< Leviticus 24 >

1 And the Lord spake vnto Moses, saying,
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 Commande the children of Israel that they bring vnto thee pure oyle oliue beaten, for the light, to cause ye lampes to burne continually.
ပရိသတ်စည်းဝေး ရာ တဲ တော်တွင် သက်သေခံ ချက် ကုလားကာ ပြင် မှာ မီးခုံ ၌ အစဉ် မပြတ်မီး ထွန်းရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် သင့် ထံ သို့ဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။
3 Without the vaile of the Testimonie, in the Tabernacle of the Congregation, shall Aaron dresse them, both euen and morning before the Lord alwayes: this shalbe a lawe for euer through your generations.
အာရုန် သည်လည်း၊ ညဦး မှ သည် နံနက် တိုင်အောင် ထာဝရဘုရား ရှေ့ တော်၌ ထိုအမှုကို စီရင် ရမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
4 He shall dresse the lampes vpon the pure Candlesticke before the Lord perpetually.
စင်ကြယ် သော မီးခုံ ၌ မီးခွက် များကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်မှာ အစဉ် အမြဲပြင်ဆင် ရမည်။
5 Also thou shalt take fine floure, and bake twelue cakes thereof: two tenth deales shalbe in one cake.
သင်သည် မုန့်ညက် ကိုယူ ၍ ၊ မုန့် တလုံး လျှင် နှစ်ဩမဲစီ၊ မုန့်ဆယ် နှစ် လုံးကို လုပ် ပြီးလျှင်၊
6 And thou shalt set them in two rowes, six in a rowe vpon the pure table before the Lord.
ထာဝရဘုရား ရှေ့ စင်ကြယ် သော စားပွဲ ပေါ် မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက် လုံးစီ၊ နှစ် ပုံပုံ ရမည်။
7 Thou shalt also put pure incense vpon the rowes, that in steade of the bread it may bee for a remembrance, and an offering made by fire to the Lord.
ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောအောက်မေ့ တော်မူဘို့ ရာ ဖြစ်စေ ခြင်းငှါ ထိုမုန့်နှစ်ပုံပေါ် မှာ စင်ကြယ် သော လောဗန် ကို တင် ထားရမည်။
8 Euery Sabbath hee shall put them in rowes before the Lord euermore, receiuing them of the children of Israel for an euerlasting couenant.
ထာဝရဘုရား၏ပဠိညာဉ်နှင့်အညီ၊ ဣသရေလ အမျိုးသား တို့ လက်မှ ခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်၌ ဥပုဃ် နေ့ တိုင်းအစဉ် အမြဲပြင်ဆင် ရမည်။
9 And the bread shalbe Aarons and his sonnes, and they shall eate it in the holie place: for it is most holie vnto him of the offrings of the Lord made by fire by a perpetuall ordinance.
ထိုမုန့်ကို အာရုန် နှင့် သူ ၏သား တို့သည် ပိုင်၍၊ သန့်ရှင်း ရာ ဌာန တော်၌ စား ရကြမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရ ပညတ် တော်အတိုင်း၊ အာရုန် အဘို့ အလွန်သန့်ရှင်း သော အရာဖြစ် သည်ဟု မိန့်တော်မူ၏။
10 And there went out among the children of Israel the sonne of an Israelitish woman, whose father was an Egyptian: and this sonne of the Israelitish woman, and a man of Israel stroue together in the hoste.
၁၀အဲဂုတ္တု လူ နှင့် ဣသရေလ မိန်းမ ရ၍ ဣသရေလ အမျိုးသား တို့နှင့်အတူ လိုက်လာ သောသား တယောက်သည်၊ တပ် ထဲ မှာ ဣသရေလ လူ နှင့် ရန်တွေ့ သဖြင့်၊
11 So the Israelitish womans sonne blasphemed the name of the Lord, and cursed, and they brought him vnto Moses (his mothers name also was Shelomith, the daughter of Dibri, of the tribe of Dan)
၁၁နာမ တော်ကို ပြစ်မှား လျက် ကျိန်ဆဲ လေ၏။ ထိုသူ ၏ အမိ ကား၊ ဒန် အမျိုး ၊ ဒိဗရိ သမီး ရှေလောမိတ် ဖြစ်သတည်း။
12 And they put him in warde, till he tolde them the minde of the Lord.
၁၂ပြစ်မှားသောသူကို မောရှေ ထံ သို့ ဆောင် ယူခဲ့၍ ၊ ထာဝရဘုရား ၏ အလို တော်ကို မသိမှီတိုင်အောင်ချုပ် ထား ကြ၏။
13 Then the Lord spake vnto Moses, saying,
၁၃ထာဝရဘုရား ကလည်း ၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍၊
14 Bring the blasphemer without the hoste, and let all that heard him, put their handes vpon his head, and let all the Congregation stone him.
၁၄သူ၏စကားကို ကြား သော သူအပေါင်း တို့သည် သူ ၏ခေါင်း ပေါ် မှာ လက် ကိုတင် ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြစေ။
15 And thou shalt speake vnto the children of Israel, saying, Whosoeuer curseth his God, shall beare his sinne.
၁၅သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မိမိ ဘုရား သခင်ကို ကျိန်ဆဲ သောသူသည် မိမိ အပြစ် ကိုခံရ မည်။
16 And he that blasphemeth the name of the Lord, shalbe put to death: all the Congregation shall stone him to death: aswell the stranger, as he that is borne in the lande: when he blasphemeth the name of the Lord, let him beslaine.
၁၆ထာဝရဘုရား ၏ နာမ တော်ကို ပြစ်မှား သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည်၊ ထိုသူ ကို အမှန် ကျောက်ခဲ နှင့် ပစ်ရကြမည်။ အမျိုးသား ချင်းဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ၊ နာမ တော်ကို ပြစ်မှား လျှင် အသေ သတ်ခြင်းကိုခံရမည်။
17 He also that killeth any man, he shall be put to death.
၁၇လူ အသက် ကိုသတ် သောသူ သည်လည်း အသေ သတ်ခြင်းကို အမှန်ခံရမည်။
18 And he that killeth a beast, he shall restore it, beast for beast.
၁၈တိရစ္ဆာန် အသက် ကိုသတ် သောသူသည်လည်း ဥစ္စာရှင်အား တကောင် အတွက် တကောင် ကို လျော် ရမည်။
19 Also if a man cause any blemish in his neighbour: as he hath done, so shall it be done to him.
၁၉လူ သည် အိမ်နီးချင်း ကို နာ အောင်ပြု လျှင် ၊ သူ့ ကို ပြု သည်အတိုင်း ကိုယ်ခံရ မည်။
20 Breache for breach, eye for eye, tooth for tooth: such a blemish as he hath made in any, such shalbe repayed to him.
၂၀အရိုးကို ချိုး သည်အတွက် အရိုးချိုး ခြင်းကို၎င်း၊ မျက်စိ ကိုဖျက်သည့်အတွက် ၊ မျက်စိ ဖျက်ခြင်းကို၎င်း၊ သွား ကိုချိုးသည်အတွက် ၊ သွား ချိုးခြင်းကို၎င်း၊ သူ့ကို နာကျင် စွာပြု သည်အတိုင်း ၊ ကိုယ်တိုင် နာကျင် စွာ ခံရမည်။
21 And he that killeth a beast shall restore it: but he that killeth a man shall be slaine.
၂၁တိရစ္ဆာန် အသက်ကိုသတ် သောသူသည်၊ တကောင်အတွက် တကောင်ကို ပြန်ပေး ရမည်။ လူ အသက် ကိုသတ် သောသူသည် အသေ သတ်ခြင်းကိုခံရမည်။
22 Ye shall haue one lawe: it shalbe aswel for the stranger as for one borne in the countrey: for I am the Lord your God.
၂၂ကိုယ်အမျိုးသား ဖြစ်စေ၊ သူတပါး အမျိုးသားဖြစ်စေ၊ တပါး တည်းသောတရား နှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မောရှေ အား မိန့် တော်မူ၏။
23 Then Moses tolde the children of Israel, and they brought the blasphemer out of the hoste, and stoned him with stones: so the children of Israel did as the Lord had commanded Moses.
၂၃ဣသရေလ အမျိုးသား တို့သည်၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍၊ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည် အတိုင်း သူတို့သည် ပြု ကြ၏။

< Leviticus 24 >