< Psalms 58 >

1 [For the Chief Musician. To the tune of "Do Not Destroy." A poem by David.] Do you rulers indeed speak righteousness? Do you judge blamelessly, you descendants of Adam?
အ​ချင်း​အာ​ဏာ​ပိုင်​တို့၊သင်​တို့​သည်​တ​ရား သ​ဖြင့် ဆုံး​ဖြတ်​မှု​ကို​ပြု​ကြ​သ​လော။ လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​ကြ​သ​လော။
2 No, in your heart you plot injustice. You measure out the violence of your hands in the earth.
သင်​တို့​ကား​ယင်း​သို့​မ​ပြု၊မိ​မိ​တို့​ပြု​မည့် ဒု​စ​ရိုက်​ကို​သာ​လျှင်​စဉ်း​စား​ကြံ​စည်​လျက် တိုင်း​ပြည်​တွင်​အ​ဋ္ဌမ္မ​အ​ကြမ်း​ဖက်​မှု​ကို ကူး​လွန်​ကြ​၏။
3 The wicked go astray from the womb. They are wayward as soon as they are born, speaking lies.
ဒု​စ​ရိုက်​သ​မား​တို့​သည်​တစ်​သက်​လုံး​အ​မှား​ကို သာ​လျှင်​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​မွေး​က​တည်း​က မု​သား​စ​ကား​ကို​ပြော​ဆို​တတ်​ကြ​၏။
4 Their poison is like the poison of a serpent; like a deaf viper that stops its ear,
သူ​တို့​သည်​အ​ဆိပ်​ရှိ​သည့်​မြွေ​များ​နှင့်​တူ ကြ​၏။ နား​ပင်း​သည့်​မြွေ​ဟောက်​သည်​အ​လမ္ပာယ် ဆ​ရာ​၏ အ​သံ​ကို​သော်​လည်း​ကောင်း၊ကျင်​လည်​သော မျက်​လှည့်​ဆ​ရာ​၏​မန္တန်​ကို​သော်​လည်း​ကောင်း မ​ကြား​ရ။ သူ​တို့​သည်​နား​ပင်း​သည့်​မြွေ​ဟောက်​နည်း​တူ မိ​မိ​တို့​၏​နား​များ​ကို​ပိတ်​ထား​ကြ​၏။
5 which doesn't listen to the voice of charmers, no matter how skillful the charmer may be.
6 Break their teeth, God, in their mouth. Break out the great teeth of the young lions, Jehovah.
အို ဘု​ရား​သ​ခင်၊ ဤ​ရက်​စက်​ကြမ်း​ကြုတ်​သော​ခြင်္သေ့​၏​အ​စွယ် များ​ကို ချိုး​တော်​မူ​ပါ။
7 Let them vanish as water that flows away. When they draw the bow, let their arrows be made blunt.
သူ​တို့​သည်​စီး​ဆင်း​ပျောက်​ကွယ်​သွား​တတ်​သည့် ရေ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။ လူ​သွား​လမ်း​ပေါ်​မှ​ပေါင်း​ပင်​များ​ကဲ့​သို့ ကြေ​မွ​သွား​ကြ​ပါ​စေ​သော။
8 Let them be like a snail which melts and passes away, like the stillborn child, who has not seen the sun.
သူ​တို့​သည်​အ​ကျိ​အ​ချွဲ​အ​ဖြစ်​သို့​အ​ရည် ပျော်​၍ သွား​တတ်​သည့်​ပက်​ကျိ​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။ အ​လင်း​ရောင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​မြင်​ရ​သည့် လျှော​မွေး​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။
9 Before your pots can feel the heat of the thorns, he will sweep away the green and the burning alike.
သူ​တို့​သည်​မ​မျှော်​လင့်​သော​အ​ချိန်​တွင်​ချုံ​ဖုတ် ကဲ့​သို့ ခုတ်​ပစ်​ခြင်း​ကို​ခံ​ကြ​ရ​၏။ ဘု​ရား​သ​ခင်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့​အား​ကွယ်​ပျောက်​သွား​စေ​တော်​မူ​လိမ့်​မည်။
10 The righteous shall rejoice when he sees the vengeance. He shall wash his feet in the blood of the wicked;
၁၀သူ​တော်​ကောင်း​တို့​သည်​အ​ပြစ်​ကူး​သူ​များ အ​ပြစ်​ဒဏ်​သင့်​ကြ​သည်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​ယုတ်​မာ​တို့​၏​သွေး​အိုင်​တွင် ခြေ​ဆေး​ကြ​လိမ့်​မည်။
11 so that men shall say, "Most certainly there is a reward for the righteous. Most certainly there is a God who judges the earth."
၁၁လူ​တို့​က``သူ​တော်​ကောင်း​တို့​သည်​ဧ​ကန်​အ​မှန်​ပင် ကောင်း​ကျိုး​ချမ်း​သာ​ခံ​စား​ကြ​ရ​၏။ ကမ္ဘာ​လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား ဧ​ကန်​အ​မှန်​ရှိ​တော်​မူ​ပေ​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

< Psalms 58 >