< Psalms 81 >

1 [For the Chief Musician. On an instrument of Gath. By Asaph.] Sing aloud to God, our strength. Make a joyful shout to the God of Jacob.
ငါ​တို့​ဘက်​မှ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​ဘု​ရား​သ​ခင်​အား ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​၏​ဘု​ရား​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။
2 Raise a song, and bring here the tambourine, the pleasant lyre with the harp.
သီ​ဆို​တီး​မှုတ်​မှု​ကို​အ​စ​ပြု​ကြ​လော့။ စောင်း ကြီး စောင်း​ငယ်​တို့​ကို​သာ​ယာ​စွာ​တီး​ကြ​လော့။
3 Blow the trumpet at the New Moon, at the full moon, on our feast day.
လ​ဆန်း​နေ့​နှင့်​လ​ပြည့်​နေ့​တွင်​ပွဲ​သ​ဘင် ကျင်း​ပ​ရန်​အ​တွက်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ လော့။
4 For it is a statute for Israel, an ordinance of the God of Jacob.
ဤ​သို့​ပွဲ​သ​ဘင်​ကျင်း​ပ​ရန်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၌​ဥ​ပ​ဒေ​ရှိ​ပေ​သည်။ ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​မိန့်​တော်​လည်း​ဖြစ်​ပေ​သည်။
5 He appointed it in Joseph for a testimony, when he went out over the land of Egypt, I heard a language that I did not know.
ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​တော် မူ​စဉ်​က ယင်း​အ​မိန့်​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​၏။ မ​သိ​မ​ကျွမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။
6 "I removed his shoulder from the burden. His hands were freed from the basket.
ထို​အ​သံ​က``သင်​တို့​၏​ပ​ခုံး​ထက်​မှ​လေး​လံ သော ဝန်​ထုပ်​ကို​ငါ​ယူ​ပစ်​လျက် သင်​တို့​အုတ်​သယ်​သည့်​ခြင်း​တောင်း​များ​ကို ချ​ထား​စေ​၏။
7 You called in trouble, and I delivered you. I answered you in the secret place of thunder. I tested you at the waters of Meribah." (Selah)
သင်​တို့​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌ ငါ့​ကို​အော်​ဟစ်​သော​အ​ခါ ငါ​သည်​သင်​တို့​အား​ကယ်​ခဲ့​၏။ မိုး​သက်​မုန်​တိုင်း​အ​တွင်း​မ​မြင်​နိုင်​သော​အ​ရပ် မှ​နေ​၍ သင်​တို့​အား​ငါ​ဖြေ​ကြား​ခဲ့​၏။ မေ​ရိ​ဘ​စမ်း​ရေ​အ​နီး​တွင်​သင်​တို့​အား​ငါ သွေး​စမ်း​ခဲ့​၏။
8 "Hear, my people, and I will testify to you, Israel, if you would listen to me.
ငါ​၏​လူ​စု​တော်​တို့၊ငါ​သ​တိ​ပေး​သည်​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်​ငါ့ စ​ကား​ကို နား​ထောင်​ကြ​လော့။
9 There shall be no strange god in you, neither shall you worship any foreign god.
သင်​တို့​သည်​အ​ခြား​သော​ဘု​ရား​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ကိုး​ကွယ်​ရ။
10 I am Jehovah, your God, who brought you up out of the land of Egypt. Open your mouth wide, and I will fill it.
၁၀ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​ခံ​တွင်း​ကို​ဖွင့်​ဟ​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကျွေး​မွေး​မည်။
11 But my people did not listen to my voice. Israel desired none of me.
၁၁သို့​ရာ​တွင်​ငါ​၏​လူ​စု​တော်​ကား​ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အ​မိန့်​ကို မ​နာ​ခံ​ကြ။
12 So I let them go after the stubbornness of their hearts, that they might walk in their own counsels.
၁၂သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​ခေါင်း​မာ​မြဲ​မာ စေ​ရန်​နှင့် သူ​တို့​အ​လို​အ​တိုင်း​ပြု​ကျင့်​စေ​ရန်​အ​ခွင့်​ပေး​၏။
13 Oh that my people would listen to me, that Israel would walk in my ways.
၁၃ငါ​၏​လူ​စု​တော်​သည်​ငါ့​စ​ကား​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ငါ့​အ​မိန့်​ကို​နာ​ခံ​စေ​ချင်​စမ်း​ပါ​ဘိ။
14 I would soon subdue their enemies, and turn my hand against their adversaries.
၁၄သို့​ဖြစ်​လျှင်​ငါ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို အ​လျင်​အ​မြန်​အ​ရေး​ရှုံး​နိမ့်​စေ​မည်။ သူ​တို့​၏​ရန်​ဘက်​အား​လုံး​ကို​နှိမ်​နင်း​မည်။
15 The haters of Jehovah would cringe before him, and their punishment would last forever.
၁၅ငါ့​ကို​မုန်း​သော​သူ​တို့​သည်​ငါ့​ရှေ့​၌ ကြောက်​ရွံ့​ပျပ်​ဝပ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ လိမ့်​မည်။
16 And he would have fed him with the finest wheat, and satisfied you with honey from the rock."
၁၆ငါ​သည်​သင်​တို့​အား​အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ကို ကျွေး​မွေး​၍ တော​ပျား​ရည်​ကို​သုံး​ဆောင်​စေ​မည်'' ဟု​ဆို​၏။

< Psalms 81 >