< Psalms 3 >

1 [A Psalm by David, when he fled from Absalom his son.] Jehovah, how my adversaries have increased. Many rise up against me.
ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တွင်​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​တစ်​ဘက်​၌​ထ​ကြွ​သူ​များ​ကြ​ပါ​၏။
2 Many there are who say of my soul, "There is no salvation for him in God." (Selah)
သူ​တို့​က​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို ကူ​မ​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ပြော​ဆို​ကြ​ပါ​၏။
3 But you, Jehovah, are a shield around me, my glory, and the one who lifts up my head.
သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ကျွန်​တော်​မျိုး အား ဘေး​ရန်​များ​မှ​အ​စဉ်​ကွယ်​ကာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​လျက်​ရဲ​စွမ်း​သတ္တိ​နှင့်​ပြန်​လည် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။
4 I cried out to Jehovah with my voice, and he answered me from his holy mountain. (Selah)
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ကူ​မ တော်​မူ​ရန် ဟစ်​အော်​တောင်း​လျှောက်​သည့်​အ​ခါ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ​တောင်​ပေါ်​မှ ငါ​၏​ဆု​တောင်း​ပတ္ထနာ​သံ​ကို​နား​ညောင်း​တော်​မူ​၏။
5 I lay down and slept. I awoke, for Jehovah sustains me.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​သော​ကြောင့်​ငါ​သည်​လဲ​လျောင်း အိပ်​ပျော်​ခွင့်​ကို​ရ​ရှိ​၏။
6 I am not afraid of ten thousands of people who have set themselves against me on every side.
မိ​မိ​ပတ်​လည်​တွင်​ဝိုင်း​ရံ​လျက်​ရှိ​သော ရန်​သူ​ထောင်​သောင်း​များ​စွာ​တို့​ကို ငါ​သည်​မ​ကြောက်။
7 Arise, Jehovah. Save me, my God. For you slap all my enemies in the face. You break the teeth of the wicked.
အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။
8 Salvation belongs to Jehovah. Your blessing is upon your people. (Selah)
ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကို​ပေး​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​အ​ပေါ်​သို့ ကောင်း​ချီး​မင်္ဂလာ​သက်​ရောက်​ပါ​စေ​သော။

< Psalms 3 >