< 1 Samuel 23 >

1 One day David heard the news, “The Philistines are attacking Keilah and stealing the grain from the threshing floors.”
ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ
2 So he asked advice from the Lord, “Should I go and attack these Philistines?” The Lord told David, “Go and attack the Philistines and save Keilah.”
အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ ကိလမြို့ကို ကယ်တင် လော့ဟု ဒါဝိဒ်အား မိန့်တော်မူ၏။
3 But David's men told him, “Even here in Judah we feel afraid. If we went to Keilah to fight the Philistine armies we'd be absolutely terrified!”
ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါသာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။
4 So David asked advice from the Lord again, and the Lord told him, “Go immediately to Keilah, for I will give you victory over the Philistines.”
တဖန်ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
5 Then David and his men went to Keilah and fought the Philistines. They slaughtered them and drove off their livestock. By doing this David saved the people of Keilah.
ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကို ယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။
6 (When Abiathar, son of Ahimelech, ran away to David at Keilah he brought the ephod with him.)
အဟိမလက်၏သား အဗျာသာသည်၊ ဒါဝိဒ်ရှိရာ ကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော် ပါလျက်ရောက်လာသတည်း။
7 When Saul found out that David had gone to Keilah, he said, “God has handed him over to me, because he has locked himself inside a town with gates that can be barred shut.”
ဒါဝိဒ်သည် ကိလမြို့သို့ ရောက်ကြောင်းကို ရှောလုကြားလျှင်၊ ဘုရားသခင်သည် သူ့ကို ငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊
8 So Saul called up his whole army to go and attack Keilah and to besiege David and his men.
ကိလမြို့သို့ စစ်ချီ၍ ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်းထားခြင်းငှါ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
9 When David learned that Saul was plotting to attack him, he asked Abiathar the priest, “Please bring the ephod.”
ရှောလုသည် မကောင်းသော အကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည် သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါဟု ဆို၏။
10 David prayed, “Lord, God of Israel, I your servant have been clearly told that Saul plans to come to Keilah and destroy the town because of me.
၁၀ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့ လာ၍ ကိုယ်တော်ကျွန်အတွက် ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။
11 Are the town leaders of Keilah going to hand me over to him? Is Saul going to come, as I have heard? Lord, God of Israel, please tell me.” “Yes, he'll come,” the Lord replied.
၁၁ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌ အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်း တောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။
12 “And will the town leaders of Keilah hand me and my men over to Saul?” David asked. “Yes, they will,” the Lord replied.
၁၂တဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။
13 So David and his men, who numbered around six hundred, left Keilah and moved around from place to place. When Saul discovered that David had escaped from Keilah, he didn't bother going there.
၁၃ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့် ရှိသော မိမိလူတို့နှင့် ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင် ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲ နေ၏။
14 David set up camp in the wilderness strongholds, staying in the mountains of the Desert of Ziph. Saul searched for him continually, but God did not let David be captured.
၁၄ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ။
15 While David was staying at Horesh in the Desert of Ziph, he found out that Saul was on his way to murder him.
၁၅တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊
16 Saul's son Jonathan went to see David in Horesh and encouraged him to go on trusting in God, telling him,
၁၆ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်၊
17 “Don't worry, because my father Saul is never going to find you. You're going to be king of Israel, and I'll be your deputy. Even my father Saul knows this.”
၁၇မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏ လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊
18 The two of them made an agreement before the Lord. David stayed in Horesh and Jonathan went home.
၁၈ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။
19 Then the people of Ziph went to Saul at Gibeah and told him, “David is hiding in our area, in the strongholds in Horesh, on the hill of Hachilah, in the southern wastelands.
၁၉တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ၊ ဟခိလတောကြို တောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊
20 So, Your Majesty, please come whenever you want, and we'll make sure to hand him over to you.”
၂၀အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊
21 “The Lord bless you for thinking about me,” Saul replied.
၂၁ရှောလုက၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါစေသော။ သင်တို့သည် ငါ့ကိုသနားကြပြီ။
22 “Please go and make absolutely sure you know exactly where he is—where he stays and who has seen him there—because people tell me that he's very devious.
၂၂ယခုသွား၍ ပြင်ဆင်ကြလော့။ သူ ပုန်းရှောင်၍ နေရာကို၎င်း၊ အဘယ်သူ မြင်ပြီးသည်ကို၎င်း၊ စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။
23 Look for and mark down all his hiding places. Then come back to me when you're sure, and I'll go back with you. If he's here in the country, I will hunt him down among all the people of Judah.”
၂၃ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
24 So the people of Ziph set off, returning to Ziph ahead of Saul. David and his men were in the Desert of Maon in the Arabah Valley in the southern wastelands.
၂၄သူတို့သည် ထ၍ ရှောလုအရင် ဇိဖတောသို့သွားကြ၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည် မောနတော၊ ယေရှိမုန်မြို့ တောင်ဘက်လွင်ပြင်၌ ရှိကြ၏။
25 Saul and his men started hunting for him. When David found out, he went down to the rock, and stayed in the Desert of Maon. When Saul heard this, he chased after David in the Desert of Maon.
၂၅ရှောလုသည်လည်း လူများနှင့်တကွ လာ၍ ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှ ထွက်သွား၍ မောနတော၌ နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကို လိုက်၍ ရှာ၏။
26 Saul was traveling along one side of the mountain, while David and his men were on the other side, rushing to get away. But just as Saul and his men were closing in on David and his men, about to capture them,
၂၆ရှောလုသည် တောင်တဘက်၌၎င်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်၌၎င်း၊ သွားကြ၍ ရှောလုကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်း၍ ဘမ်းမိလုကြပြီ။
27 a messenger arrived to tell Saul, “Come at once! The Philistines have invaded the country!”
၂၇ထိုအခါ တမန်ရောက်လာ၍၊ အလျင်အမြန် ကြွလာတော်မူပါ။ ဖိလိတ္တိလူတို့သည် ပြည်တော်ကို တိုက်လာကြပါပြီဟု ရှောလုအား ကြားလျှောက်သောကြောင့်၊
28 So Saul had to stop chasing David and went to confront the Philistines. That's why the place is called the “Rock of Escape.”
၂၈ရှောလုသည် ဒါဝိဒ်ကို လိုက်ရှာရာမှ ပြန်၍ ဖိလိတ္တိလူတို့ရှိရာသို့ ချီသွားလေ၏။ သို့ဖြစ်၍ ထိုအရပ်ကို သေလဟမ္မလေကုပ်အမည်ဖြင့် သမုတ်သတည်း။
29 Then David left and went to live in the strongholds of En-gedi.
၂၉ဒါဝိဒ်သည် ထိုအရပ်မှ သွား၍ အင်္ဂေဒိမြို့နယ်၊ ခိုင်ခံ့သော အရပ်တို့၌ နေလေ၏။

< 1 Samuel 23 >