< Jeremiah 11 >

1 The word that came to Jeremiah from the LORD, saying,
ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။
2 Hear ye the words of this covenant, and speak unto the men of Judah, and to the inhabitants of Jerusalem;
သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား တို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု၊ သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည် အကြောင်း၊ ငါ့စကားကိုနားထောင်၍၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။
3 And say thou unto them, Thus saith the LORD God of Israel; Cursed [be] the man that obeyeth not the words of this covenant,
4 Which I commanded your fathers in the day [that] I brought them forth out of the land of Egypt, from the iron furnace, saying, Obey my voice, and do them, according to all which I command you: so shall ye be my people, and I will be your God:
5 That I may perform the oath which I have sworn unto your fathers, to give them a land flowing with milk and honey, as [it is] this day. Then answered I, and said, So be it, O LORD.
6 Then the LORD said unto me, Proclaim all these words in the cities of Judah, and in the streets of Jerusalem, saying, Hear ye the words of this covenant, and do them.
ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကား ဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့။
7 For I earnestly protested unto your fathers in the day [that] I brought them up out of the land of Egypt, [even] unto this day, rising early and protesting, saying, Obey my voice.
အကြောင်းမူကား၊ ငါ့စကားကို နားထောင် ကြလော့ဟု၊ သင်တို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊
8 Yet they obeyed not, nor inclined their ear, but walked every one in the imagination of their evil heart: therefore I will bring upon them all the words of this covenant, which I commanded [them] to do; but they did [them] not.
သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော မိမိတို့ စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာ ထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံ တို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော် မူ၏။
9 And the LORD said unto me, A conspiracy is found among the men of Judah, and among the inhabitants of Jerusalem.
တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ၏။
10 They are turned back to the iniquities of their forefathers, which refused to hear my words; and they went after other gods to serve them: the house of Israel and the house of Judah have broken my covenant which I made with their fathers.
၁၀ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ။ အခြားတပါး သော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ။ သူတို့၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။
11 Therefore thus saith the LORD, Behold, I will bring evil upon them, which they shall not be able to escape; and though they shall cry unto me, I will not hearken unto them.
၁၁သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့မလွတ် နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကိုအော်ဟစ်သော် လည်း၊ ငါနားမထောင်ဘဲနေမည်။
12 Then shall the cities of Judah and inhabitants of Jerusalem go, and cry unto the gods unto whom they offer incense: but they shall not save them at all in the time of their trouble.
၁၂ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေး ရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မပေးဘဲနေကြလိမ့်မည်။
13 For [according to] the number of thy cities were thy gods, O Judah; and [according to] the number of the streets of Jerusalem have ye set up altars to [that] shameful thing, [even] altars to burn incense unto Baal.
၁၃အိုယုဒပြည်၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။
14 Therefore pray not thou for this people, neither lift up a cry or prayer for them: for I will not hear [them] in the time that they cry unto me for their trouble.
၁၄သို့ဖြစ်၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင်။
15 What hath my beloved to do in mine house, [seeing] she hath wrought lewdness with many, and the holy flesh is passed from thee? when thou doest evil, then thou rejoicest.
၁၅ငါချစ်သောအစ်မသည် များစွာသော သူတို့နှင့် မတရားသဖြင့် ပေါင်းဘော်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ် နှင့်အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊
16 The LORD called thy name, A green olive tree, fair, [and] of goodly fruit: with the noise of a great tumult he hath kindled fire upon it, and the branches of it are broken.
၁၆စိမ်းလန်းလှပ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု၊ သင့်ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီးသော အသံဗလံနှင့် ထိုအပင်ကို မီးရှို့ တော်မူ၍၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။
17 For the LORD of hosts, that planted thee, hath pronounced evil against thee, for the evil of the house of Israel and of the house of Judah, which they have done against themselves to provoke me to anger in offering incense unto Baal.
၁၇ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ။
18 And the LORD hath given me knowledge [of it], and I know [it: ] then thou shewedst me their doings.
၁၈ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။
19 But I [was] like a lamb [or] an ox [that] is brought to the slaughter; and I knew not that they had devised devices against me, [saying], Let us destroy the tree with the fruit thereof, and let us cut him off from the land of the living, that his name may be no more remembered.
၁၉အသေသတ်ခြင်းငှါ ဆောင်သွားသော သိုး သငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကိုပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တဘက်၌ မကောင်းသော အကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
20 But, O LORD of hosts, that judgest righteously, that triest the reins and the heart, let me see thy vengeance on them: for unto thee have I revealed my cause.
၂၀နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
21 Therefore thus saith the LORD of the men of Anathoth, that seek thy life, saying, Prophesy not in the name of the LORD, that thou die not by our hand:
၂၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ် မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည် အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကို ရှာကြ သောကြောင့်၊
22 Therefore thus saith the LORD of hosts, Behold, I will punish them: the young men shall die by the sword; their sons and their daughters shall die by famine:
၂၂ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ထားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည် ငတ်မွတ်၍ သေကြလိမ့်မည်။
23 And there shall be no remnant of them: for I will bring evil upon the men of Anathoth, [even] the year of their visitation.
၂၃တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

< Jeremiah 11 >