒုစရိုက် ကို ကြိုးစား၍ပြု ခြင်းငှါ အသင့်ရှိကြ၏။ မင်း သည် လက်ဆောင်ကို တောင်း တတ်၏။ တရားသူကြီး သည် တံစိုး ကို စားတတ်၏။ သူတပါးထက်ကြီး သော သူသည် မတရားသော လောဘ ကို ထင်ရှား စေတတ်၏။ ထိုသို့အမှု ကို ရှုပ် စေခြင်းငှါပြုတတ်ကြ၏။
4 The best of them are like a thorn thicket, their most upright like a prickly hedge. The day of their punishment has come, now will be their confusion!
အကောင်း ဆုံးသောသူ သည် ဆူး ပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့် ဆုံးသောသူသည် ဆူး ခြံထက် ခက်လှ၏။ သင် ၏ကင်းစောင့် တို့သည် သတိပေးသောနေ့ ၊ သင် စစ်ကြော ခြင်းကို ခံရသောနေ့ရက်သည် ရောက် လာပြီ။ နှိပ်စက် နှောင့်ရှက်ရာကာလဖြစ် ၏။
5 Do not trust your neighbour, do not rely on a friend. From the wife who lies in your arms guard your tongue.
အဆွေ ခင်ပွန်းကို မ ယုံ နှင့်။ လမ်းပြ သောသူကို အမှီ မ ပြုနှင့်။ သင့် ရင်ခွင် ၌ အိပ် သော မယားကို မယုံမူ၍၊ သင့် နှုတ် တံခါး ကို ပိတ် ထားလော့။
6 For son insults father, daughter rises up against mother, daughter-in-law against mother-in-law, a man’s enemies are the people of his own household.
အကြောင်း မူကား၊ သား သည် အဘ ၏အသရေ ကို ဖျက်လိမ့်မည်။ သမီး သည် အမိ ကို ၎င်း ၊ ချွေးမ သည် ယောက္ခမ ကို ၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ် အိမ်သူ အိမ်သား တို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။
7 But I will look to the Lord, I will wait for the God of my salvation. My God will hear me!
ငါ မူကား ၊ ထာဝရဘုရား ကို မြော်လင့် မည်။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို ငါခိုလှုံ မည်။ ငါ ၏ဘုရား သခင်သည် ငါ့ စကားကို နားထောင် တော်မူ မည်။
8 Do not rejoice over me, my enemy. If I have fallen, I will rise. If I sit in darkness, the Lord is my light.
အချင်းရန်သူ ၊ ငါ့ အပေါ် မှာ ဝါကြွား ဝမ်းမြောက်ခြင်း မ ရှိနှင့်။ ငါလဲ သော်လည်း ထ ဦးမည်။ မှောင်မိုက် ၌ ထိုင် ရသော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ အလင်း ဖြစ် တော်မူလိမ့်မည်။
9 The anger of the Lord I will bear, for against him have I sinned – until he champions my cause and gives judgment for me. He will bring me into to the light, I will see his justice.
ငါသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ကို ခံရ ၏။ ငါ့ အမှု ကို စစ်ကြော ၍ တရား ဆုံးဖြတ် တော်မ မူမှီတိုင်အောင်ငါခံရ၏။ ငါ့ ကို အလင်း ထဲ သို့ ထုတ် ၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ် ခြင်း ပါရမီတော်ကို ငါမြင် ရလိမ့်မည်။
10 So my enemy will see, and shame will cover them, they who said, ‘Where is the Lord your God?’ I will look upon them, they will be trampled on like mud in the street!
၁၀သင် ၏ဘုရား သခင်ထာဝရဘုရား ကား၊ အဘယ်မှာ ရှိသနည်းဟုမေး သော ငါ့ ရန်သူ သည် ထိုအမှု ကို မြင် ၍ ရှက်ကြောက် လိမ့်မည်။ သူ ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်း မှာ ရွံ့ ကဲ့သို့ ကျော်နင်း ခြင်းကို ခံရ လိမ့်မည်။
11 It is a day for rebuilding your walls, this day will your boundary will be extended.
၁၁သင် ၏မြို့ရိုး တည် သောကာလ သည် ရောက်လိမ့်မည် ။ အမိန့် တော်အရှိန် ကုန်လိမ့်မည်။
12 This day they will come to you, from Assyria and the cities of Egypt, and from Egypt even to the Euphrates River, from sea to sea, and from mountain to mountain.
၁၂ထို ကာလ ၌ အာရှုရိ ပြည်နှင့် အဲဂုတ္တု မြို့ များမှ ၎င်း ၊ အဲဂုတ္တု ပြည်နှင့် မြစ် ကြီးစပ်ကြားအရပ်မှ၎င်း ၊ ပင်လယ် ကမ်းနားအရပ်ရပ်၊ တောင် ခြေရင်းအရပ်ရပ်တို့ မှ ၎င်း ၊ သင့် ထံ သို့လာ ကြလိမ့်မည်။
13 Though the land has become a desolation because of its inhabitants, because of their deeds.
၁၃ထိုသို့ မဖြစ်မှီ ပြည်သူ ပြည်သားပြု မိသော ဒုစရိုက် အပြစ်ကြောင့် ပြည် တော်သည် လူဆိတ်ညံ လျက် ရှိ ရလိမ့်မည်။
14 Shepherd your flock with your staff, the flock that belong to you, who live alone in the forest, in the midst of meadows; so that they may pasture in Bashon and Gilead as in the days of old,
၁၄ကိုယ်တော် ၏လူ တည်းဟူသောအပေါင်းအဘော်မရှိဘဲ၊ တော တွင် ကရမေလတောင်ပေါ်မှာ နေ ရ သော အမွေ တော်သိုးစု ကို သိုးထိန်း နှင်တံ နှင့် ထိန်း တော်မူ ပါ။ ရှေး ကာလ ၌ ရှိသကဲ့သို့ ၊ ဗာရှန် ပြည်နှင့် ဂိလဒ် ပြည် ၌ ကျက်စား သော အခွင့်ကိုပေး တော်မူပါ။
15 as in the days when you came from Egypt, gave us wonders to see.
၁၅သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။
16 Nations will see and be ashamed of all their might; they will put their hands to their mouth, their ears will become deaf,
၁၆လူ အမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှ သော တန်ခိုး ကိုမြင် ၍ မိန်းမော တွေဝေလျက်၊ မိမိ တို့နှုတ် ကို လက် နှင့်ပိတ် ၍ နားပင်း ကြလိမ့်မည်။
17 they will lick the dust like snakes, like creatures that crawl on the earth; they will come trembling and in terror from their hiding places, in dread and fear.
၁၇မြွေ ကဲ့သို့ မြေမှုန့် ကိုလျက် ၍၊ တီ ကဲ့သို့ တွင်း ထဲက တုန်လှုပ် လျက် ထွက်ကြလိမ့်မည်။ ငါ တို့ဘုရား သခင် ထာဝရ ဘုရား ကို ၎င်း ၊ သင့် ကို ၎င်း ကြောက်ရွံ့ ကြလိမ့်မည်။
18 Who is a God like you, forgiving iniquity and passing by the rebellion of the remnant of your people? He does not retain his anger forever, but is one who delights in mercy.
၁၈အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။
19 He will tread under foot our iniquity; you will cast into the depths of the sea all our iniquities.
၁၉ကိုယ်တော်သည် အကျွန်ုပ် တို့ကို တဖန် သနား ၍၊ အကျွန်ုပ် တို့၏ ဒုစရိုက် ရှိသမျှတို့ကို ကျော်နင်း တော်မူလိမ့်မည်။ အကျွန်ုပ် တို့၏ အပြစ် အလုံးစုံ တို့ကို နက်နဲ သော ပင်လယ် ထဲ သို့ ချ ပစ်တော်မူလိမ့်မည်။
20 You will show faithfulness to Jacob, and loving kindness to Abraham, as you have sworn to our ancestors from the days of old.
၂၀ရှေး ကာလ မှစ၍ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သည်အတိုင်း ၊ ယာကုပ် ၌ သစ္စာ စောင့်ခြင်း၊ အာဗြဟံ အား ကရုဏာ ကျေးဇူးပြုခြင်းကို စီရင် တော်မူလိမ့်မည်။

< Micah 7 >