< Mark 15 >

1 Immediately in the morning the chief priests, with the elders and scribes, and the whole council, held a consultation, and bound Jesus, and carried him away, and delivered him to Pilate.
နံနက် အချိန်တွင် ယဇ်ပုရောဟိတ် အကြီးတို့သည် မ ဆိုင်းမလင့်ဘဲ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာ၊ လွှတ် အရာရှိအပေါင်း တို့နှင့် တိုင်ပင် ခြင်းကိုပြု၍၊ ယေရှု ကိုချည်နှောင် ပြီးလျှင် ၊ ပိလတ် မင်းထံသို့ဆောင်သွား ၍ အပ် လိုက်ကြ၏။
2 Pilate asked him, "Are you the King of the Jews?" He answered, "You say so."
ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ကိုယ်တော် ကိုမေး လျှင် ၊ မင်းကြီး မေး သည်အတိုင်းမှန်သည်” ဟု မိန့် တော်မူ၏။
3 The chief priests accused him of many things.
ယဇ်ပုရောဟိတ် အကြီးတို့သည် များစွာ သောအပြစ် ကိုတင်ကြ၏။
4 Pilate again asked him, "Have you no answer? See how many things they testify against you."
တစ်ဖန် ပိလတ် မင်းက၊ သင်သည် တစ်ခွန်း ကိုမျှပြန် ၍ မ ပြောသလော။ သင့် တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံ ကြသည်ကို ကြည့် ပါဟု မေးမြန်း ပြောဆို သော်လည်း ၊
5 But Jesus made no further answer, and Pilate was amazed.
စကားတစ်ခွန်း ကိုမျှပြန် တော်မ မူသည်ကို ပိလတ် မင်းသည် အံ့ဩ လေ၏။
6 Now at the feast he used to release to them one prisoner, whom they requested.
ထိုပွဲ ၌ မြို့ဝန်မင်းသည် အကျဉ်း ထားသောသူတို့တွင်၊ လူများတောင်း သောသူ တစ် ယောက်ယောက်ကို လွှတ် တတ်၏။
7 There was one called Barabbas, bound with those who had made insurrection, who in the insurrection had committed murder.
ထိုအခါ ပုန်ကန် ၍ လူအသက်ကိုသတ် သော အပြစ်သင့် သော ဗာရဗ္ဗ အမည် ရှိသောသူ တစ်ယောက် သည်၊ ပုန်ကန် သောအပေါင်းအဘော်တို့နှင့်တကွ အကျဉ်းခံ လျက်ရှိ၏။
8 And the crowd went up and began to ask him to do for them according to his custom.
လူ အပေါင်းတို့သည် မိမိ တို့အား ပြုမြဲပြု ပါမည်အကြောင်း အော်ဟစ်၍ တောင်းပန် သောအခါ ၊
9 Pilate answered them, saying, "Do you want me to release to you the King of the Jews?"
ပိလတ် မင်းက၊ သင်တို့သည် ယုဒ ရှင်ဘုရင် ကို လွှတ် စေချင် သလောဟု ပြန် ၍မေး ၏။
10 For he perceived that for envy the chief priests had delivered him up.
၁၀အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ် အကြီးတို့သည် မနာလို သောစိတ်နှင့် ယေရှု ကိုအပ်နှံ ကြောင်း ကိုသိ ၏။
11 But the chief priests stirred up the crowd, that he should release Barabbas to them instead.
၁၁ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗ ကို လွှတ် စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့သည် လူအစုအဝေး ကို နှိုးဆော် ကြ၏။
12 Pilate again asked them, "What then should I do to him whom you call the King of the Jews?"
၁၂တစ်ဖန် ပိလတ် မင်းက၊ ယုဒ ရှင်ဘုရင် ဟု သင်တို့ခေါ်ဝေါ် သောသူ ကိုအဘယ်သို့ ပြု ရမည်နည်းဟု မေးမြန်း သော်၊
13 They shouted again, "Crucify him."
၁၃ထိုသူအပေါင်းတို့က၊ သူ့ ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု ဟစ် ကြ၏။
14 Pilate said to them, "Why, what evil has he done?" But they shouted all the louder, "Crucify him."
၁၄ပိလတ် မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ် အပြစ် ကို ပြု ဘိသနည်းဟု မေး လျှင်၊ ထိုသူ ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူ များတို့သည်သာ၍ ဟစ် ကြ၏။
15 Pilate, wishing to please the crowd, released Barabbas to them, and handed over Jesus, when he had flogged him, to be crucified.
၁၅ပိလတ် မင်းသည်လည်း လူ များတို့၏စိတ်ကို ပြေစေခြင်းငှာအလိုရှိ ၍၊ ဗာရဗ္ဗ ကို သူ တို့အား လွှတ် လေ ၏။ ယေရှု ကိုကား၊ ရိုက် ပြီးလျှင် လက်ဝါးကပ်တိုင် မှာ သတ်စေခြင်းငှာ အပ် လိုက်လေ၏။
16 The soldiers led him away within the court, which is the Praetorium; and they called together the whole cohort.
၁၆ထိုအခါ စစ်သူရဲ တို့သည် ကိုယ်တော် ကို ပြဲတောရိရုံး တည်းဟူသောအိမ်တော်ဦး အတွင်း သို့ဆောင်သွား ၍၊ စစ်သူရဲ တတပ်လုံးကို စုရုံး စေပြီးမှ ၊ ကိုယ်တော် အား နီမောင်း သောအဝတ်ကိုဝတ် စေ၍ ၊
17 They clothed him with purple, and weaving a crown of thorns, they put it on him.
၁၇ဆူး ပင်နှင့်ရက် သော ဦးရစ် ကိုတင် ပြီးလျှင် ၊
18 They began to salute him, "Greetings, King of the Jews."
၁၈ယုဒ ရှင်ဘုရင် ၊ ကိုယ်တော် သည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး စကားကို ပြောကြ၏။
19 They struck his head with a reed, and spat on him, and bowing their knees, did homage to him.
၁၉ခေါင်း တော်ကို ကျူလုံး နှင့် ရိုက် ခြင်း၊ တံထွေး နှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူး ထောက် ၍ ပြပ်ဝပ် ခြင်း ကိုလည်း ပြုကြ၏။
20 When they had mocked him, they took the purple off of him, and put his own garments on him. They led him out to crucify him.
၂၀ထိုသို့ ကိုယ်တော် ကို ပြက်ယယ်ပြု သည်နောက် ၊ နီမောင်း သောအဝတ်ကိုချွတ် ၍ အဝတ် တော်ကို ဝတ် ပြန်စေပြီးလျှင် ၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။
21 And they forced one passing by, Simon of Cyrene, coming from the country, the father of Alexander and Rufus, to go with them, that he might carry his cross.
၂၁အာလေဇန္ဒြု နှင့် ရုဖု ၏ အဘ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်သည်၊ တောရွာ မှ လာ ၍ လမ်း၌သွား သည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
22 And they brought him to the place called Golgotha, which is translated, "The place of a skull."
၂၂ဦးခေါင်းခွံ အရပ် ဟု ဆိုလို သောဂေါလဂေါသ အရပ် သို့ ကိုယ်တော် ကို ဆောင်သွား ပြီးမှ ၊
23 They offered him wine mixed with myrrh to drink, but he did not take it.
၂၃မုရန် နှင့်ရောသော စပျစ်ရည် ကို၊ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လျှင် မ ခံ ဘဲ နေတော်မူ၏။
24 Crucifying him, they parted his garments among them, casting lots on them, what each should take.
၂၄လက်ဝါးကပ်တိုင် မှာ ရိုက်ထားပြီးလျှင် ၊ အဝတ် တော်ကို စားရေးတံ ချ ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။
25 It was nine in the morning, and they crucified him.
၂၅ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာ ရိုက်ကြသောအချိန်ကား၊ နံနက် တချက်တီးအချိန် ဖြစ် သတည်း။
26 The superscription of his accusation was written over him, "THE KING OF THE JEWS."
၂၆အပြစ် ဖော်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ဟု ရေး ထားသတည်း။
27 With him they crucified two robbers; one on his right hand, and one on his left.
၂၇ကိုယ်တော် နှင့်တကွ ဓားပြ နှစ် ယောက်တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။
28 And the Scripture was fulfilled which says, "And he was numbered with transgressors."
၂၈ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
29 Those who passed by blasphemed him, wagging their heads, and saying, "Ha. You who destroy the temple, and build it in three days,
၂၉လမ်းမှာသွား သောသူ တို့ကလည်း ၊ ဟဲ့ ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊
30 save yourself and come down from the cross."
၃၀ကိုယ်ကိုကိုယ် ကယ်တင် လော့။ လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။
31 Likewise, also the chief priests mocking among themselves with the scribes said, "He saved others. He cannot save himself.
၃၁ထိုနည်းတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့က၊ ဤသူသည် သူတစ်ပါး တို့ကို ကယ်တင် တတ် ၏။ ကိုယ် ကိုမ ကယ်တင် နိုင် ပါတကား။
32 Let the Messiah, the King of Israel, now come down from the cross, that we may see and believe him." Those who were crucified with him insulted him.
၃၂ငါတို့ မြင်၍ ယုံကြည် စေခြင်းငှာ ၊ ဣသရေလ ရှင်ဘုရင် တည်းဟူသောခရစ်တော် သည် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလော့ဟု အချင်းချင်း ပြက်ယယ်ပြု ၍ ပြောဆို ကြ၏။ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူ တို့သည်လည်း ကဲ့ရဲ့ ပြစ်တင်ကြ၏။
33 Now when it was noon, there was darkness over the whole land until three in the afternoon.
၃၃မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။
34 Then at three in the afternoon Jesus called out with a loud voice, saying, "Elohi, Elohi, lema shabachthani?" which is translated, "My God, my God, why have you forsaken me?"
၃၄သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကိုစွန့်ပစ် တော်မူသနည်းဟု ဆိုလို သတည်း။
35 Some of those who stood by, when they heard it, said, "Look, he is calling for Elijah."
၃၅အနား၌ရပ် နေသော သူ အချို့ တို့သည်ကြား လျှင်၊ သူသည်ဧလိယ ကို ခေါ် သည်ဟုဆို ကြ၏။
36 One ran, and filling a sponge full of vinegar, put it on a reed, and gave it to him to drink, saying, "Let him be. Let us see whether Elijah comes to take him down."
၃၆လူတစ် ယောက်သည် ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌တပ် ၍ ကိုယ်တော် အား သောက် စိမ့်သောငှာပေးလျက်၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုချယူ ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြကုန်အံ့ဟုဆို ၏။
37 Jesus gave a loud cry, and gave up the spirit.
၃၇ယေရှု သည်ကြီး သောအသံ နှင့် ကြွေးကြော် ၍ အသက် ချုပ်တော်မူ၏။
38 The veil of the temple was torn in two from the top to the bottom.
၃၈ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။
39 And when the centurion, who stood by opposite him, saw that he cried out like this and breathed his last, he said, "Truly this man was the Son of God."
၃၉ထိုသို့ ကြွေးကြော်၍ အသက် ချုပ်တော်မူကြောင်း ကိုရှေ့ တော်၌ရပ် နေသော တပ်မှူး သည်မြင် လျှင်၊ စင်စစ် ဤ သူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟုဆို ၏။
40 There were also women watching from afar, among whom were both Mary Magdalene, and Mary the mother of James the younger and of Josi, and Salome;
၄၀မိန်းမ အချို့တို့သည်လည်း ထိုအရပ်၌ အဝေး က ကြည့်ရှု ၍ နေ ကြ၏။
41 who, when he was in Galilee, followed him, and served him; and many other women who came up with him to Jerusalem.
၄၁ထို မိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲ ပြည်မှာ ရှိတော်မူ စဉ် ၊ နောက် တော်သို့ အလုပ်အကျွေး လိုက် သော မာဂဒလ မာရိ ၊ ယာကုပ် ငယ် နှင့် ယောသေ ၏ အမိ ဖြစ်သောမာရိ နှင့် ရှာလုံ တို့မှစ၍ နောက်တော်၌ ယေရုရှလင် မြို့သို့ လိုက် လာသောအခြား မိန်းမများ လည်း ပါကြသတည်း။
42 When evening had now come, because it was the Preparation Day, that is, the day before the Sabbath,
၄၂ထိုနေ့ကား အဘိတ်နေ့ တည်းဟူသော ပရက္ကု နေ့ဖြစ် သောကြောင့် ည အချိန်ရောက် မှ၊
43 Joseph of Arimathea, a prominent council member who also himself was looking for the Kingdom of God, came. He boldly went in to Pilate, and asked for the body of Jesus.
၄၃အသရေ ရှိသော လွှတ် အရာရှိ၊ အရိမသဲ မြို့သားယောသပ် သည်၊ ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သောသူ ဖြစ် သည်နှင့် ၊ ပိလတ် မင်းထံသို့ ရဲရင့် စွာဝင် ၍ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။
44 Pilate was surprised that he was already dead; and summoning the centurion, he asked him whether he had been dead long.
၄၄ယေရှုသည်ယခုပင် သေ သည်ကို ပိလတ် မင်းသည် အံ့ဩ ခြင်းရှိသဖြင့် တပ်မှူး ကိုခေါ် ၍၊ သေ သည်ကား ကြာ ပြီလောဟုမေး ၏။
45 When he found out from the centurion, he granted the body to Joseph.
၄၅သေကြောင်းကို တပ်မှူး စကားဖြင့် သိ လျှင် ၊ အလောင်း တော်ကို ယောသပ် အားအပ်ပေး ၏။
46 He bought a linen cloth, and taking him down, wound him in the linen cloth, and placed him in a tomb which had been cut out of a rock. He rolled a stone against the door of the tomb.
၄၆ယောသပ်သည် ကိုယ်တော် ကိုချ ၍၊ မိမိဝယ် ခဲ့သော ပိတ်ချော နှင့်ပတ်ရစ် ပြီးလျှင် ၊ ကျောက် ၌ ထွင်း သော သင်္ချိုင်း တွင်းထဲမှာ ထား ၍ တွင်း ၌ ကျောက် ကိုလှိမ့် ထားလေ၏။
47 Mary Magdalene and Mary, the mother of Josi, saw where he was placed.
၄၇မာဂဒလ မာရိ ၊ ယောသေ ၏ အမိ ဖြစ်သော မာရိ တို့သည် အလောင်း တော် ထား ရာ အရပ် သို့ ကြည့်ရှု ကြ၏။

< Mark 15 >