< Galatians 1 >

1 Paul, an apostle, (not of men, neither by man, but by Jesus Christ, and God the Father, who raised him from the dead; )
တ​မန်​တော်​ဖြစ်​သူ​ငါ​ပေါ​လု​နှင့် ဤ​အ​ရပ်​တွင် ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​တို့​က ဂ​လာ​တိ​ပြည် ရှိ​အ​သင်း​တော်​များ​သို့​စာ​ရေး​လိုက်​ပါ​သည်။ ငါ သည်​လူ​အ​မိန့်​အာ​ဏာ​ဖြင့် တ​မန်​တော်​ရာ​ထူး​ကို အပ်​နှင်း​ခြင်း​ခံ​ရ​သူ​မ​ဟုတ်။ လူ​ခန့်​ထား​သည့် တ​မန်​တော်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​က​လည်း ကောင်း၊ ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ခ​မည်း​တော်​ဘု​ရား​သ​ခင်​က လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​၏။
2 And all the brethren which are with me, unto the churches of Galatia:
3 Grace be to you and peace from God the Father, and from our Lord Jesus Christ,
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​ကြ​ပါ​စေ​သော။
4 Who gave himself for our sins, that he might deliver us from this present evil world, according to the will of God and our Father: (aiōn g165)
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ခ​ရစ်​တော်​သည်​ငါ​တို့​အား ဤ​ဆိုး​ယုတ်​သော ပစ္စုပ္ပန်​ခေတ်​မှ​ကယ်​တင်​နိုင်​ရန် ငါ​တို့​၏​အ​ပြစ် များ​အ​တွက်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။- (aiōn g165)
5 To whom be glory for ever and ever. Amen. (aiōn g165)
ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ (aiōn g165)
6 I marvel that all of you are so soon removed from him that called you into the grace of Christ unto another gospel:
ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​အား ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို သင်​တို့​သည်​ဤ မျှ​ဆော​လျင်​စွာ​စွန့်​ပစ်​ကြ​ပြီး​လျှင် အ​ခြား သ​တင်း​ကောင်း​တစ်​မျိုး​ကို​နာ​ယူ​လျက်​ရှိ​ကြ သ​ဖြင့်​ငါ​အံ့​သြ​မိ​၏။-
7 Which is not another; but there be some that trouble you, and would pervert the gospel of Christ.
သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။-
8 But though we, or an angel from heaven, preach any other gospel unto you than that which we have preached unto you, let him be accursed.
ငါ​တို့​ဖြစ်​စေ၊ ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန် ပင်​ဖြစ်​စေ​သင်​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​ခဲ့ သည့်​သ​တင်း​ကောင်း​နှင့် ကွဲ​ပြား​ခြား​နား​သည့် သ​တင်း​ကောင်း​ကို​ဟော​ပြော​လျှင်​ကျိန်​တော်​မူ ခြင်း​ကို​ခံ​စေ။-
9 As we said before, so say I now again, if any man preach any other gospel unto you than that all of you have received, let him be accursed.
သင်​တို့​နာ​ယူ​ရ​ရှိ​သည့်​သ​တင်း​ကောင်း​နှင့်​မ​တူ ကွဲ​ပြား​ခြား​နား​သည့်​သ​တင်း​ကောင်း​ကို​ဟော​ပြော သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟူ​၍ ငါ​တို့ ဆို​ခဲ့​ပြီး​သည့်​အ​တိုင်း​ယ​ခု​ထပ်​မံ​၍​ငါ​ဆို​၏။
10 For do I now persuade men, or God? or do I seek to please men? for if I yet pleased men, I should not be the servant of Christ.
၁၀ဤ​သို့​ပြော​ဆို​ရာ​၌​ငါ​သည် လူ​၏​ထောက်​ခံ​မှု​ကို ရ​ရန်​ကြိုး​စား​နေ​ပါ​သ​လော။ ငါ​သည်​ဘု​ရား​သ​ခင် ၏​ထောက်​ခံ​မှု​မှ​လွဲ​၍ မည်​သူ့​ထောက်​ခံ​မှု​ကို​လို​ပါ သ​နည်း။ ငါ​သည်​လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး စား​ဆောင်​ရွက်​နေ​ပါ​သ​လော။ အ​ကယ်​၍​ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး​စား​ဆောင်​ရွက် နေ​သေး​ပါ​မူ​ခ​ရစ်​တော်​၏​အ​စေ​ခံ​မ​ဖြစ်​နိုင်။
11 But I certify you, brethren, that the gospel which was preached of me is not after man.
၁၁ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​ကြေ​ညာ သော​သ​တင်း​ကောင်း​သည် လူ​တီ​ထွင်​သည့်​သ​တင်း ကောင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့​အား​ဖော်​ပြ​မည်။-
12 For I neither received it of man, neither was I taught it, but by the revelation of Jesus Christ.
၁၂ထို​သ​တင်း​ကောင်း​ကို​ငါ​သည်​မည်​သည့်​လူ တစ်​စုံ​တစ်​ယောက်​ထံ​က​မျှ​ရ​သည်​မ​ဟုတ်။ မည်​သူ​မျှ​လည်း​ငါ့​ကို​သင်​ကြား​၍​မ​ပေး။ ထို သ​တင်း​ကောင်း​ကို​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် ငါ့​အား​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ပေး​အပ်​တော် မူ​၏။
13 For all of you have heard of my conversation in time past in the Jews' religion, how that beyond measure I persecuted the church of God, and wasted it:
၁၃ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။-
14 And profited in the Jews' religion above many my equals in mine own nation, being more exceedingly zealous of the traditions of my fathers.
၁၄ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။
15 But when it pleased God, who separated me from my mother's womb, and called me by his grace,
၁၅သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။-
16 To reveal his Son in me, that I might preach him among the heathen; immediately I conferred not with flesh and blood:
၁၆
17 Neither went I up to Jerusalem to them which were apostles before me; but I went into Arabia, and returned again unto Damascus.
၁၇ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။-
18 Then after three years I went up to Jerusalem to see Peter, and abode with him fifteen days.
၁၈သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။-
19 But other of the apostles saw I none, save James the Lord's brother.
၁၉သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။
20 Now the things which I write unto you, behold, before God, I lie not.
၂၀ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။
21 Afterwards I came into the regions of Syria and Cilicia;
၂၁ထို​နောက်​ငါ​သည်​ရှု​ရိ​နှင့်​ကိ​လိ​ကိ​နယ်​များ​သို့ သွား​ရောက်​၏။-
22 And was unknown by face unto the churches of Judaea which were in Christ:
၂၂သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။-
23 But they had heard only, That he which persecuted us in times past now preaches the faith which once he destroyed.
၂၃``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။-
24 And they glorified God in me.
၂၄ထို့​ကြောင့်​သူ​တို့​သည်​ငါ့​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ပေ သည်။

< Galatians 1 >