< Hosea 9 >

1 Rejoice not, O Israel: rejoice not as the nations do: for thou hast committed fornication against thy God, thou hast loved a reward upon every cornfloor.
အိုဣသရေလ အမျိုး၊ တပါး အမျိုးသားကဲ့သို့ ဝမ်းမြောက် ရွှင်မြူး သောစိတ် ရှိ၍မ ခုန်နှင့်။ ကိုယ် ဘုရား သခင် ၌ မ ဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်း ရှိသမျှ တို့၌ မှားယွင်း ခကို နှစ်သက် တတ်၏။
2 The floor and the winepress shall not feed them, and the wine shall deceive them.
ကောက်နယ် တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီး နယ်ရာ ကျင်းအားဖြင့်လည်း အသက် မ မွေးရ။ စပျစ်ရည် သစ်လည်း သူ တို့ မြော်လင့်သည်အတိုင်း မထွက် ရ။
3 They shall not dwell in the Lord’s land: Ephraim is returned to Egypt, and hath eaten unclean things among the Assyrians.
ဧဖရိမ် အမျိုးတို့သည် ထာဝရဘုရား ၏ မြေ တော်၌ မ နေ ရဘဲ အဲဂုတ္တု ပြည်သို့ ပြန် သွား၍ ၊ အာရှုရိ ပြည်၌ မ စင်ကြယ်သောအစာကို စား ရကြမည်။
4 They shall not offer wine to the Lord, neither shall they please him: their sacrifices shall be like the bread of mourners: all that shall eat it shall be defiled: for their bread is life for their soul, it shall not enter into the house of the Lord.
စပျစ်ရည် သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား မ ပြုရကြ။ ပူဇော်သော ယဇ် တို့ကို နှစ်သက် တော်မ မူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသောသူတို့ ၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်း တို့သည် ညစ်ညူး ခြင်းသို့ ရောက်ကြ လိမ့်မည်။ သူ တို့အစာ ကို ကိုယ်တိုင် စားကြစေ။ ထာဝရဘုရား ၏အိမ် တော်ထဲသို့ မ သွင်း စေနှင့်။
5 What will you do in the solemn day, in the day of the feast of the Lord?
ဓမ္မ ပွဲနေ့ ၊ ထာဝရဘုရား အဘို့ဆောင်သော ပွဲ နေ့ တို့၌ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။
6 For behold they are gone because of destruction: Egypt shall gather them together, Memphis shall bury them: nettles shall inherit their beloved silver, the bur shall be in their tabernacles.
ပျက်စီး ရာထဲက သူတို့သည် ထွက်သွား ကြပြီ။ အဲဂုတ္တု ပြည်၌စု ၍ မင်ဖိ မြို့၌ သင်္ဂြိုဟ် ကြလိမ့်မည်။ ငွေ တန်ဆာ ဆင်သော နေရာဘုံ ဗိမာန်များကို ဆူး အမျိုးမျိုးတို့သည် လွှမ်းမိုး ကြလိမ့်မည်။
7 The days of visitation are come, the days of repaying are come: know ye, O Israel, that the prophet was foolish, the spiritual man was mad, for the multitude of thy iniquity, and the multitude of thy madness.
စစ်ကြော ရသော အချိန် ရောက် လေပြီ။ အပြစ် ပေးရသောအချိန် ရောက် လေပြီ။ ဣသရေလ အမျိုး သိ ရလိမ့်မည်။ ပရောဖက် သည် အမိုက် ဖြစ်၏။ ဝိညာဉ် ဆု ကျေးဇူးကိုခံ သောသူ သည် အရူး ဖြစ်၏။ သင် ၌ အပြစ် ကြီး သည်အတိုင်း ကြီးစွာ သော ဖျက်ဆီး ခြင်းကို ခံရ၏။
8 The watchman of Ephraim was with my God: the prophet is become a snare of ruin upon all his ways, madness is in the house of his God.
ဧဖရိမ် ကင်း စောင့်သည် မိမိ ဘုရား ဘက် မှာ နေ၏။ ပရောဖက် သည် ပြု လေသမျှတို့၌ မုဆိုး ကျော့ကွင်း ဖြစ်၏။ သူ ၏ဘုရား အိမ် တွင် ဘေး ပြုသောသူဖြစ် ၏။
9 They have sinned deeply, as in the days of Gabaa: he will remember their iniquity, and will visit their sin.
ဂိဗာ မြို့ လက်ထက် ကဲ့သို့ သူတို့သည် ကိုယ်ကိုအလွန် ညစ်ညူး စေကြပြီ။ သူ တို့အပြစ် ကို အောက်မေ့ ၍ ဒုစရိုက် များကို စစ်ကြော တော်မူမည်။
10 I found Israel like grapes in the desert, I saw their fathers like the firstfruits of the fig tree in the top thereof: but they went in to Beelphegor, and alienated themselves to that confusion, and became abominable, as those things were, which they loved.
၁၀တော ၌ စပျစ်သီး ကဲ့သို့ ဣသရေလ အမျိုးကို ငါ တွေ့ ၏။ သီး စသော သင်္ဘော သဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့သင် တို့ဘိုးဘေး များကို ငါမြင် ၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့သွား ၍ ၊ ထိုရှက်ဘွယ် သော အရာအဘို့ ကိုယ်ကိုအပ်နှံ သဖြင့် တပ်မက် သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြု ကြ၏။
11 As for Ephraim, their glory hath flown away like a bird from the birth, and from the womb, and from the conception.
၁၁ဧဖရိမ် ၏ဘုန်း သည် ငှက် ကဲ့သို့ ပျံ သွားလိမ့်မည်။ သားဘွား ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ပဋိသန္ဓေ ယူခြင်း မရှိရ။
12 And though they should bring up their children, I will make them without children among men: yea, and woe to them, when I shall depart from them.
၁၂သားသမီး တို့ကို ကျွေးမွေး သော်လည်း ၊ တယောက် ကိုမျှ မကျန်စေခြင်းငှါငါလု ယူမည်။ အကယ်၍ သူ တို့ကို ငါ စွန့်ပစ် သောအခါ အမင်္ဂလာ ရှိကြလိမ့်မည်။
13 Ephraim, as I saw, was a Tyre founded in beauty: and Ephraim shall bring out his children to the murderer.
၁၃ဧဖရိမ် သည် တုရု မြို့ကဲ့သို့ ငြိမ်ဝပ် ရာအရပ်၌ တည် ဟန်ရှိသော်လည်း ၊ မိမိ သား သမီးတို့ကို လူသတ် လက် သို့ အပ် ရလိမ့်မည်။
14 Give them, O Lord. What wilt thou give them? Give them a womb without children, and dry breasts.
၁၄အိုထာဝရဘုရား ၊ ပေး သနားတော်မူပါ။ အဘယ် သို့ ပေး တော်မူရမည်နည်း။ ကိုယ်ဝန် မဆောင်သော ဝမ်း ၊ နို့ မထွက်သော သားမြတ် ကိုပေး တော်မူပါ။
15 All their wickedness is in Galgal, for there I hated them: for the wickedness of their devices I will cast them forth out of my house: I will love them no more, all their princes are revolters.
၁၅ဂိလဂါလ မြို့၌ သူ တို့ပြုသမျှ သော ဒုစရိုက် ရှိ၍၊ ထို အရပ်၌ သူ တို့ကို ငါမုန်း ၏။ သူ တို့ ဒုစရိုက် အပြစ် ကြောင့် ငါ့ အိမ် မှ ငါနှင်ထုတ် မည်။ နောက် တဖန် သူ တို့ကို မ ချစ် ။ သူ တို့ မင်း အပေါင်း တို့သည် ပုန်ကန် တတ်သောသူဖြစ် ကြ၏။
16 Ephraim is struck, their root is dried up, they shall yield no fruit. And if they should have issue, I will slay the best beloved fruit of their womb.
၁၆ဧဖရိမ် သည် အထိ အခိုက်ခံရသောကြောင့်၊ အမြစ် သွေ့ခြောက် လျက်ရှိ၍ အသီး ကို မ သီး နိုင်ရာ။ သားဘွား သော်လည်း ၊ အချစ် ဆုံးသော သားတို့ကို ငါသတ် မည်။
17 My God will cast them away, because they hearkened not to him: and they shall be wanderers among the nations.
၁၇ငါ့ ဘုရား သခင်၏ စကားတော်ကို နား မ ထောင်သောကြောင့် စွန့်ပစ် တော်မူ၍ ၊ သူတို့သည် တပါးအမျိုးသား တို့တွင် အရပ်ရပ်သို့ လှည့်လည် ရ ကြမည်။

< Hosea 9 >