< Psalms 50 >

1 A Psalm. Of Asaph. God, Elohim-Jehovah, hath spoken, and called the earth from the rising of the sun unto the going down thereof.
တန်ခိုးကြီး သော ဘုရားသခင် တည်းဟူသောထာဝရဘုရား သည် ဗျာဒိတ် ပေးတော်မူ၏။ နေ ထွက် ရာမှ သည် နေဝင် ရာတိုင်အောင် မြေကြီး ကိုခေါ် တော်မူ၏။
2 Out of Zion, the perfection of beauty, God hath shined forth.
အသရေ တင့်တယ်ခြင်းပြည့်စုံ ရာ ဇိအုန် တောင် ပေါ် မှာ ဘုရား သခင်၏ရောင်ခြည် တော်သည် ထွန်းပ၏။
3 Our God will come, and will not keep silence: fire shall devour before him, and it shall be very tempestuous round about him.
ငါ တို့၏ ဘုရား သခင်ကြွလာ တော်မူ၏။ တိတ်ဆိတ် စွာ နေတော်မ မူ။ ရှေ့ တော်၌ မီး လောင် လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက် မုန်တိုင်းပြင်းပြ လျက်ရှိ၏။
4 He will call to the heavens from above, and to the earth, that he may judge his people:
မိမိ လူ တို့ကို စစ်ကြော စီရင်ခြင်းအလိုငှါ အထက် ကောင်းကင် ကို ၎င်း၊ မြေကြီး ကို ၎င်း ခေါ် တော်မူလျှက်၊
5 Gather unto me my godly ones, those that have made a covenant with me by sacrifice!
ယဇ် ပူဇော်သောအားဖြင့် ၊ ငါ နှင့်ပဋိညာဉ် ဖွဲ့ သော ငါ ၏သန့်ရှင်း သူတို့ကို ငါ့ ထံသို့ စုဝေး စေကြဟု မိန့်တော်မူ၏။
6 And the heavens shall declare his righteousness; for God executeth judgment himself. (Selah)
ဘုရား သခင်သည် ကိုယ်တော် တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ်၍ ၊ ဖြောင့်မတ် တော်မူခြင်း အကြောင်းကို ကောင်းကင် တို့သည် ထင်ရှားစွာ ပြ ကြ လိမ့်မည်။
7 Hear, my people, and I will speak; O Israel, and I will testify unto thee: I am God, thy God.
ငါ ၏လူ များတို့နားထောင် ကြ။ ငါပြော မည်။ အိုဣသရေလ အမျိုး၊ သင့် တဘက် ၌ငါသက်သေ ခံမည်။ ငါသည်ဘုရား သခင်ဖြစ်၏။ သင် ၏ဘုရား သခင်ဖြစ်၏။
8 I will not reprove thee for thy sacrifices, or thy burnt-offerings, continually before me;
မီးရှို့ သောယဇ်မှစ၍ ယဇ် ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင် ၌အပြစ် မ တင်။ ထိုယဇ်တို့သည် ငါ့ ရှေ့ မှာ အစဉ် ရှိကြ၏။
9 I will take no bullock out of thy house, [nor] he-goats out of thy folds:
သင့် အိမ် ထဲ က နွား ကို၎င်း၊ သင့် ခြံ ထဲ က ဆိတ် ထီးကို၎င်းငါမ ခံမယူ။
10 For every beast of the forest is mine, the cattle upon a thousand hills;
၁၀တော တိရစ္ဆာန် ရှိသမျှ တို့နှင့် တထောင် သော တောင် ပေါ် မှာရှိသော တိရစ္ဆာန် တို့သည် ငါ ၏ ဥစ္စာ ဖြစ်ကြ၏။
11 I know all the fowl of the mountains, and the roaming creatures of the field are mine:
၁၁တောင် ပေါ်မှာ နေတတ်သော ငှက် အပေါင်း တို့ကို ငါသိ ၏။ တော သားရဲ တို့သည် ငါ ၌ ရှိကြ၏။
12 If I were hungry, I would not tell thee; for the world is mine, and the fulness thereof.
၁၂ငါသည် ငတ်မွတ် လျှင် သင့် ကို မ ပြော။ လောက ဓါတ် နှင့် လောကဥစ္စာသည် ငါ ၏ ဥစ္စာဖြစ်၏။
13 Should I eat the flesh of bulls, and drink the blood of goats?
၁၃နွား သား ကိုငါစား မည်လော။ ဆိတ် သွေး ကို ငါသောက် မည်လော။
14 Offer unto God thanksgiving, and perform thy vows unto the Most High;
၁၄ကျေးဇူး ချီးမွမ်းခြင်း ယဇ်ကိုဘုရား သခင်အား ပူဇော် လော့။ သစ္စာ ဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေ လော့။
15 And call upon me in the day of trouble; I will deliver thee, and thou shalt glorify me.
၁၅အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
16 But unto the wicked God saith, What hast thou to do to declare my statutes, or that thou shouldest take my covenant into thy mouth,
၁၆မတရား သောသူကို ကား ၊ သင် သည် ငါ ၏အထုံးအဖွဲ့ တို့ကို ကြားပြော ၍ ငါ ၏ပဋိညာဉ် တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ ဆိုင်သနည်း။
17 Seeing thou hast hated correction and hast cast my words behind thee?
၁၇ဆုံးမ သွန်သင်ခြင်းကို သင် သည်မုန်း ၍ ငါ့ စကား ကို သင့် နောက် ၌ ပစ် ထားပါသည်တကား။
18 When thou sawest a thief, thou didst take pleasure in him, and thy portion was with adulterers;
၁၈သင်သည် သူခိုး ကိုမြင် လျှင် ၊ သူ နှင့် သဘော တူတတ်၏။ သူ့မယားကို ပြစ်မှား သောသူတို့ နှင့် ဆက်ဆံတတ်၏။
19 Thou lettest thy mouth loose to evil, and thy tongue frameth deceit;
၁၉သင် ၏နှုတ် ကို ဒုစရိုက် ၌ အပ်နှံ ၍ ၊ သင် ၏လျှာ ဖြင့် မုသာ ကို စီရင် တတ်၏။
20 Thou sittest [and] speakest against thy brother, thou revilest thine own mother's son:
၂၀သင်သည်ထိုင် လျက် ၊ ကိုယ် ညီအစ်ကို ကို ဆန့်ကျင် ဘက်ပြု၍ ပြော ဆိုတတ်၏။ ကိုယ် အမိ ၏သား ကို ဆဲရေး တတ်၏။
21 These [things] hast thou done, and I kept silence; thou thoughtest that I was altogether as thyself: [but] I will reprove thee, and set [them] in order before thine eyes.
၂၁ထို သို့ကျင့် ၍ ငါသည် တိတ်ဆိတ် စွာနေသောကြောင့်၊ ငါ့ ကို သင် နှင့်တူ သည်ဟု ထင် လေပြီတကား။ သင် ၏အပြစ် ကို ငါဘော်ပြ၍ ၊ သင့် မျက်မှောက် ၌ ခင်း ထားမည်။
22 Now consider this, ye that forget God, lest I tear in pieces, and there be no deliverer.
၂၂ဘုရား သခင်ကို မေ့လျော့ သောသူတို့၊ ဤ အမှုကို ဆင်ခြင် ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ် သော သူမ ရှိ။ ငါသည် အပိုင်းပိုင်းဆွဲ ဖြတ်မည်။
23 Whoso offereth praise glorifieth me; and to him that ordereth [his] way will I shew the salvation of God.
၂၃ကျေးဇူး ချီးမွမ်းခြင်းယဇ် ပူဇော်သောသူသည် ငါ ၏ဘုန်း ကို ထင်ရှားစေသောသူဖြစ်၏။ မိမိ သွားသော လမ်း ကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို ငါပြ မည်ဟု ဘုရား သခင်မိန့်တော်မူ၏။

< Psalms 50 >