< Hosea 5 >

1 "Listen to this, you cohanim. Listen, house of Israel, and give ear, house of the king. For the judgment is against you; for you have been a snare at Mizpah, and a net spread on Tabor.
``ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​နာ​ကြ​လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​ဂ​ရု​စိုက်​နား ထောင်​ကြ​လော့။ မင်း​မျိုး​မင်း​နွယ်​တို့​နား ထောင်​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​မှန်​ကန်​စွာ စီ​ရင်​ရ​မည့်​သူ​များ​ဖြစ်​သည်။ ထို​အ​တိုင်း ပင်​သင်​တို့​ကို​လည်း​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ခံ​ရ​ကြ​မည်။ သင်​တို့​သည်​မိ​ဇ​ပါ​မြို့​တွင် ထောင်​သော​ထောင်​ချောက်၊ တာ​ဗော်​တောင်​တွင် ဖြန့်​ထား​သော​ပိုက်​ကွန်၊-
2 The rebels are deep in slaughter; but I discipline all of them.
အ​ကာ​ရှာ​မြို့​တွင်​တူး​ထား​သော​ကျင်း နက်​ဖြစ်​ကြ​ပြီ။ ထို့​ကြောင့်​ငါ​သည်​သင် တို့​အား​လုံး​ကို​ဒဏ်​ခတ်​မည်။-
3 I know Ephraim, and Israel is not hidden from me; for now, Ephraim, you have played the prostitute. Israel is defiled.
ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​ကြောင်း​ကို​သိ​သ​ဖြင့် သူ​တို့​၏​ဒု​စ​ရိုက် ကို​ဖုံး​ကွယ်​၍​မ​ရ​နိုင်၊ သူ​တို့​သည်​ငါ့​အား သစ္စာ​ဖောက်​သ​ဖြင့် ငါ​နှင့်​မ​ထိုက်​တန်​တော့ ပြီ'' ဟု​မိန့်​တော်​မူ​၏။
4 Their deeds won't allow them to turn to their God; for the spirit of prostitution is within them, and they do not know the LORD.
``သူ​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် သူ​တို့​၏​ဘု​ရား​သ​ခင်​ထံ​သို့​ပြန်​၍​မ​လာ နိုင်​ကြ။ သူ​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ခြင်း ကို​စွဲ​လန်း​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ကို​မ​သိ​ကြ။-
5 The pride of Israel testifies to his face. Therefore Israel and Ephraim will stumble in their iniquity. Judah also will stumble with them.
ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​တစ်​ဘက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည် မိ​မိ​တို့ ၏​အ​ပြစ်​ကြောင့်​ပြို​လဲ​ကြ​၏။ ယု​ဒ​ပြည် သား​တို့​သည်​လည်း​သူ​တို့​နှင့်​အ​တူ ပြို​လဲ​ကြ​၏။-
6 They will go with their flocks and with their herds to seek the LORD; but they won't find him. He has withdrawn himself from them.
သူ​တို့​၏​သိုး​နွား​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ကြ​သော် လည်း​အ​ကျိုး​မ​ရှိ၊ ကိုယ်​တော်​သည်​သူ​တို့ ကို​စွန့်​ပစ်​သွား​ပြီ​ဖြစ်​၍​သူ​တို့​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​ကြ။-
7 They are unfaithful to the LORD; for they have borne illegitimate children. Now the new moon will devour them with their fields.
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​ဖောက် ကြ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ကိုယ်​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​မ ဟုတ်။ သို့​ဖြစ်​၍​ဤ​သူ​တို့​နှင့်​သူ​တို့​၏​လယ် မြေ​များ​မ​ကြာ​မီ​ပျက်​စီး​ကြ​လိမ့်​မည်။''
8 "Blow the cornet in Gibeah, and the trumpet in Ramah. Sound a battle cry at Beth Aven, behind you, Benjamin.
``ဂိ​ဗာ​မြို့​တွင်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လော့၊ ရာ​မ မြို့​တွင်​တပ်​လှန့်​သံ​ကို​ပေး​လော့။ ဗေ​သ​ဝင် မြို့​တွင်​စစ်​ချီ​သံ​ကြွေး​ကြော်​လော့၊ ဗင်္ယာ​မိန် မျိုး​နွယ်​တို့​တိုက်​ပွဲ​ဝင်​ကြ။-
9 Ephraim will become a desolation in the day of rebuke. Among the tribes of Israel, I have made known that which will surely be.
အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရောက်​လာ​ပြီ​ဖြစ် ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပျက် စီး​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဤ​အ​ရာ​သည်​မု​ချ​ဖြစ်​လိမ့်​မည်။''
10 The princes of Judah are like those who remove a landmark. I will pour out my wrath on them like water.
၁၀ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ ကို​ဝင်​ရောက်​တိုက်​ခိုက်​၍​သူ​တို့​၏​မြေ​ယာ ကို​ခိုး​ယူ​ကြ​သ​ဖြင့် ငါ​သည်​အ​မျက်​ထွက် ၍​ရေ​လွှမ်း​မိုး​ဖျက်​ဆီး​သ​ကဲ့​သို့​သူ​တို့ အား​ဒဏ်​စီ​ရင်​မည်။-
11 Ephraim is oppressed, he is crushed in judgment; Because he is intent in his pursuit of idols.
၁၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ညှင်း​ဆဲ နှိပ်​စက်​ခြင်း​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည် အ​ကူ​အ​ညီ​မ​ပေး​နိုင်​သူ​ရုပ်​တု​တို့​ထံ မှ အ​ကူ​အညီ​တောင်း​ခံ​ရန်​ဆန္ဒ​ပြင်း​ပြ နေ​သည်။-
12 Therefore I am to Ephraim like a moth, and to the house of Judah like rottenness.
၁၂ငါ​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​ကို​ဖျက် ဆီး​၍​ယု​ဒ​ပြည်​သား​တို့​အား​ပျက်​သုဉ်း စေ​မည်။''
13 "When Ephraim saw his sickness, and Judah his wound, Then Ephraim went to Assyria, and sent to king Jareb: but he is not able to heal you, neither will he cure you of your wound.
၁၃``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-
14 For I will be to Ephraim like a lion, and like a young lion to the house of Judah. I myself will tear in pieces and go away. I will carry off, and there will be no one to deliver.
၁၄ငါ​သည်​ခြင်္သေ့​သ​ဖွယ်​ဣ​သ​ရေ​လ​ပြည် သား​နှင့်​ယု​ဒ​ပြည်​သား​တို့​ကို​တိုက်​ခိုက် မည်။ ငါ​ကိုယ်​တော်​တိုင်​သူ​တို့​ကို​အ​စိတ်​စိတ် အ​မြွှာ​မြွှာ​ဆုတ်​ဖြဲ​ပြီး​နောက်​စွန့်​ပစ်​ထား မည်။ ငါ​သည်​သူ​တို့​ကို​ဆွဲ​ငင်​ထုတ်​ယူ​သွား သည့်​အ​ခါ​မည်​သူ​မျှ​သူ​တို့​ကို​မ​ကယ် နိုင်။''
15 I will go and return to my place, until they acknowledge their offense, and seek my face. In their affliction they will seek me earnestly."
၁၅``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''

< Hosea 5 >