< Jude 1 >

1 Jude, the servant of Jesus Christ, and brother of James, to them that are sanctified by God the Father, and preserved in Jesus Christ, and called:
ယေရှု ခရစ် ၏ ကျွန် ဖြစ်သောယာကုပ် ညီ ငါယုဒ သည် ခမည်းတော် ဘုရားသခင် သန့်ရှင်း စေတော်မူ၍၊ ယေရှု ခရစ် ခေါ် ထားစောင့်မ တော်မူသောသူတို့ကို ကြားလိုက်ပါ၏။
2 Mercy to you, and peace, and love, be multiplied.
သင် တို့၌ကရုဏာ ရှိပါစေသော။ ငြိမ်သက် ခြင်းနှင့် ချစ် ခြင်းများပြား ပါစေသော။
3 Beloved, when I gave all diligence to write to you of the common salvation, it was needful for me to write to you, and exhort you that you should earnestly contend for the faith which was once delivered to the saints.
ချစ်သူ တို့၊ အညီအမျှဆက်ဆံသော ကယ်တင် ခြင်းအကြောင်း အရာကို သင် တို့ထံသို့ရေး ၍ ပေးလိုက် ခြင်းငှာငါ သည်အလွန် ကြိုးစား သည်တွင်၊ သန့်ရှင်း သူတို့၌ အထက် ကအပ်ပေး ခဲ့ပြီးသော ယုံကြည် ခြင်းတရား ဘက်မှာ သင် တို့သည် ကြိုးစား ၍တိုက်လှန်စေခြင်းငှာနှိုးဆော် သွေးဆောင်၍ ရေး လိုက်ရသောအကြောင်း ရှိ ၏။
4 For there are certain men crept in unawares, who were before of old ordained to this condemnation, ungodly men, turning the grace of our God into lasciviousness, and denying the only Lord God, and our Lord Jesus Christ.
အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့ဘုရားသခင် ၏ ကျေးဇူး တော်ကို ကိလေသာ ၏ ညစ်ညူး ခြင်းအလိုငှာမှောက်လှန် လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင် ၊ ငါ တို့သခင် ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ အပြစ် ခံစေခြင်းငှာ ရှေး ကစီရင် မှတ်သားနှင့်သောအဓမ္မလူ အချို့ တို့သည် ပရိယာယ် နှင့် အမှတ်တမဲ့ဝင်ကြပြီ။
5 I will therefore put you in remembrance, though you once knew this, how that the Lord, having saved the people out of the land of Egypt, afterward destroyed them that believed not.
ထို့ကြောင့်သင် တို့သည်သိ နှင့်သော်လည်း ငါသည် သတိပေး ၍ ပြောချင် သော အကြောင်း အရာ ဟူမူကား ၊ ထာဝရ ဘုရားသည် ဣသရေလ လူ တို့ကို အဲဂုတ္တု ပြည် မှ ကယ်လွှတ် တော်မူပြီးလျှင်၊ မ ယုံကြည် သော သူ တို့ကိုတဖန် ဖျက်ဆီး တော်မူ၏။
6 And the angels which kept not their first estate, but left their own habitation, he has reserved in everlasting chains under darkness to the judgment of the great day. (aïdios g126)
ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။ (aïdios g126)
7 Even as Sodom and Gomorrha, and the cities about them in like manner, giving themselves over to fornication, and going after strange flesh, are set forth for an example, suffering the vengeance of eternal fire. (aiōnios g166)
ထိုနည်းတူ ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍ ပတ်ဝန်းကျင် ၌ ရှိသောမြို့ တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရား သော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည် သောကြောင့်၊ ထာဝရ မီး နှင့်ကျွမ်းလောင် ခြင်း ဒဏ်ကိုခံရ ၍ ပုံ သက်သေထင်ရှား လျက်ရှိကြ၏။ (aiōnios g166)
8 Likewise also these filthy dreamers defile the flesh, despise dominion, and speak evil of dignities.
ယခု ယောင်ယမ်း သောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ ကိုယ် ကိုညစ်ညူး စေ၍၊ အာဏာစက် ကိုပယ် လျက် ၊ ဘုန်း တန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ တတ်ကြ၏။
9 Yet Michael the archangel, when contending with the devil he disputed about the body of Moses, dared not bring against him a railing accusation, but said, The Lord rebuke you.
ကောင်းကင် တမန် မင်းမိက္ခေလ မူကား ၊ မောရှေ ၏ ကိုယ် ကို အကြောင်း ပြု၍ မာရ်နတ် နှင့် ငြင်းခုံ သောအခါ ၊ ကဲ့ရဲ့ စွာသော ပြစ်တင် ခြင်းကိုမ ပြု ဝံ့ဘဲ၊ ထာဝရ ဘုရားသည် သင့် ကိုဆုံးမ တော်မူစေသတည်းဟူ၍သာ ပြောဆို ၏။
10 But these speak evil of those things which they know not: but what they know naturally, as brute beasts, in those things they corrupt themselves.
၁၀ထိုသူ တို့မူကား ၊ မိမိတို့နား မ လည်သောအရာ များကို ကဲ့ရဲ့ တတ်ကြ၏။ တိရစ္ဆာန် ကဲ့သို့ ပကတိ အတိုင်းမိမိတို့နားလည် သော အရာ များဖြင့် မိမိတို့ကိုပုပ်ပျက် စေတတ်ကြ၏။
11 Woe to them! for they have gone in the way of Cain, and ran greedily after the error of Balaam for reward, and perished in the gainsaying of Core.
၁၁သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကာဣန နောက် သို့လိုက်ကြ၏။ အခ ကိုရခြင်းငှာဗာလမ် မှားယွင်း သကဲ့သို့အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ ၏ငြင်းခုံ ခြင်းအပြစ်နှင့် ဖျက်ဆီး ခြင်းသို့ရောက် ကြ၏။
12 These are spots in your feasts of charity, when they feast with you, feeding themselves without fear: clouds they are without water, carried about of winds; trees whose fruit wither, without fruit, twice dead, plucked up by the roots;
၁၂မေတ္တာ ပွဲလုပ် ၍ သင် တို့နှင့်အတူစား သောက်သောအခါ အားမနာ ဘဲ၊ မိမိ တို့ကိုဝ စွာကျွေး၍ ပွဲ၌ အစွန်းအကွက် ဖြစ်ကြ၏။ ရေ မရှိ၊ လေ တိုက်၍လွင့် သော မိုဃ်းတိမ် ကဲ့သို့၎င်း၊ ညှိုးနွမ်း ၍ အသီး မတင်၊ နှစ် ကြိမ် သေ ၍ နှုတ် ပစ်သော သစ်ပင် ကဲ့သို့၎င်း၊
13 Raging waves of the sea, foaming out their own shame; wandering stars, to whom is reserved the blackness of darkness for ever. (aiōn g165)
၁၃မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။ (aiōn g165)
14 And Enoch also, the seventh from Adam, prophesied of these, saying, Behold, the Lord comes with ten thousands of his saints,
၁၄အာဒံ မှ ဆင်းသက်၍ ခုနှစ် ဆက်မြောက်သောသူ ဧနောက် က၊ ထာဝရ ဘုရားသည် ခပ်သိမ်း သော သူ တို့ကို တရား စီရင်တော်မူ၍ ၊ မတရား သောသူတို့သည် မတရား သဖြင့် ပြုသောအဓမ္မအမှု ရှိသမျှ တို့၏ အပြစ်ကို၎င်း၊ မတရား သောလူဆိုး တို့သည် ဘုရားသခင် ကို ပြစ်မှား ၍ ပြော သောကြမ်းတမ်း သော စကား ရှိသမျှ တို့၏ အပြစ် ကိုဖော်ပြ ခြင်းငှာ၊
15 To execute judgment on all, and to convince all that are ungodly among them of all their ungodly deeds which they have ungodly committed, and of all their hard speeches which ungodly sinners have spoken against him.
၁၅အတိုင်းမသိများစွာသော မိမိ သန့်ရှင်း သူတို့နှင့်တကွ ကြွလာ တော်မူလိမ့်မည်ဟု ပရောဖက် ပြု၍ ဟောပြော လေ၏။
16 These are murmurers, complainers, walking after their own lusts; and their mouth speaks great swelling words, having men’s persons in admiration because of advantage.
၁၆ထိုသူ တို့သည် မြည်တမ်း ၏ အပြစ်တင် တတ်သောသူ၊ ကိုယ် တပ်မက် ခြင်းအတိုင်း ကျင့် တတ်သောသူ၊ ထောင်လွှား သော စကား ကိုပြော တတ်သောသူ ၊ ကိုယ် အကျိုးစီးပွားကြောင့် သူ့မျက်နှာ ကို ထောက်ထား ခန့်ညားတတ်သော သူဖြစ် ကြ၏။
17 But, beloved, remember you the words which were spoken before of the apostles of our Lord Jesus Christ;
၁၇ချစ်သူ တို့၊ နောက်ဆုံး သောကာလ ၌ ၊ မိမိ တို့မတရား သော တပ်မက် ခြင်းအတိုင်း ကျင့် နေ၍၊ ပြက်ယယ်ပြု တတ်သော သူတို့သည် ပေါ် ကြလိမ့်မည်ဟု
18 How that they told you there should be mockers in the last time, who should walk after their own ungodly lusts.
၁၈ငါ တို့သခင် ယေရှု ခရစ် ၏ တမန်တော် တို့သည် ဟောပြော နှင့်သော စကား များကိုအောက်မေ့ ကြလော့။
19 These be they who separate themselves, sensual, having not the Spirit.
၁၉ထို သူတို့သည်သင်းခွဲ သောသူ ၊ ဝိညာဉ် တော်နှင့် ကင်း သော ဇာတိ ပကတိလူဖြစ် ကြ၏။
20 But you, beloved, building up yourselves on your most holy faith, praying in the Holy Ghost,
၂၀ချစ်သူ တို့၊ သင် တို့သည် မိမိ တို့အလွန် သန့်ရှင်းသော ယုံကြည် ခြင်းအပေါ်မှာမိမိ တို့ကို တည်ဆောက် လျက်၊ သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဆုတောင်း ပဌနာပြုလျက်၊
21 Keep yourselves in the love of God, looking for the mercy of our Lord Jesus Christ to eternal life. (aiōnios g166)
၂၁ဘုရားသခင် ကို ချစ် ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက် ၍ ထာဝရ အသက် အလိုငှာ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ ကရုဏာ တော်ကို မြော်လင့် ၍ နေကြလော့။ (aiōnios g166)
22 And of some have compassion, making a difference:
၂၂ပိုင်းခြား ၍သိတတ်သော ဥာဏ်ရှိ၍ အချို့ တို့ကို သနား ကြလော့။
23 And others save with fear, pulling them out of the fire; hating even the garment spotted by the flesh.
၂၃ကိုယ် ကာယနှင့် ညစ်ညူး စွန်းကွက်သော အဝတ် ကိုပင် စက်ဆုပ် ရွံရှာ၍ ကြောက်ရွံ့ ခြင်းနှင့်တကွ ၊ အချို့ တို့ကို မီး ထဲမှ ဆယ် နှုတ်ကယ်တင် ကြလော့။
24 Now to him that is able to keep you from falling, and to present you faultless before the presence of his glory with exceeding joy,
၂၄ထိမိ ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင် တို့ကို စောင့်ရှောက် ခြင်းငှာ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလျက်ရှိသောသင်တို့ကို ဘုန်း အသရေတော်ရှေ့ ၌ ဆက်သ ခြင်းငှာ၎င်း တတ်နိုင် တော်မူသော သူ တည်းဟူသော။
25 To the only wise God our Savior, be glory and majesty, dominion and power, both now and ever. Amen. (aiōn g165)
၂၅ငါ တို့ကို ကယ်တင် တော်မူသောအရှင်၊ တဆူတည်း သောဘုရားသခင် သည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ၊ ယခု မှစ၍ကမ္ဘာ အဆက်ဆက်ဘုန်း တန်ခိုး အာနုဘော် နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း အာမင် (aiōn g165)

< Jude 1 >