< Psalms 69 >

1 [For the Chief Musician. To the tune of "Lilies." By David.] Save me, God, for the waters have come up to my neck.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ရေ​သည်​ကျွန်​တော်​မျိုး​၏​လည်​မျို​တိုင်​အောင် ရောက်​လျက်​နေ​ပါ​ပြီ။
2 I sink in deep mire, where there is no foothold. I have come into deep waters, where the floods overflow me.
ကျွန်​တော်​မျိုး​သည်​နက်​လှ​သော​ရွှံ့​ထဲ​တွင်​ကျွံ​နေ​ပါ​ပြီ။ ခြေ​နင်း​စ​ရာ​မြေ​မာ​မ​ရှိ​ပါ။ ကျွန်​တော်​မျိုး​သည်​ရေ​နက်​ထဲ​သို့​ရောက်​လျက် ရှိ​ပါ​၏။ လှိုင်း​လုံး​များ​သည်​ကျွန်​တော်​မျိုး​အား လွှမ်း​မိုး​ကြ​ပါ​တော့​မည်။
3 I am weary with my crying. My throat is dry. My eyes fail, looking for my God.
ကူ​မ​တော်​မူ​ရန်​အော်​ဟစ်​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​နာ​လျက်​နေ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​ရန် မျှော်​ကြည့်​ရ​ဖန်​များ​သ​ဖြင့်​မျက်​စိ​များ​သည် ညောင်း​လျက်​နေ​ပါ​ပြီ။
4 Those who hate me without a cause are more than the hairs of my head. Those who want to cut me off, being my enemies wrongfully, are mighty. I have to restore what I did not take away.
ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့​မုန်း​သော သူ​တို့​၏​အ​ရေ​အ​တွက်​သည်​ကျွန်​တော်​မျိုး ဦး​ခေါင်း​မှ​ဆံ​ပင်​ထက်​ပို​၍​များ​ပါ​၏။ လိမ်​လည်​ပြော​ဆို​၍​ကျွန်​တော်​မျိုး​အား ရန်​ဘက်​ပြု​သူ​တို့​သည်​ခွန်​အား​ကြီး​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​ကြ​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​မ​ခိုး​မ​ယူ​သည့် ပစ္စည်း​ဥစ္စာ​များ​ကို​ပြန်​၍​ပေး​ရ​ပါ​၏။
5 God, you know my foolishness. My sins aren't hidden from you.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ကိုယ်​တော် ထံ​တော်​မှ ဖုံး​ကွယ်​၍​မ​ရ​ပါ။ ကျွန်​တော်​မျိုး​အ​ဘယ်​မျှ​မိုက်​မဲ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။
6 Do not let those who wait for you be put to shame because of me, Jehovah of hosts. Do not let those who seek you be brought to dishonor through me, God of Israel.
အ​နန္တ​တန်​ခိုး​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့်​အ​ရှက်​မ​ကွဲ ကြ​ရ​ပါ​စေ​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့် ဂုဏ်​အ​သ​ရေ​မ​ပျက်​ရ​ကြ​ပါ​စေ​နှင့်။
7 Because for your sake I suffer insults. Shame has covered my face.
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​တွက် စော်​ကား​ခြင်း​ကို​ခံ​ရ​ပါ​၏။ အ​လွန်​အ​ရှက်​ကွဲ​ရ​ပါ​၏။
8 I have become a stranger to my brothers, a foreigner to my mother's children.
ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​ညီ​အစ်​ကို​တို့​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​ကဲ့​သို့​လည်း​ကောင်း၊ မိ​သား​စု​တွင်​လည်း​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​ပါ​၏။
9 For the zeal of your house consumes me. The insults of those who insult you have fallen on me.
ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည် ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သော စ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။
10 When I wept and I fasted, it brought me insults.
၁၀ကျွန်​တော်​မျိုး​သည်​အ​စာ​ရှောင်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ​လူ​တို့​သည် ကျွန်​တော်​မျိုး​အား​စော်​ကား​ကြ​ပါ​၏။
11 When I made sackcloth my clothing, I became a byword to them.
၁၁ကျွန်​တော်​မျိုး​သည်​လျှော်​တေ​ကို​ဝတ်​သော အ​ခါ သူ​တို့​သည်​ပြောင်​လှောင်​ကြ​ပါ​၏။
12 Those who sit in the gate talk about me. I am the song of the drunkards.
၁၂သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။
13 But as for me, my prayer is to you, Jehovah, in an acceptable time. God, in the abundance of your loving kindness, answer me in the truth of your salvation.
၁၃သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်း တောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။
14 Deliver me out of the mire, and do not let me sink. Let me be delivered from those who hate me, and out of the deep waters.
၁၄ရွှံ့​နွံ​တွင်​မ​ကျွံ​မ​နစ်​စေ​ရန်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ရန်​သူ​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ရေ​နက်​ရာ​မှ​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​ပါ။
15 Do not let the flood waters overwhelm me, neither let the deep swallow me up. Do not let the pit shut its mouth on me.
၁၅ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။
16 Answer me, Jehovah, for your loving kindness is good. According to the multitude of your tender mercies, turn to me.
၁၆အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။
17 Do not hide your face from your servant, for I am in distress. Answer me speedily.
၁၇ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ယ​ခု​ပင် နား​ညောင်း​တော်​မူ​ပါ။
18 Draw near to my soul, and redeem it. Ransom me because of my enemies.
၁၈ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​ကို​ကယ်​တော် မူ​ပါ။ ရန်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
19 You know how I am insulted, and my shame, and my disgrace. My adversaries are all before you.
၁၉ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​စော်​ကား ခံ​ရ​၍ အ​ဘယ်​မျှ​အ​ရှက်​ကွဲ​အ​သ​ရေ​ပျက်​ရ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ အပေါင်း​ကို မြင်​တော်​မူ​ပါ​၏။
20 Insults have broken my heart, so that I am in despair. I looked for some to take pity, but there was none; for comforters, but I found none.
၂၀အ​စော်​ကား​ခံ​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး ကြေ​ကွဲ​၍​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကြင်​နာ​မှု​ကို​တောင့်​တ​သော အ​ခါ သ​နား​မည့်​သူ​ကို​မ​တွေ့​ရ​ပါ။ စိတ်​သက်​သာ​မှု​ကို​တောင့်​တ​သော​အ​ခါ စိတ်​သက်​သာ​စေ​မည့်​သူ​မ​ရှိ​ပါ။
21 They also gave me gall for my food. In my thirst, they gave me vinegar to drink.
၂၁ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။
22 Let their table before them become a snare, and a retribution, and a trap, and a stumbling block.
၂၂သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့ ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ်​ပါ​စေ​သော။ သူ​တို့​ကျင်း​ပ​သည့်​ဋ္ဌမ္မ​ပွဲ​များ​သည်​လည်း သူ​တို့​ပြို​လဲ​ကြောင်း​ဖြစ်​ပါ​စေ​သော။
23 Let their eyes be darkened, so that they can't see, and make their backs weak continually.
၂၃သူ​တို့​သည်​မ​မြင်​နိုင်​ကြ​စေ​ရန်​သူ​တို့​၏ မျက်​စိ​ကို ကွယ်​စေ​တော်​မူ​ပါ။ သူ​တို့​၏​ခါး​များ​ကို​လည်း​အ​စဉ်​အ​မြဲ ချိ​နဲ့​စေ​တော်​မူ​ပါ။
24 Pour out your indignation on them. Let the fierceness of your anger overtake them.
၂၄ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​သူ​တို့ အပေါ်​သို့ သွန်း​လောင်း​တော်​မူ​၍​အ​မျက်​တော်​အ​ဟုန်​သည် သူ​တို့​အား​မီ​စေ​တော်​မူ​ပါ။
25 Let their habitation be desolate, and let no one dwell in their tents.
၂၅သူ​တို့​၏​တဲ​စ​ခန်း​များ​သည်​လူ​သူ​ဆိတ်​ညံ​ရာ အ​ရပ်​များ​အ​ဖြစ်​ဖြင့်​ကျန်​ရစ်​ပါ​စေ​သော။ သူ​တို့​၏​တဲ​များ​အ​တွင်း​၌​လူ​တစ်​ဦး​တစ်​ယောက် မျှ အ​သက်​ရှင်​လျက်​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ နှင့်။
26 For they persecute him whom you have wounded. They tell of the sorrow of those whom you have hurt.
၂၆ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သူ တို့​ကို နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​ခဲ့​သော သူ​တို့ ခံ​ရ​သည့်​ဝေ​ဒ​နာ​အ​ကြောင်း​ကို​ပြော​ဆို ကြ​ပါ​၏။
27 Charge them with crime upon crime. Do not let them come into your righteousness.
၂၇သူ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​စာ​ရင်း​ပြု​၍ မှတ်​သား​ထား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကို သူ​တို့​အား​ခံ​စား​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
28 Let them be blotted out of the Book of Life, and not be written with the righteous.
၂၈သူ​တို့​၏​နာ​မည်​များ​သည်​အ​သက်​ရှင်​သူ​များ စာ​ရင်း​စာ​စောင်​မှ​ပယ်​ဖျက်​ခြင်း​ခံ​ရ​ပါ​စေ​သော။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တွင် စာ​ရင်း​မ​ဝင်​သူ​များ​ဖြစ်​ကြ​ပါ​စေ သော။
29 But I am in pain and distress. Let your salvation, God, protect me.
၂၉သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​နာ​ကျင်​၍ စိတ်​ပျက်​အား​လျော့​လျက်​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ချီ​ပင့်​၍​ကယ်​တော်​မူ​ပါ။
30 I will praise the name of God with a song, and will magnify him with thanksgiving.
၃၀ကျွန်​တော်​မျိုး​သည်​သီ​ချင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​အား​ဖြင့် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ် ဖော် ကြေ​ညာ​ပါ​မည်။
31 It will please Jehovah better than an ox, or a bull that has horns and hoofs.
၃၁ယင်း​သို့​ပြု​သည်​ကို​ထာ​ဝ​ရ​ဘု​ရား​သည် နွား​ပူ​ဇော်​သ​ကာ​ထက်​ပို​၍​နှစ်​သက်​တော် မူ​လိမ့်​မည်။ ထွား​ကြိုင်း​သန်​မာ​သော​နွား​လား​ကို​ပူ​ဇော် သည်​ထက် ပို​၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။
32 The humble will see it and rejoice. You who seek after God, let your heart live.
၃၂ဤ​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​ညှဉ်း​ဆဲ ခံ​ရ​သူ​တို့​သည်​ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် အား​တက်​ကြ​လိမ့်​မည်။
33 For Jehovah hears the needy, and doesn't despise his captive people.
၃၃ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။ အ​ကျဉ်း​ခံ​နေ​ရ​သော​မိ​မိ​၏​လူ​စု​တော် အား မေ့​လျော့​တော်​မ​မူ​ပါ။
34 Let heaven and earth praise him; the seas, and everything that moves in them.
၃၄ကောင်း​ကင်​နှင့်​မြေ​ကြီး၊ပင်​လယ်​နှင့်​ပင်​လယ်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။
35 For God will save Zion, and build the cities of Judah. They shall settle there, and own it.
၃၅ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ကို​ကယ်​ဆယ်​တော် မူ​၍ ယု​ဒ​မြို့​တို့​ကို​ပြန်​၍​တည်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​စု​တော်​သည်​ထို​မြို့​များ​တွင် နေ​ထိုင်​ကြ​လျက်​တိုင်း​ပြည်​ကို​ပိုင်​ဆိုင်​ကြ လိမ့်​မည်။
36 The children also of his servants shall inherit it. Those who love his name shall dwell in it.
၃၆ကိုယ်​တော့်​အ​စေ​ခံ​များ​၏​သား​မြေး​တို့​သည် တိုင်း​ပြည်​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ ကိုယ်​တော်​အား​ချစ်​သော​သူ​တို့​သည်​ထို​ပြည်​တွင် နေ​ထိုင်​ကြ​ရ​လိမ့်​မည်။

< Psalms 69 >