< Job 20 >

1 And Zophar the Naamathite answered and said,
တဖန် နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
2 Therefore do my thoughts give me an answer, and for this is my haste within me.
ငါ ပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး၏။
3 I hear a reproof putting me to shame; and [my] spirit answereth me by mine understanding.
ငါသည်ကိုယ်ခံရသောကဲ့ရဲ့ ပြစ်တင်ခြင်း စကား ကိုကြား ၍၊ ငါ့ ဉာဏ် သဘောနှိုးဆော်သဖြင့် ငါ ပြန် ပြော ရ၏။
4 Knowest thou [not] this, that of old, since man was placed upon earth,
ရှေ့ဦးစွာသောကာလ၊ လူ ကို မြေကြီး ပေါ် မှာ နေရာချ စကာလမှစ၍၊
5 The exultation of the wicked is short, and the joy of the ungodly man but for a moment?
ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။
6 Though his height mount up to the heavens, and his head reach unto the clouds,
သူ ၏ ဘုန်း သည် မိုဃ်း ပေါ် သို့တက် ၍ ၊ သူ ၏ ခေါင်း သည် မိုဃ်းတိမ် တိုင်အောင် မှီ သော်လည်း၊
7 Like his own dung doth he perish for ever; they which have seen him shall say, Where is he?
မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။
8 He flieth away as a dream, and is not found; and is chased away as a vision of the night.
သူသည်အိပ်မက် ကဲ့သို့ လွင့် ပြား၍ နောက်တဖန် မ တွေ့ ရ။ ညဉ့် ရူပါရုံ ကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။
9 The eye which saw him shall [see him] not again; and his place beholdeth him no more.
သူ့ ကိုမြင် ဘူးသော မျက်စိ သည် နောက် တဖန် သူ့ကို မ ကြည့်မရှုရ။ သူ ၏နေရာ အရပ်သည် နောက် တဖန်သူ့ ကိုမ မြင် ရ။
10 His children shall seek the favour of the poor, and his hands restore his wealth.
၁၀သူ ၏သား တို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာ ကို ကိုယ် လက် နှင့် ပြန် ပေး ရကြ၏။
11 His bones were full of his youthful strength; but it shall lie down with him in the dust.
၁၁သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။
12 Though wickedness be sweet in his mouth [and] he hide it under his tongue,
၁၂သူသည်မိမိ ပစပ် ၌ ဒုစရိုက်ကိုချို နိုးထင်၍၊ မိမိ လျှာ အောက် မှာ ဝှက်ထား လျက်၊
13 [Though] he spare it, and forsake it not, but keep it within his mouth,
၁၃နှမြော သဖြင့် မ စွန့် ရက်ဘဲ၊ မိမိ ပစပ် ၌ ငုံ သော်လည်း ၊
14 His food is turned in his bowels; it is the gall of asps within him.
၁၄စားပြီးလျှင်သူ ၏ ဝမ်း ထဲမှာ သဘောပြောင်း ၍ မြွေဆိုး အဆိပ် အတောက်ဖြစ်လိမ့်မည်။
15 He hath swallowed down riches, but he shall vomit them up again: God shall cast them out of his belly.
၁၅သူမျို သောစည်းစိမ် ဥစ္စာကို တဖန်အန် ရ လိမ့်မည်။ ဘုရား သခင်လည်း သူ့ ကို ဝမ်း နှုတ် တော်မူမည်။
16 He shall suck the poison of asps; the viper's tongue shall kill him.
၁၆သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။
17 He shall not see streams, rivers, brooks of honey and butter.
၁၇အသွယ်သွယ်သောမြစ် ၊ နို့ နှင့် ပျားရည် စီးသော မြစ် တို့ကို မ မြင် ရ။
18 That which he laboured for shall he restore, and not swallow down; its restitution shall be according to the value, and he shall not rejoice [therein].
၁၈မိမိလုပ် ၍ရသောဥစ္စာကို မိမိမ သုံး ဘဲ ပြန် ပေး ရ၏။ ပြန်ပေးရသောဥစ္စာ ဖြစ်သောကြောင့် အားရ ခြင်းမ ရှိရ။
19 For he hath oppressed, hath forsaken the poor; he hath violently taken away a house that he did not build.
၁၉ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
20 Because he knew no rest in his craving, he shall save nought of what he most desired.
၂၀လောဘ မပြေ နိုင် သောကြောင့် ၎င်း၊ အလိုရှိ သော ဥစ္စာ တစုံတခု မျှ မကြွင်း ဆုံးရှုံး ရ လိမ့်မည်။
21 Nothing escaped his greediness; therefore his prosperity shall not endure.
၂၁သူ လုယူ ချင ်သော လောဘ လက်နှင့် အဘယ် အရာမျှ မလွတ် သောကြောင့်၊ သူ၏ စည်းစိမ် မတည်ရ။
22 In the fulness of his sufficiency he shall be in straits; every hand of the wretched shall come upon him.
၂၂ဥစ္စာကြွယ်ဝ စဉ် တွင်ပင် ဆင်းရဲ ခြင်းနှင့်တွေ့၍၊ အမျိုးမျိုး သော အမှုတို့သည် ရောက် ကြလိမ့်မည်။
23 It shall be that, to fill his belly, he will cast his fierce anger upon him, and will rain it upon him into his flesh.
၂၃သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။
24 If he have fled from the iron weapon, the bow of brass shall strike him through.
၂၄သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။
25 He draweth it forth; it cometh out of his body, and the glittering point out of his gall: terrors are upon him.
၂၅မြှားကိုနှုတ် လျှင် မိမိကိုယ်ထဲက ထွက် လာ၏။ အရောင် တောက် သောထားသည်သူ ၏ သည်းခြေ ထဲက ထွက် လာ၍၊ သူသည် မိန်းမော တွေဝေလျက် နေရ၏။
26 All darkness is laid up for his treasures: a fire not blown shall devour him; it shall feed upon what is left in his tent.
၂၆ခပ်သိမ်း သောဘေး တို့သည် သူ့ အဘို့ သိုထား လျက်ရှိကြ၏။ လူမ မွေး သောမီး သည် သူ့ ကိုလောင် လိမ့်မည်။ သူ ၏နေရာ ၌ ကြွင်း သမျှသောအရာတို့ကို လောင် လိမ့်မည်။
27 The heavens shall reveal his iniquity, and the earth shall rise up against him.
၂၇မိုဃ်းကောင်းကင် သည် သူ ၏အပြစ် ကို ဘော်ပြ ၍ ၊ မြေကြီး သည်လည်း သူ့ တစ်ဘက် ၌ ထ လိမ့်မည်။
28 The increase of his house shall depart, flowing away in the day of his anger.
၂၈သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။
29 This is the portion of the wicked man from God, and the heritage appointed to him by God.
၂၉ထိုသို့ သောဆုလပ် ကို ဘုရား သခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေ ဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏။

< Job 20 >