< John 3 >

1 There was nowe a man of the Pharises, named Nicodemus, a ruler of the Iewes.
ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​သူ​နိ​ကော​ဒင်​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တစ်​ယောက်​ရှိ​၏။-
2 This man came to Iesus by night, and sayd vnto him, Rabbi, we knowe ye thou art a teacher come from God: for no man could do these miracles that thou doest, except God were with him.
သူ​သည်​ညဥ့်​အ​ခါ​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``အ​ရှင်​ဘု​ရား၊ ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော် မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​ရှင်​ပြ​တော်​မူ​သော အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​မည် မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​သည်​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏'' ဟု​လျှောက်​၏။
3 Iesus answered, and said vnto him, Verely, verely I say vnto thee, except a man be borne againe, he can not see the kingdome of God.
သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်'' ဟု မိန့်​တော်​မူ​၏။
4 Nicodemus sayde vnto him, Howe can a man be borne which is olde? can he enter into his mothers wombe againe, and be borne?
နိ​ကော​ဒင်​က ``အ​သက်​ကြီး​သော​သူ​သည် အ​ဘယ်​သို့​လျှင် တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ ပါ​မည်​နည်း။ အ​မိ​ဝမ်း​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ဒု​တိ​ယ​အ​ကြိမ်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ပါ မည်​လော'' ဟု​လျှောက်​၏။
5 Iesus answered, Verely, verely I say vnto thee, except that a man be borne of water and of the Spirite, hee can not enter into the kingdome of God.
သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။-
6 That which is borne of the flesh, is flesh: and that that is borne of the Spirit, is spirit.
အ​သွေး​အ​သား​အား​ဖြင့်​မွေး​ဖွား​သူ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သူ​သည်​ဝိ​ညာဉ်​ဖြစ်​၏။-
7 Marueile not that I said to thee, Yee must be borne againe.
တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။-
8 The winde bloweth where it listeth, and thou hearest the sound thereof, but canst not tell whence it commeth, and whither it goeth: so is euery man that is borne of the Spirit.
လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
9 Nicodemus answered, and said vnto him, Howe can these things be?
နိ​ကော​ဒင်​က ``ဤ​အ​မှု​အ​ရာ​သည်​အ​ဘယ် သို့​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​၏။
10 Iesus answered, and saide vnto him, Art thou a teacher of Israel, and knowest not these things?
၁၀သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။-
11 Verely, verely I say vnto thee, wee speake that we know, and testifie that we haue seene: but yee receiue not our witnesse.
၁၁အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား ငါ​တို့ သည်​မိ​မိ​တို့​သိ​သည့်​အ​ရာ​ကို​ပြော​ကြ​၏။ မြင် သည့်​အ​ရာ​ကို​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​သင်​တို့​လက် မ​ခံ​ကြ။-
12 If when I tel you earthly things, ye beleeue not, howe should yee beleeue, if I shall tel you of heauenly things?
၁၂လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ငါ​ဖော်​ပြ သော​အ​ခါ​၌​သင်​တို့​မ​ယုံ​ကြ​လျှင် ကောင်း​ကင် ဘုံ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ဖော်​ပြ​သော အ​ခါ​၌ အ​ဘယ်​သို့​လျှင်​သင်​တို့​ယုံ​ကြည် ကြ​မည်​နည်း။-
13 For no man ascendeth vp to heauen, but he that hath descended from heauen, that Sonne of man which is in heauen.
၁၃ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သော​လူ​သား မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ကောင်း​ကင်​ဘုံ​သို့ မ​ရောက်​ဖူး​ကြ'' ဟု​မိန့်​တော်​မူ​၏။
14 And as Moses lift vp the serpent in the wildernesse, so must that Sonne of man be lift vp,
၁၄
15 That whosoeuer beleeueth in him, shoulde not perish, but haue eternall life. (aiōnios g166)
၁၅မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။- (aiōnios g166)
16 For God so loued the worlde, that hee hath giuen his onely begotten Sonne, that whosoeuer beleeueth in him, should not perish, but haue euerlasting life. (aiōnios g166)
၁၆ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။- (aiōnios g166)
17 For God sent not his Sonne into the world, that he should condemne the world, but that the world through him might be saued.
၁၇သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။
18 Hee that beleeueth in him, is not condemned: but hee that beleeueth not, is condemned already, because he hath not beleeued in the Name of that onely begotten Sonne of God.
၁၈သား​တော်​ကို​ယုံ​ကြည်​သူ​သည်​အ​ပြစ်​စီ​ရင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော် ကို​မ​ယုံ​ကြည်​သည့်​အ​တွက် ယ​ခု​ပင်​အ​ပြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​၏။-
19 And this is the condemnation, that that light came into the worlde, and men loued darknesse rather then that light, because their deedes were euill.
၁၉အ​ပြစ်​စီ​ရင်​ခြင်း​၏​သ​ဘော​တ​ရား​ကား ဤ​သို့​တည်း။ အ​လင်း​တော်​သည်​ဤ​လော​က သို့​ရောက်​ရှိ​လာ​၏။ သို့​ရာ​တွင်​လူ​တို့​သည် ဆိုး​ယုတ်​သူ​များ​ဖြစ်​သည်​အား​လျော်​စွာ အ​လင်း​တော်​ထက်​အ​မှောင်​ကို​နှစ်​သက် ကြ​၏။-
20 For euery man that euill doeth, hateth the light, neither commeth to light, least his deedes should be reprooued.
၂၀ဆိုး​ယုတ်​သူ​တိုင်း​အ​လင်း​ကို​မုန်း​၏။ မိ​မိ​၏ အ​ကျင့်​ဆိုး​ပေါ်​သွား​မည်​ကို​စိုး​၍​အ​လင်း အ​နီး​သို့​မ​ကပ်​ဝံ့။-
21 But he that doeth trueth, commeth to the light, that his deedes might bee made manifest, that they are wrought according to God.
၂၁သို့​ရာ​တွင်​သစ္စာ​တ​ရား​ကို​ကျင့်​သော​သူ​များ ကား မိ​မိ​ပြု​လေ​သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ဖြစ် ကြောင်း​ကို သိ​သာ​ထင်​ရှား​စေ​ရန်​အ​လင်း သို့​ချဉ်း​ကပ်​လာ​တတ်​သည်။
22 After these things, came Iesus and his disciples into the lande of Iudea, and there taried with them, and baptized.
၂၂ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ နှင့်​အ​တူ ယု​ဒ​ကျေး​လက်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ရပ်​တွင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​နေ တော်​မူ​လျက်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​၏။-
23 And Iohn also baptized in Enon besides Salim, because there was much water there: and they came, and were baptized.
၂၃ရှာ​လိမ်​မြို့​အ​နီး​အဲနုန်​အ​ရပ်​တွင်​ရေ​များ​စွာ ရှိ​သ​ဖြင့်​ယော​ဟန်​သည်​လည်း ဗတ္တိ​ဇံ​မင်္ဂ​လာ ပေး​လျက်​နေ​၏။ လူ​တို့​သည်​ယော​ဟန်​ထံ သို့​လာ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​၏။-
24 For Iohn was not yet cast into prison.
၂၄(ထို​အ​ခါ​က​ယော​ဟန်​ထောင်​မ​ကျ​သေး​ချေ။)
25 Then there arose a question betweene Iohns disciples and the Iewes, about purifying.
၂၅ယော​ဟန်​၏​တ​ပည့်​အ​ချို့​တို့​သည်​သန့်​ရှင်း ခြင်း​မင်္ဂ​လာ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယု​ဒ အ​မျိုး​သား​တစ်​ယောက်​နှင့်​အ​ငြင်း​ပွား ကြ​၏။-
26 And they came vnto Iohn, and saide vnto him, Rabbi, he that was with thee beyond Iorden, to whom thou barest witnesse, behold, he baptizeth, and all men come to him.
၂၆သို့​ဖြစ်​၍​သူ​တို့​သည်​ယော​ဟန်​ထံ​သို့​လာ​ပြီး လျှင် ``ဆ​ရာ​တော်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း တွင်​ဆ​ရာ​တော်​၏​ထံ​သို့ လာ​ရောက်​ခဲ့​ဖူး​သူ လူ​တစ်​ယောက်​ကို​သ​တိ​ရ​ပါ​သ​လော။ သူ​၏ အ​ကြောင်း​ကို​ဆ​ရာ​တော်​သက်​သေ​ခံ​ခဲ့​ဖူး ပါ​၏။ ယ​ခု​သူ​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး လျက်​နေ​ပါ​သည်။ လူ​အ​ပေါင်း​တို့​သည်​လည်း သူ့​ထံ​သို့​လာ​လျက်​နေ​ကြ​ပါ​၏'' ဟု​လျှောက် ၏။
27 Iohn answered, and saide, A man can receiue nothing, except it be giuen him from heauen.
၂၇ယော​ဟန်​က ``ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မ​မူ လျှင် လူ​သည်​အ​ဘယ်​အ​လုပ်​တာ​ဝန်​ကို​မျှ မ​ခံ​မ​ယူ​နိုင်။-
28 Yee your selues are my witnesses, that I sayde, I am not that Christ, but that I am sent before him.
၂၈ငါ​သည်​မေ​ရှိ​ယ​မ​ဟုတ်။ ထို​အ​ရှင်​၏​ရှေ့​တော် ပြေး​မျှ​သာ​ဖြစ်​၏။ ယင်း​သို့​ဖြစ်​ကြောင်း​သင် တို့​အား ငါ​ပြော​ကြား​ခဲ့​သည်​ကို​သင်​တို့ ကိုယ်​တိုင်​ပင်​သက်​သေ​ဖြစ်​ကြ​၏။-
29 He that hath the bride, is the bridegrome: but the friend of the bridegrome which standeth and heareth him, reioyceth greatly, because of the bridegromes voyce. This my ioy therefore is fulfilled.
၂၉မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။-
30 He must increase, but I must decrease.
၃၀ထို​အ​ရှင်​သည်​တိုး​တက်​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်'' ဟု​ဆို​၏။
31 Hee that is come from an hie, is aboue all: he that is of the earth, is of the earth, and speaketh of the earth: hee that is come from heauen, is aboue all.
၃၁ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် သည်​အ​လုံး​စုံ​တို့​ထက်​ကြီး​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​မှ​ပေါက်​ဖွား​သူ​သည်​ကမ္ဘာ​မြေ ကြီး​သား​ဖြစ်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော အ​ကြောင်း​အ​ရာ​များ​ကို​ပြော​တတ်​၏။-
32 And what hee hath seene and heard, that he testifieth: but no man receiueth his testimonie.
၃၂ထို​အ​ရှင်​သည်​မိ​မိ​မြင်​ခဲ့​ကြား​ခဲ့​ရ​သော အ​ရာ​များ​အ​ကြောင်း​ကို​ဟော​ပြော​တော်​မူ သော်​လည်း ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို အ​ဘယ်​သူ​မျှ​လက်​မ​ခံ​ကြ။-
33 He that hath receiued his testimonie, hath sealed that God is true.
၃၃ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို​လက်​ခံ​သော သူ​မူ​ကား​ယင်း​သို့​လက်​ခံ​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​သည်​သစ္စာ​တော်​ရှင်​ဖြစ်​ကြောင်း​ကို သက်​သေ​ခံ​သူ​ဖြစ်​၏။-
34 For hee whome God hath sent, speaketh the woordes of God: for God giueth him not the Spirit by measure.
၃၄ဘု​ရား​သခင်​သည်​မိ​မိ​စေ​လွှတ်​တော်​မူ​သော​သူ အား​ဝိ​ညာဉ်​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး​တော် မူ​သည်​ဖြစ်​၍ ထို​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဖော်​ပြ​တတ်​၏။-
35 The Father loueth the Sonne, and hath giuen all things into his hande.
၃၅ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-
36 Hee that beleeueth in the Sonne, hath euerlasting life, and hee that obeyeth not the Sonne, shall not see life, but the wrath of God abideth on him. (aiōnios g166)
၃၆သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။ (aiōnios g166)

< John 3 >