< Judges 13 >

1 And the children of Israel yet again committed iniquity before the Lord; and the Lord delivered them into the hand of the Phylistines forty years.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သို့ ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​အ​နှစ် လေး​ဆယ်​ပတ်​လုံး ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ၏​စိုး​မိုး​အုပ်​ချုပ်​မှု​ကို​ခံ​စေ​တော်​မူ​၏။
2 And there was a man of Saraa, of the family of the kindred of Dan, and his name was Manoe, and his wife was barren, and bore not.
ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။-
3 And an angel of the Lord appeared to the woman, and said to her, Behold, you are barren and have not born; yet you shall conceive a son.
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ထို အ​မျိုး​သ​မီး​၏​ရှေ့​တွင်​ပေါ်​လာ​၍``သင်​သည် အ​ဘယ်​အ​ခါ​မျှ​သား​သ​မီး​မ​ရ​နိုင်​ခဲ့ သော်​လည်း မ​ကြာ​မီ​ကိုယ်​ဝန်​ဆောင်​၍​သား ယောကျာ်း​ကို​ဖွား​မြင်​လိမ့်​မည်။-
4 And now be very cautious, and drink no wine nor strong drink, and eat no unclean thing;
သို့​ဖြစ်​၍​စပျစ်​ရည်​ကို​သော်​လည်း​ကောင်း၊ သေ ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း ဘယ်​အ​ခါ ၌​မျှ​မ​သောက်​နှင့်။ တား​မြစ်​ထား​သည့်​အ​စား အ​စာ​မှန်​သ​မျှ​ကို​လည်း​ရှောင်​လော့။-
5 for behold, you are with child, and shall bring forth a son; and there shall come no razor upon his head, for the child shall be a Nazarite to God from the womb; and he shall begin to save Israel from the hand of the Phylistines.
သင်​သည်​သား​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏ ဆံ​ပင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​ရိတ်​နှင့်။ အ ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​ငယ်​သည်​မိ​မိ ဖွား​မြင်​ချိန်​မှ​စ​၍​နာ​ဇ​ရိ​ဂိုဏ်း​ဝင် အ​ဖြစ်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သော​ကြောင့်​တည်း။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​မှ ကယ်​ဆယ်​ခြင်း​ကို​အ​စ​ပြု​လိမ့်​မည်'' ဟု ဆို​၏။
6 And the woman went in, and spoke to her husband, saying, A man of God came to me, and his appearance [was as] of an angel of God, very dreadful; and I did not ask him whence he was, and he did not tell me his name.
ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​ခင် ပွန်း​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင်​၏​စေ​တ​မန် တော်​သည်​ကျွန်​မ​ထံ​သို့​လာ​ပါ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​ပင် ကြောက်​မက်​ဖွယ်​ရာ​အ​ဆင်း​ကို​ဆောင်​ပါ​၏။ ကျွန်​မ​သည်​သူ့​အား`သင်​အ​ဘယ်​အ​ရပ်​မှ လာ​သ​နည်း' ဟူ​၍​မ​မေး​ပါ။ သူ​က​လည်း သူ​၏​နာ​မည်​ကို​ကျွန်​မ​အား​မ​ပြော​ပါ။-
7 And he said to me, Behold, you are with child, and shall bring forth a son; and now drink no wine nor strong drink, and eat no unclean thing; for the child shall be holy to God from the womb until the day of his death.
သို့​ရာ​တွင်​ကျွန်​မ​သည်​ကိုယ်​ဝန်​ဆောင်​၍ သား​ယောကျာ်း​ကို​ဖွား​မြင်​မည်​ဖြစ်​ကြောင်း ကို​မူ ဧ​ကန်​အ​မှန်​ပင်​ကျွန်​မ​အား​သူ​ပြော ပါ​၏။ က​လေး​သူ​ငယ်​သည်​အ​သက်​ရှင်​သ မျှ​ကာ​လ​ပတ်​လုံး​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား​သူ ဖြစ်​မည်​ဖြစ်​၍ ကျွန်​မ​အား​စ​ပျစ်​ရည်​ကို သော်​လည်း​ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော် လည်း​ကောင်း​မ​သောက်​ရန်​နှင့် တား​မြစ်​ထား သည့်​အစား​အ​စာ​မှန်​သ​မျှ​ကို​ရှောင်​ကြဉ် ရန်​ပြော​ပါ​သည်'' ဟု​ဆို​လေ​သည်။
8 And Manoe prayed to the Lord and said, I pray you, O Lord my lord, [concerning] the man of God whom you sent; let him now come to us once more, and teach us what we shall do to the child about to be born.
ထို​အ​ခါ​မာ​နော်​သည်``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စေ​လွှတ်​ခဲ့​သူ​အား​ကျေး​ဇူး​ပြု​၍ အ​ကျွန်ုပ်​တို့​ထံ​သို့​တစ်​ဖန်​ပြန်​လည်​စေ​လွှတ် ပေး​တော်​မူ​၍ သား​ငယ်​မွေး​ဖွား​လာ​သော အ​ခါ​သူ့​အား​အကျွန်ုပ်​တို့​အ​ဘယ်​သို့​ပြု ကြ​ရ​မည်​ကို​လည်း​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
9 And the Lord heard the voice of Manoe, and the angel of God came yet again to the woman; and she sat in the field, and Manoe her husband was not with her.
ဘု​ရား​သ​ခင်​သည်​လည်း​မာ​နော်​တောင်း လျှောက်​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် ကိုယ် တော်​၏​ကောင်း​ကင်​တ​မန်​သည်​လယ်​ထဲ​၌ ထိုင်​နေ​သော​အ​မျိုး​သ​မီး​ထံ​သို့​ပြန်​လာ လေ​သည်။ ထို​အ​ခါ​၌​သူ​၏​ခင်​ပွန်း မာ​နော်​မှာ​သူ​နှင့်​အ​တူ​မ​ရှိ​ချေ။-
10 And the woman hasted, and ran, and brought word to her husband, and said to him, Behold the man who came in [the other] day to me has appeared to me.
၁၀သို့​ဖြစ်​၍​သူ​သည်​ချက်​ချင်း​ပြေး​၍​မိ​မိ​၏ ခင်​ပွန်း​အား``တစ်​နေ့​က​ကျွန်​မ​ထံ​သို့​လာ သူ​သည်​ယ​ခု​ပြန်​လည်​ရောက်​ရှိ​နေ​ပါ​ပြီ'' ဟု​ပြော​၏။
11 And Manoe arose and followed his wife, and came to the man, and said to him, Are you the man that spoke to the woman? and the angel said, I [am].
၁၁မာ​နော်​သည်​လည်း​ထ​၍​မိ​မိ​ဇနီး​နောက်​သို့ လိုက်​သွား​ပြီး​လျှင်​သူ့​အား``သင်​သည်​အ​ကျွန်ုပ် ၏​ဇ​နီး​နှင့်​စ​ကား​ပြော​ခဲ့​သူ​မှန်​ပါ​သ​လော'' ဟု​မေး​၏။ ``မှန်​ပါ​သည်'' ဟု​ထို​သူ​က​ဆို​၏။
12 And Manoe said, Now shall [your] word come to pass: what shall be the ordering of the child, and our dealings with him?
၁၂မာ​နော်​က``သို့​ဖြစ်​ပါ​လျှင်​သင်​ပြော​သည့် အ​တိုင်း​ဖြစ်​ပျက်​လာ​သော​အ​ခါ ထို​သူ​ငယ် သည်​အ​ဘယ်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နေ​ထိုင်​ပြု​မူ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။
13 And the angel of the Lord said to Manoe, Of all things concerning which I spoke to the woman, she shall beware.
၁၃ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သင်​၏​ဇနီး​သည်​သူ့​အား​ငါ​ပြော​ပြ ခဲ့​သ​မျှ​သော​အရာ​တို့​ကို​သေ​ချာ​စွာ​ဆောင် ရွက်​ရ​မည်။-
14 She shall eat of nothing that comes of the vine yielding wine, and let her not drink wine or strong liquor, and let her not eat anything unclean: all things that I have charged her she shall observe.
၁၄သူ​သည်​စ​ပျစ်​နွယ်​ပင်​မှ​ရ​ရှိ​သည့်​အ​ရာ​ဟူ သ​မျှ​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို​သော်​လည်း ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း မ​သောက်​ရ။ တား​မြစ်​ထား​သည့်​အ​စား​အ​စာ မှန်​သ​မျှ​ကို​ရှောင်​ရ​မည်။ သူ​သည်​ငါ​မှာ​ကြား ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို​ပြု​ရ​မည်'' ဟု ပြန်​ပြော​လေ​သည်။
15 And Manoe said to the angel of the Lord, Let us detain you here, and prepare before you a kid of the goats.
၁၅မာ​နော်​သည်​ထို​သူ​မှာ​ကောင်း​ကင်​တ​မန်​ဖြစ် ကြောင်း​ကို​မ​သိ​သ​ဖြင့်​သူ့​အား``ကျေး​ဇူး​ပြု ၍​မ​သွား​ပါ​နှင့်​ဦး။ သင့်​အ​တွက်​ဆိတ်​ငယ် တစ်​ကောင်​ကို​အ​ကျွန်ုပ်​တို့​ချက်​ပြုတ်​ပါ​ရ စေ'' ဟု​ဆို​၏။ သို့​သော်​ကောင်း​ကင်​တ​မန်​က``အ​ကယ်​၍​ငါ သည်​မ​သွား​ဘဲ​နေ​လျှင်​လည်း သင်​၏​အ​စား အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို အ​စား​အ​စာ​တို့​ကို​သင်​ပြင်​ဆင်​လို​သည် ဆို​ပါ​မူ ယင်း​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့'' ဟု ဆို​လေ​သည်။
16 And the angel of the Lord said to Manoe, If you should detain me, I will not eat of your bread; and if you would offer a whole burnt offering, to the Lord you shall offer it: for Manoe knew not that he [was] an angel of the Lord.
၁၆
17 And Manoe said to the angel of the Lord, What [is] your name, that [when] your word shall come to pass, we may glorify you?
၁၇မာ​နော်​က​လည်း​သင်​၏​နာ​မည်​ကို​အ​ကျွန်ုပ် သိ​ပါ​ရ​စေ။ သို့​မှ​သာ​လျှင်​သင်​ပြော​ဆို​သည့် စ​ကား​များ​မှန်​ကန်​လာ​သော​အ​ခါ သင့်​အား အ​ကျွန်ုပ်​တို့​ဂုဏ်​ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ပြန် ပြော​၏။
18 And the angel of the Lord said to him, Why do you thus ask after my name; whereas it is wonderful?
၁၈ကောင်း​ကင်​တ​မန်​က``ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း။ ယင်း​မှာ​အံ့​သြ​ဖွယ် ကောင်း​သည့်​နာ​မ​ဖြစ်​၏'' ဟု​ဆို​၏။
19 And Manoe took a kid of the goats and its meat-offering, and offered it on the rock to the Lord; and [the angel] wrought a distinct work, and Manoe and his wife were looking on.
၁၉သို့​ဖြစ်​၍​မာ​နော်​သည်​ဆိတ်​ငယ်​တစ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ကျောက်​ယဇ်​ပလ္လင်​ပေါ် တွင်​တင်​ပြီး​လျှင် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် လေ​၏။-
20 And it came to pass when the flame went up above the altar toward heaven, that the angel of the Lord went up in the flame; and Manoe and his wife were looking, and they fell upon their face to the earth.
၂၀ယဇ်​ပလ္လင်​မှ​မီးလျှံ​များ​အ​ထက်​သို့​တက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​မီး လျှံ​ထဲ​မှ​နေ​၍ ကောင်း​ကင်​ဘုံ​သို့​တက်​သွား​သည် ကို​မာ​နော်​တို့​ဇ​နီး​မောင်​နှံ​တွေ့​မြင်​ရ​ကြ​လေ သည်။ ထို​အ​ခါ​ကျ​မှ​ထို​သူ​သည်​ကောင်း​ကင် တ​မန်​ဖြစ်​ကြောင်း​ကို​မာ​နော်​သိ​ရှိ​ရ​သ​တည်း။ သို့​ဖြစ်​၍​သူ​တို့​ဇ​နီး​မောင်​နှံ​နှစ်​ယောက်​သည် မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​ကြ​၏။ ထို​ကောင်း​ကင် တ​မန်​ကို​မူ​ကား​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​သူ​တို့​မ​တွေ့​မ​မြင်​ရ​ကြ​တော့​ချေ။
21 And the angel appeared no more to Manoe and to his wife: then Manoe knew that this [was] an angel of the Lord.
၂၁
22 And Manoe said to his wife, We shall surely die, because we have seen God.
၂၂မာ​နော်​က​မိ​မိ​၏​ဇနီး​အား``ငါ​တို့​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​ပြီ​ဖြစ်​၍​အ​မှန် ပင်​သေ​ရ​ကြ​ပေ​တော့​အံ့'' ဟု​ဆို​၏။
23 But his wife said to him, If the Lord were pleased to kill us, he would not have received of our hand a whole burnt offering and a meat-offering; and he would not have shown us all these things, neither would he have caused us to hear all these things
၂၃သို့​ရာ​တွင်​ဇ​နီး​ဖြစ်​သူ​က``အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​သေ​စေ​လို​သည်​ဆို​ပါ​မူ ငါ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​လက်​ခံ​တော်​မူ မည်​မ​ဟုတ်။ ဤ​သို့​သော​စ​ကား​တို့​ကို​လည်း​ဤ အ​ချိန်​အ​ခါ​၌​မိန့်​တော်​မူ​မည်​မ​ဟုတ်'' ဟု ပြန်​ပြော​လေ​သည်။
24 And the woman brought forth a son, and she called his name Sampson; and the child grew, and the Lord blessed him.
၂၄ထို​အ​မျိုး​သ​မီး​သည်​သား​ယောကျာ်း​ကို ဖွား​မြင်​၍ သူ​ငယ်​အား​ရှံ​ဆုန်​ဟူ​သော​အ​မည် ဖြင့်​မှည့်​၏။ က​လေး​ငယ်​သည်​လည်း​ကြီး​ပြင်း လာ​ရာ​ဘု​ရား​သ​ခင်​သည်​သူ့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။-
25 And the Spirit of the Lord began to go out with him in the camp of Dan, and between Saraa and Esthaol.
၂၅သူ​ငယ်​သည်​ဇော​ရာ​မြို့​နှင့်​ရှေ​တော​လ​မြို့ စပ်​ကြား​ဒန်​တပ်​စ​ခန်း​၌​ရှိ​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား​စ​တင် ၍​ခွန်​အား​ကြီး​မား​လာ​စေ​တော်​မူ​သည်။

< Judges 13 >