< Hebrews 4 >

1 Let vs feare therefore, least at any time by forsaking the promise of entring into his rest, any of you should seeme to be depriued.
ထို့ကြောင့် ၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ရသောအခွင့်ကို ပေးသော ဂတိ တော်သည် ငါတို့၌ရှိ ရစ် လျက်နှင့်၊ သင် တို့တွင် အချို့ တို့သည် မ မှီဘဲနေမည်ကို စိုးရိမ် ကြကုန်အံ့
2 For vnto vs was the Gospel preached as also vnto them: but the worde that they heard, profited not them, because it was not mixed with faith in those that heard it.
ငါတို့သည် ဝမ်းမြောက်စရာသိတင်း ကို ထိုသူ တို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူ တို့ကြား ရသော တရား စကားသည်၊ ကြား ရသောသူ တို့အထဲ၌ ယုံကြည် ခြင်းနှင့် မ ရောနှော သောကြောင့် အကျိုး ကိုမ ပေး
3 For we which haue beleeued, doe enter into rest, as he said to the other, As I haue sworne in my wrath, If they shall enter into my rest: although the workes were finished from the foundation of the world.
ငါတို့မူကား ၊ ယုံကြည် သောသူ ဖြစ်၍ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ကြရ၏။ ထိုသို့နှင့်အညီဗျာဒိတ် တော်ကား၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါ ကျိန်ဆို သည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာ ဦး ကပင် အမှုအရာ တို့ကို ပြီးစီး ၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း
4 For he spake in a certaine place of the seuenth day on this wise, And God did rest the seuenth day from all his workes.
ခုနစ် ရက်မြောက်သောနေ့ကို အကြောင်း ပြု၍ ကျမ်းစာတ ချက်၌ လာသည်ကား၊ ဘုရားသခင် သည် မိမိ အမှုအရာ အလုံးစုံ တို့ကို ပြီးစီး၍ ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏ဟု လာ သတည်း
5 And in this place againe, If they shall enter into my rest.
ထို ကျမ်းစာ၌ တဖန် လာသည်ကား၊ သူတို့သည် ငါ ၏ ချမ်းသာ ထဲသို့ မ ဝင်ရ ကြဟုလာသတည်း
6 Seeing therefore it remaineth that some must enter thereinto, and they to whom it was first preached, entred not therein for vnbeliefes sake:
ထိုကြောင့် ၊ အချို့ တို့သည် ဝင် ရကြ၏။ ဝမ်းမြောက် စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူ တို့ သည် မယုံကြည် သောကြောင့် မ ဝင် ရကြပြီ
7 Againe he appointed in Dauid a certaine day, by To day, after so long a time, saying, as it is sayd, This day, if ye heare his voyce, harden not your hearts.
တဖန်တုံ ၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ် နှလုံး မ ရှိကြနှင့်ဟုဆို သည်ဖြစ်၍ ၊ ဤမျှလောက် ကာလ ကြာပြီးမှ ၊ ယနေ့ ဟု ဒါဝိဒ် ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခု သော နေ့ရက် ကို သေချာစွာမှတ်သား သတည်း
8 For if Iesus had giuen them rest, then would he not after this haue spoke of an other day.
ယောရှု သည် ထိုသူ တို့ကို ချမ်းသာ ပေးသည် မှန် လျှင် ၊ ထိုနောက် အခြား သောနေ့ရက် ကို အဘယ် ဆို ဘွယ်ရှိသနည်း
9 There remaineth therefore a rest to the people of God.
ထိုကြောင့် ၊ ဘုရားသခင် ၏လူ တို့အဘို့အလိုငှာ ငြိမ်ဝပ် ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ် သေး၏
10 For he that is entred into his rest, hath also ceased from his owne works, as God did from his.
၁၀ဘုရားသခင် သည် မိမိ အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာ ထဲသို့ ဝင် ရသောသူ သည်လည်း မိမိ အမှုအရာ တို့ကို ပြီးစီး၍ ငြိမ်ဝပ် စွာနေရ၏
11 Let vs studie therefore to enter into that rest, lest any man fall after the same ensample of disobedience.
၁၁ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည် သော စိတ်ရှိသဖြင့် လဲ သကဲ့သို့ ငါတို့သည်မ လဲ၊ ထို ချမ်းသာ ထဲသို့ ဝင် ရမည် အကြောင်း ကြိုးစား အားထုတ်ကြကုန်အံ့
12 For the worde of God is liuely, and mightie in operation, and sharper then any two edged sword, and entreth through, euen vnto the diuiding asunder of the soule and the spirit, and of the ioints, and the marow, and is a discerner of the thoughtes, and the intents of the heart.
၁၂ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏
13 Neither is there any creature, which is not manifest in his sight: but all things are naked and open vnto his eyes, with whome we haue to doe.
၁၃ငါ တို့ကိုစစ်ကြော စီရင်တော်မူသော သူ ရှေ့ ၌ မ ထင်ရှားသော အရာ တစ်စုံတစ်ခု မျှမရှိ ၊ ခပ်သိမ်း သော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက် တော်၌ လှန် ထားလျက် ရှိကြ၏
14 Seeing then that wee haue a great hie Priest, which is entred into heauen, euen Iesus the Sonne of God, let vs holde fast our profession.
၁၄ယခုမူကား၊ ကောင်းကင် ဘုံထဲသို့ကြွဝင် တော်မူသော ယဇ်ပုရောဟိတ် မင်းအကြီး တည်းဟူသောဘုရားသခင် ၏ သား တော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ် တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံ ခဲ့ပြီးသောအရာ၌ တည်ကြည် ကြကုန်အံ့
15 For we haue not an hie Priest, which can not be touched with the feeling of our infirmities, but was in all things tempted in like sort, yet without sinne.
၁၅ငါ တို့ယဇ်ပုရောဟိတ် မင်းသည် ငါတို့ခံရ သော ဆင်းရဲ ဒုက္ခများကြောင့် မ ကြင်နာ နိုင် သောသူမ ဟုတ်။ ငါတို့ခံရသည်နည်းတူ ၊ အမျိုးမျိုး သော စုံစမ်း နှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ၊ ဒုစရိုက် အပြစ်နှင့် ကင်းလွတ် တော်မူ၏
16 Let vs therefore goe boldly vnto ye throne of grace, that we may receiue mercy, and finde grace to helpe in time of neede.
၁၆ထို့ကြောင့် ၊ ငါတို့သည် သနား ခြင်းကရုဏာကို၎င်း ၊ တော်လျော် သောမစ ခြင်း ကျေးဇူး တော်ကို၎င်း ခံရ မည်အကြောင်း ၊ ရဲရင့် သောစိတ်နှင့် ကျေးဇူး ပလ္လင် တော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။

< Hebrews 4 >